စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







2012 ဆူဇူကီးဖလားပြိုင်ပွဲ မြန်မာအသင်းကိုအားပေးကြစို့ 

     ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ လာမယ့် နိုဝင်ဘာ ၂၄ ရက်ကနေ ၃၀ ရက်နေ့အထိ ကျင်းပမယ့်၂၀၁၂၊ အာဆီယံ ချန်ပီယံရှစ် 2012 AFF SUZUKI Cup ပြိုင်ပွဲ

2012 AFF SUZUKI CUP



ကျနော်တို တနိုင်ငံလုံး စိတ်ပါဝင်စားစွာ မျိုးချစ်စိတ်ထက်သန်စွာ တမျိုးသား
လုံးကလည်း အားပေးကြလိမ်အုံးမယ်လို့ လည်းမြင်မိပါတယ်။

            မြန်မာအသင်း ဟေ လို့ ဆိုလိုက်တာနဲ မိဘ၊ပြည်သူ၊ဦးဦး၊ဒေါ်ဒေါ်၊လူကြီး၊လူငယ်။ကိုကို၊ မမ ခလေးပါမကျန်အောင် အထူးတလည်စိတ်ပါစင်စားကြတာလည်း ဘယ်သူဘယ်သူ ရဲ တိုက်တွန်းချက်မှမပါပဲ နဲ သမိုင်းကပေးတဲ သမိုင်းရေးတာဝန်တရပ်လို့ ယူဆထားကြတာပဲ မဟုတ်ပေဘူးလားဗျာ။ဘယ်အသင်းနဲတွေတွေ ဘယ်အသင်းနဲကန်ကန် တို့  မြန်မာအသင်းနိုင်ရမယ်
ဆိုတဲ စိတ်နဲ အားပေးခဲကြတာပါပဲ။

           အရင်အရင်နစ်တွေကနဲမတူ မြန်မာအသင်းကို အထူးတလည် တွေရမှာဖြစ်ပါတယ်။ အသင်းလိုက်ကစားပုံ တကိုယ်တော် ကျွမ်းကျင် မှူ ( skill ) ကစားသမားတွေရဲ နိုင်ငံကိုချစ်တဲစိတ်နဲ နိုင်ငံတာဝန်ထမ်းလို့  တနိုင်ငံလုံးကပေးတဲအောင်နိုင်လိုစိတ်တွေကိုထမ်းပိုးပြီး ကစားကြမယ့်ကစားသမာတွေကို ကိုရီးယား သား ပတ်ဆောင်ဟွာရဲ ဦးဆောင်မူအောက်မှာ
တိုးတက်လာတာလည်း မိဘပြည်သူများ သိခဲ့ပြီး အတိုင်းပါပဲဗျာ။

ကျနော်တို့  တချိန်က အာရှ တကျောမှာ ထင်ပေါ်ကျော်ကြားခဲတဲ အာရှ ကျားကြီး နိုးထဖို့် အချိန်တန်ခဲပါပြီ။

           အသင်းရဲအဓိက တိုက်စစ်မူးတွေ မပါဝင်နိုင်လို့  အင်အားနည်းမယ်လို့  ထင်ရပေမယ်။ နောက်ဆုံး ရွှေးခြယ်ခေါ်ဆောင်သွားခဲတဲ ၂၂ ယောက်သောကစား
သမားတွေဟာ လည်း ကျနော်တို့ မြန်မာနိုင်ငံကိုကိုစားပြု ပြီးကစားမယ် နိုင်ငံဂုဏ်ဆောင်နိုင်မယ် ကစားသမားတွေပါပဲဗျာ။

ခြေစစ်ပါတုန်းကခြေစွမ်းကို ဝေဖန်ခဲကြတယ်၊အကြံတွေပေးခဲကြတယ်၊ ကစားသမားတွေကိုတိုင်လည်း ပိုမို ပြီးကြိုးစားကြလိမ်မယ်ထင်ပါတယ်။

ဘယ်လိုပဲဆိုစေကာမူ မြန်မာဘောလုံးအသင်းဆိုတာနဲကို တခဲနက်အားပေး
ကြတဲ မြန်မာနိုင်ငံသူနိုင်ငံသားတွေကိုစား တောင်းဆိုချင်တာလေးတခုကတော့။

2012 AFF SUZUKI CUP
အာဆီယံချန်ပီယံဖြစ်ဖို့ မြန်မာအသင်းကိုအားပေးကြစို့ ။

post ( t h a )
 
 အိပ်ပျော်နေတဲ့ အာရှကျားကြီး နိုးထလာတော့မယ် ဆူဇူကီးဖလားပြိုင်ပွဲ
အားပေးလိုက်ကြရအောင်လားဗျာ။
 
 Admin PM
 
   .....................................................................................................................

      ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ လာမယ့် နိုဝင်ဘာ ၂၄ ရက်ကနေ ၃၀ ရက်နေ့အထိ ကျင်းပမယ့်၂၀၁၂၊ အာဆီယံ ချန်ပီယံရှစ် 2012 AFF SUZUKI Cup ပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းကို လာရောက်အားပေးမယ့်ထိုင်းနိုင်ငံက မြန်မာပရိသတ်တွေကို မြန်မာဘောလုံးအဖွဲ့ချုပ်က ပွဲကြည့် လက်မှတ်တွေ အခမဲ့ ဝေငှသွားမှာ ဖြစ်တယ်လို့  ကြေးမုံသတင်းစာမှာ ဖော်ပြထားပါတယ်။
      ကျွန်တော်ကတော့ (အိပ်ပျော်နေတဲ့ အာရှကျားကြီး နိုးထလာတော့မယ်) ဒီစာသားလေးနဲ့တင် စိတ်ဓါတ်တွေ တက်ကြွနေပြီ ။မြန်မာတိုရဲ့ မျိုးချစ်စိတ်ဓါတ် ထက်သန်ပုံကို ဘောလုံးပွဲးတွေမှာ ပိုသိသာ
ပါတယ်။ မြိုပေါ်တင်မက အနယ်နယ်အရပ်ရပ် ၊ကျေးလက်တောရွာ မကျန် TV ကနေကြည့်ရှူ အားပေးသံတွေ ကြားရင်သိနိုင်ပါတယ်ဗျာ။
 
့မြန်မာအသင်း အောင်နိုင်ပါစေ....
                                                                         လေးစားစွာဖြင့်    ....    မောင်မြင့်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...