ရက်လုပ်ပူဇော် မသိုးသင်္ကန်းဆက်ကပ်လှူဒါန်းပွဲတော်(မဟာမုနိဘုရားကြီးမြင်းကွင်းများ)
၁၃၇၄ ခု၊
တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့ညနေပိုင်းတွင် ကြိုဆိုရေးအက်ဒမင်
ဇွဲမာန်ဆီမှဖုန်းဆက် ခဲ့သည်။ နှစ်စဉ်ကျင်းပမြဲ ဖြစ်သည့်
မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၏(၂၃)ကြိမ်မြောက်မသိုးသင်္ကန်းတော် ရက်
လုပ်ပူဇော်ဆက်ကပ်ပွဲတွင်ဆုံကြရန်ဖြစ်သည်။
ဆုံဆည်းရာဆိုဒ်အက်ဒမင်များအနေဖြင့် မဟာမုနိဘုရားမသိုး
သင်္ကန်းတော်ဆက်ကပ်လှူဒါန်းပွဲပုံရိပ်များကို တင်ပြဖူးမျှော်
အများပူဇော်နိုင်ရန်ဖြစ်သည်။
ညပိုင်း ၇း၃၀
အချိန်ဇွဲမာန်(အင်းဝ)နှင့်ဘုရားပေါ်တွင်ဆုံကြသည်။
မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲသို့လာ ရောက်သူများကား
ကြိတ်ကြိတ်တိုးစည်ကားလှသည်။ ရက်ကန်းစင်များဖြင့် ရက်လုပ်နေကြသော ရက်ကန်းနှမ
လေးများကို သူ့ထက်ငါအပြိုင်အဆိုင်ရှေ့တိုးကြည့်ကြသည်။ ယခုကဲ့သို့
ရက်ကန်းခတ်နေကြခြင်းမျိုးကို မြင်ရဖို့ အလွန်ခဲယင်းသည်။ ကြည့်ချင်လျှင်
တောင်မြို့သို့တကူးတကသွားကြည့်ရသည်။
ဒါကြောင့်တစ်နှစ်မှတစ်ခါ
ကြုံတောင့်ကြုံခဲ အခွင့်ရေးကို မန္တလေးမြို့မှာနေထိုင်ခိုက် အရအမိသွားရောက်
ကြည့်ရှု့သဒ္ဓါပွားများခဲ့သည်။ ရက်ကန်းစင်များကို မဟာမုနိမဟာ
မရ၀ုဏ်ရင်ပြင်တော် အနောက်မြောက် ထောင့်နေရာတွင် ဆောက်လုပ်ထားသည်။
မြောက်ဘက်အစွန်ဆုံး ၀ါပင်အစစ်များကိုဆိုက်ခင်း သဖွယ်ပြုလုပ် ထားပြီး
ထိုမှအဆင့်ဆင့် ၀ါကြိတ်ခြင်း ဂွမ်းဖတ်ခြင်း ဂွမ်းလိပ်ခြင်း ဗိုင်းငင်ခြင်း
ချည်ချခြင်း ချည်နယ်ခြင်း ရက် ကန်းယက်ခြင်း ဆေးဆိုးခြင်း
ချုပ်ခြင်းများကို အစဉ်အတိုင်းပြုလုပ်ကြသည်။အားလုံးရက်ကန်းစင် (၆)စင်ဖြင့်
ရက်လုပ်ပူဇော်ကြသည်။
မသိုးသင်္ကန်းဟူသည် ရက်ကူးရက်ငင် မဖြစ်မနေအလျှင်ထုတ်ချောက်ပြီးမြောက်သည်ကို
မသိုးမပုတ် သည့်အစွမ်းကြောင့်မသိုးသင်္ကန်းဟုခေါ်ဆိုရသည်။ တစ်နေ့တည်း
အာရုဏ်မတက်မှီအပြီးအစီးရက်လုပ်လှူဒါန်း သောသင်္ကန်ဖြစ်သောကြောင့်မသိုးသင်္ကန်ဟု
ခေါ်ဆိုသည်။ သို့သော် မသိုးသင်္ကန်း၏မူရင်းမှာ ကထိန်သင်္ကန်း ပင်သည်။ ယနေ့
ရွှေတိဂုံစေတီတော် မဟာမုနိရုပ်ရှင်တော် စ သည့်အနယ်နယ်အရပ်ရပ်မှ
ဘုရားစေတီများတွင် တစ်ရက်တည်းဖြင့်ရက်လုပ်ပူဇော်နေကြသော မသိုးသင်္ကန်းသည်
တန်ဆောင်မုန်းလ၏အထိတရ ကထိန်လျှာ
မသိုးသင်္ကန်းကိုအတုယူရက်လုပ်ပူဇော်ကြခြင်းဖြစ်သည်။
ကထိန်မသိုးသင်္ကန်းဟူသည်မှာ သီတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့မှ
တန်ဆောင်မုန်းလ ပြည့်နေ့ တိုင်အောင်တစ်လကာလ အတွင်း၌သာခင်းရသော
ကထိန်သင်္ကန်းကိုမသိုးမပုပ်ခင် ကထိန်ခင်းခြင်းကိုဆိုလို သည်။ ဥပမာဆိုရသော်
ယနေ့ မနက်ချက်သော ထမင်းများကို ယနေ့ပင်စားမှအဆင်ပြေနိုင်သည် နောက်ရက်
ထိထားလျှင်သိုးပုပ်သွား၍ စားမရတော့ချေ စားလျှင်
အန္တရာယ်ဖြစ်နိုင်သည်။ဒါကြောင့်ထမင်းများကို မသိုးမပုပ်
ခင်ချက်သောနေ့မှာင်စားကြသကဲ့သို့ ကထိန်ခင်းမည့်ကထိန်လျှာသင်္ကန်းအား
အလှူရှင်ဒါယကာများမှ တစ်လ အတွင်း တစ်ရက်ရက်တွင်လှူဒါန်းလိုက်လျှင်
ထိုလှူဒါန်းသောနေ့၌ပင် သံဃာတော်များက သိမ်အတွင်းဝယ် ကထိန်ခင်းရမည်ဖြစ်သည်။
နောက်ရက်မှ ခင်း၍မရ နောက်ရက်မှခင်းလျှင်ကထိန်လျှာသင်္ကန်းသည်သိုးပုပ်သွား
သောကြောင့် ကထိန်မမြောက်ပေ ကထိန်မမြောက်သည့်အတွက်
ကထိန်အာနိသင်များကိုလည်းမရနိုင်တော့ ချေ။
ထို့ကြောင့် ယနေ့လှူသောသင်္ကန်းအား မသိုးမပုပ်သေးသည့် ယနေ့အချိန်၌ပင်လျှင်
ကထိန်ခင်းရခြင်း ကိုအကြောင်းပြု၍မသိုးသင်္ကန်းဟု
စတင်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
မူလအရင်းအမြစ်ကို ပြန်ကြည့်လျှင်မြတ်ဗုဒ္ဓ၏ မိထွေးတော်ပဇာပတိဂေါတမီ
သည်မြတ်စွာဘုရားအား တစ်နေ့တည်းကိုယ်တိုင်ဗိုင်းငင် ၀ါဖတ်ရက်လုပ်လျှက်
ပိတ်ချောအစုံကထိန်လျှာသင်္ကန်းကိုလှူဒါန်းခဲ့ကြောင်းအ ထောက်အထားကိုတွေ့ရသည်။
မဟာမုနိရုပ်ရှင်တော်မြတ်တို့တွင်လှူဒါန်းသောမသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲများမှာ
ထကိန်လျှာ သင်္ကန်းအတုယူလုပ်ခဲ့သည်မှာ ထင်ရှားပေသည်။
ထိုသို့အတုယူရက်လုပ်ပူဇော်ခဲ့ကြခြင်းမှာ ´´သဒ္ဓါမကျိုး၊ မသိုးသင်္ကန်း၊
လှူရွှင်လန်းလျက်၊ ရဟန်းသံဃာ၊ အရိယာအား၊ ပရိက္ခရာရှစ်စုံ၊ရွှေစည်းခုံဝယ်``
ဆိုသည့် အင်းဝ ခေတ် ဆီဆည်ရွားစား ဦးအောင်ကြီး၏
တန်ဆောင်မုန်းလဖွဲ့ကိုကြည့်သောအားဖြင့် အင်းဝခေတ်တွင် မသိုးသ
င်္ကန်းရက်လုပ်လှူဒါန်းကြောင်း တွေ့ရသည်။ ပုဂံခေတ်နှင့်
ကုန်းဘောင်ခေတ်များတွင် ရှင်ဘုရင်များကိုယ်တိုင် ကွပ်ကဲ
ရက်လုပ်လှူဒါန်းကြကြောင်းလည်းတွေ့ရပေသည်။
မည်သို့ပင်ဆိုစေကာမူ
ဘုရားတွင်သင်္ကန်းလှူခြင်းကားထူးကဲမွန်မြတ်သောအကျိုးတရားတို့ ရရှိနိုင် သည်။
မသိုးသင်္ကန်းလှူဒါန်းသောသူမှာ ``ရွှေသို့အဆင်း၊ မြူကြေးကင်း၍၊
ရောင်းဝင်းစုံဝ၊ ထွန်းလင်းပ၏၊ မက သိန်းဖိုး၊ ပုဆိုးရလေး၊ညိုရွှေဖြူနီ၊
ဤနှစ်လည်သည်၊ကျမ်းညီသင်္ကန်းလှူကျိုးတည်း´´ဟူသည့်အကျိုးတရားတို့
ရရှိခံစားနိုင်သည်။
ကျွန်တော်တို့သည် သူအုပ်ကြားသို့မရမကတိုးရင်း
ဓါတ်ပုံကောင်းများရှိရန်ကြိုးစားကြသည်။စိတ်တိုင်း ကျရိုက်ပြီးသောအခါ
မဟာမုနိရှင်မာလဲ စေတီတော်ဘက်သို့ သွားကြသည့်၊ရှင်မာလဲ စေတီတော်တွင် ကြာပု
တီးများ ကြားပန်းများ ကိုအလုအယက်ဝယ်လှူသူများ အလွန်စည်ကားပေါများလှသည်။
လှပသည့်ကြာပန်းများ လမ်းပေါ်နှင့် စေတီရင်ပြင်တစ်လျှောက်ကြဲပြန့်နေတယ်။
လိုရာဆုများကိုတောင်း၍ စေတီတော်ပေါ်သို့ ကြာပန်း
များပေါက်တင်လှူကြသူတွေလည်းပေါလှသည်။ ဟိုကခင်များကဆို
တစ်ဦးနှင့်တစ်ဦးကြာပန်းပေါက်၍စနောက် ကြည်ဇယ်ကြကြောင်း သိရသည်။
ကြာပုတီးလေးများကို ၀တ်ဆင်းမြန်းထားကြသည့်ကလေးငယ်လေးများက လည်းအလှပိုသည်။
ရှင်မာလဲ ဘုရားပွဲနှင့် မဟာမုနိ
မသိုးသင်္ကန်းကပ်လှူပူဇော်ပွဲမှာတိုက်ဆိုင်နေသောကြောင့်
မသိုးသင်္ကန်းရက်လုပ်ပူဇော်သည်ကို သဒ္ဓါပွားရင်း
ရှင်မာလဲဘုရားကြားပန်းပေါက်ပွဲနှင့် ကြာပန်းလှူဒါန်းပွဲကို
လည်းတပျော်တပါးကုသိုလ်ပွားနိုင်သည်။
ထိုဘုရားဘေးတွင် လပြည့်နေ့၌ဘေးမဲ့ပေးမည့်
နွားသားမိသားဖလေးကောင်ကိုလည်းတွေ့ရသည်။ နွားများကို လှပစွာ
တန်ဆာဆင်မြန်းပေးထားသည်မှာ ကြည်နူးဝမ်းမြောက်ဖွယ်ကောင်းလှသည်။ ဘုရားနှင့်
မလှမ်းမကမ်းနေရာတွင် ပျော်ပွဲရွှင်ပွဲ တီးဝိုင်းများကလည်း
စည်းဝါးသံမြိုင်လှသည်။ မဟာမုနိဘုရားကြီးညဈေး
တန်းမှာလက်မလယ်ရောင်ရောင်းအားတွေကောင်းနေကြပြန်သည်။
ဘာပဲဖြစ်ဖြစ်ယနေ့အဖို့
စာရေးသူပျော်ရွှင်ကြည်နူးအားရနှစ်သက်မိသည်။ထူးမြတ်ပူဇော် မသိုးသင်္ကန်း
ရက်လုပ်ပူဇော်ပွဲတော်နှင့်မဟာမုနိဘုရားပရ၀ုဏ်ကပ်လျှက်ရှိသောရှင်မာလဲစေတီတော်ဘုရားပွဲတော်သို့
ကိုယ် တိုင်သွားရောက်ဖူးမျှော်ကြည်ညိုခွင့်ရပြီး ကျွန်တော်ချစ်သော
စာချစ်သူ
များကိုလည်းပုံများနှင့်တကွတင်ပြပေး လိုက်ရသောအကြောင်းကြောင့်ပင်။
ပီတိ(ပေကြီး)
ဝါပင်များ
ဝါခင်းများ












ဆေးဆိုးခြင်း


ချုပ်လုပ်ခြင်း









No comments:
Post a Comment