စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







Apple ကပြောသော iPhone 5 အချက်အလက်များ


The new iPhone 5 ကို စက်တင်ဘာလ ၁၂ ရက်က အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမှာ ထုတ်ဖော်ပြသပြီး ပါဝင်လာမယ့် အသေးစိတ်အချက် အလက်များကို Apple အဖွဲ့ မှ ယခုလို ရှင်းလင်းဖော်ပြထားပါတယ်။

အထူ၊ အတိုင်းအတာ၊ အသွင်အပြင်၊ အလေးချိန်

၇.၆ မီလီမီတာ ထူတဲ့အတွက် ယခင်က iPhone 4S ထက် ၁၈ ရာခိုင်နှုန်း ပါးသွားတယ်လို့ ဆိုပါတယ်။ Display အရွယ်အစားက ၃.၅ လက်မတွေချည်း ထုတ်လုပ်ခဲ့ရာမှ ယခု ၄လက်မ ဖြစ်သွားပါတယ်။ ဒီတော့ Homepage မှာ icon တွေကို role ငါးခုအထိ ပြသနိုင်တယ်လို့ ဆိုပါတယ်။ အလူမီနီယမ် နဲ့ ဖန် နှစ်မျိုးတည်းသာ အသုံပြုပြီး တည်ဆောက်ထားပါတယ်။ Apple ရဲ့  top ကွာလတီ ပစ္စည်းတွေချည်း အသုံးပြုတယ်လို့ ဆိုပါတယ်။ အလေးချိန် ကတော့ ၁၁၂ ဂရမ်ဖြစ်ပြီး iPhone 4S ထက် ၂၀ ရာခိုင်နှုန်း ပေါ့သွား ပါတယ်။

Display

Display resolution က ၁၁၃၆x၆၄၀, ၃၂၆ ppi ရှိတယ်လို့ ဆိုပါတယ်။ Retina Display ကိုအသုံးပြုထားတဲ့အတွက် The new iPad လိုပဲ မျက်နှာပြင် ကျယ်ကျယ်မှာ ရုပ်ထွက် ကြည်လင်နေမှာ ဖြစ်ပါတယ်။ စမတ်ဖုန်းတွေထဲမှ အဆူးရှအတောက်ပဆုံး မျက်နှာပြင်ရှိသူလို့ Apple တို့က ပြန်အမွမ်း တင်ထားပါတယ်။ iPhone 4S ထက် ၄၄ ရာခိုင်နှုန်းပို လင်းပြီး နေရောင် ဒါရိုက်ထိုးရင်တောင် အဆက်အပျောက်မပေါ်ဘူးလို့ ဆိုပါတယ်။

Networkd Connectivity

LTE wireless နည်းပညာ Network ကိုအသုံးပြုတယ်လို့ဆိုပါတယ်။ 4G mobile ဂိမ်းတွေကို iPhone 5 နဲ့တောင် ဆော့နိုင်ပြီလို့ Apple ကကြေညာ ပါတယ်။သို့ပေမယ့် ယင်း LTE Network ကနိုင်ငံကြီးအချို့ တွေမှာသာ အသုံးပြုလို့ ရနေပါသေး တယ်။ Wi Fi Speed က 150mbps အထိတောင် မြင့်မားလာပါတယ်။

Processor

A5 တုန်းက ချီးမွမ်းခဲ့သလို A6 ရဲ့ လုပ်ဆောင်ချက်လည်း မကဲ့ရဲ့ နိုင်ပါဘူး။ A5 ထက်တောင် လုပ်ဆောင်ချက်က ၂ ဆ ပိုပြီး ၂၂ ရာခိုင်နှုန်း ပိုအရွယ်ငယ်သွားပါတယ်။ iOS 6 မှာ Application တွေကောင်းကောင်း အသုံးပြုနိုင်အောင် A6 chip ကအကောင်းဆုံး စွမ်းဆောင်ပေးနိုင်တယ်လို့ သိရပါတယ်။

iOS 6

iOS 6 ရဲ့ ထူးခြားမှုများက ယခင်က ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ iOS 6 ကို iTunes က Apple user များအခမဲ့ Download ဆွဲနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ iOS 6 အကြောင်းကို ယခု Link မှာ ဝင်ရောက်ဖတ်ရှုနိုင် ပါတယ်။

https://www.facebook.com/photo.php?fbid=339979426093692&set=a.2...

ကင်မရာ

iPhone 4S တုန်းက 8 megapixel ဆိုတော့ ယခုတစ်ခါ Pixel မြင့်မားသွား မယ်လို့ ထင်ခဲ့ပေမယ့် မှားယွင်းသွားပါတယ်။ 8 megapixel သာပြန်လည် အသုံးပြုထားပါတယ်။ သို့ပေမယ့် လုပ်ဆောင်ချက်ကတော့ မြင့် တင်လိုက်ပါတယ်။ ဘယ်လိုနေရာတွေမှာလည်း ဆိုတော့ Photo capture မှာ ၄၀ ရာခိုင်နှုန်း မြန်ဆန်လာတာမျိုး၊ Facetime camera မှာ HD ထောက် ပံ့ပေးတာမျိုး၊ Panorama Picture အတွက် ၂၈ megapixel မြင့်တင်ပေးနိုင် တာမျိုး တို့ ဖြစ်ပါတယ်။ အလင်းရောင် သိပ်မရှိရင်တောင် Low light mode မှာ ရုပ်ထွက်ကောင်းကောင်း ရိုက်ကူးနိုင်တယ်လို့ ဆိုပါတယ်။ ဗီဒီယိုရိုက်ဖို့ အတွက်ဆို ရင်တော့ 1080 p capableဖြစ် တဲ့အတွက် HD resolution ရနိုင်ပါတယ်။

ရှေ့ က ကင်မရာ အသုံးပြုမှု အဓိကကတော့ Vedio chat, Facetime စတဲ့ funcation တွေအသုံးပြုဖို့ပဲ ဖြစ်ပါတယ်။ ဒီော့ 720p သာ ထောက်ပံ့ပေး ထားပါတယ်။ BSI sensor ပါရှိလာပြီး မျက်နှာပြင်နဲ့ Lock ချတဲ့ detection စနစ်လည်းပါဝင်ပါတယ်။ video stabilization မှာလည်း မြင့်တင်ထားပြီး 4G မှာတောင် high resolution ဗီဒီယို call လုပ်နိုင်တယ်လို့ သိရပါတယ်။

Storage

MicroSD ကဒ်ထည့်လို့မရပါဘူး။ သို့ပေမယ့် built in မှာ 16GB, 32GB, 64GB အစရှိသဖြင့် သုံးမျိုးထုတ်လုပ်ထားပါတယ်။

ဘက်ထရီ

LTE, A6 processor တွေ အားများများထုတ်ပေးတဲ့ ဘက်ထရီလိုအပ် ပါတယ်။ ဒါကြောင့် 3G မှာဆိုရင် ၈နာရီ ခံပြီး Stanby မှာ ၂၂၅ နာရီ ထည့်ပေးထားတဲ့အတွက် iPhone 4S ထက် ပိုများသွားပါတယ်။

Audio

wide band audio မှာ ဆူညံဆူညံ မဖြစ်အောင် အသံထိန်းပေးမယ့် noise cancelling ear piece ပါဝင်မှာ ဖြစ်ပါတယ်။

dock connector

၂၀၀၃ ခုနှစ်ကနေ ယနေ့အတိုင် အသုံးပြုနေတဲ့ dock connector ပြောင်း လဲသွားပါပြီ။ သူ့ကို Lighting လို့အမည်ပေးထားပြီး ၈၀ ရာခိုင်နှုန်း အရွယ်ငယ်သွားတယ်လို့ဆိုပါတယ်။ ပင် ၃၀ နေရာမှာ ပင် ၈ချောင်းအစား ထိုးပေမယ့် ယခင် accessories များခေတ်ကုန်မသွားဘူလို့လည်း Apple က ပြောဆိုထားပါတယ်။

Relese Date

စက်တင်ဘာလ ၂၈ ဆိုရင်တော့ ကမ္ဘာ့နိုင်ငံကြီးပေါင်း ၂၀ ကျော်မှာ အလွယ်တကူ ရရှိနိုင်ပြီလို့ ဆိုပါတယ်။ အင်္ဂလန်တို့မှာဆိုရင် စက်တင်ဘာ ၂၁ မှာ စတင်ဝယ်ယူနိုင်ပြီလို့ သိရပါတယ်။

ဈေးနှုန်း

နိုင်ငံတကာ ဝဘ်ဆိုဒ်တော်တော်များများ က နှစ်နှစ်စာချုပ်နဲ့ဖြစ်တဲ့ အတွက် ဈေးနှုန်းကို မြန်မာပြည်အတွက် ဖော်ပြလို့မရသေးပါဘူး။ UK ဆိုက်တစ်ခုမှာဆိုရင် ဗြိတိန်ပေါင် ၅၂၉ လို့ဖော်ပြထားပါတယ်။ ဒီတော့ မြန်မာငွေနဲ့တွက်လိုက်ရင် ၇ သိန်း ၄သောင်း ဝန်းကျင်ရှိပါတယ်။ ဒါက အနီးစပ်ဆုံး ဖြစ်ပါတယ်။ သို့ပေမယ့် အမှန် တကယ် မြန်မာပြည်ဈေး ကွက်ကို စတင်ရောက်ရှိ တဲ့အခါ ဈေးနှုန်းပိုနိုင်ပါသေးတယ်။
----
Ref: Apple
Aung Kham (TSJ team)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...