စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သဉ္စိုဝ်းငရဲနှင့် ကာဠသုတ်ငရဲ အကြောင်း


သဉ္စိုဝ်းငရဲ
“သဉ္စိုဝ်” ဟူသောပါဠိကို မြန်မာလို “သိဉ္စိုး”ဟု ပြန်ထာသည်။ “သံ = အဖန်ဖန် + ဇိဝ = အသက်ရှင်ရာငရဲ” ဟုဆိုလိုသည်။ ထိုငရဲသို့ ကျရောက်လာသော သတ္တ၀ါကို ငရဲထိန်းတို့က အပိုင်းပိုင်းပြတ်အောင် ခုတ်ဖြတ်ကြ၏။ ထိုကဲ့သို့ ခုတ်ဖြတ်ကြသည့်အတွက် တစ်ခါတည်းသေစရာပင်။ သို့သော် အကုသိုလ်ကံ မကုန်သေးသမျှ တစ်ခါတည်း သေကြေပျောက်ပျက်မသွားဘဲ ထပ်ကာထပ်ကာ အသက်ရှင်လျက် ငရဲထိန်တို့၏ ခုတ်ဖြတ်မူ သတ်ပုတ်မူကိုသာ ပြင်းစွာခံကြရရှာလေသည်။ အကုသိုလ်ကံ၏ ကြောက်ဖွယ်ကောင်းပုံသည် ငရဲ၌ သာ၍ ထင်ရှားပေသည်။

ဇလိတာဝုဓဟတ္ထေဟိ၊ ခဏ္ဍိတာပိ နေရယိကာ။
ဇီဝန္တာ ယမှိ ပုနောပိ၊ သဉ္စီဝေါတိ ပ၀ုစ္စတေ။
ယမှိ နိရယေ၊ ကံကြမ္မာရင်း ဖန်လာညှဉ်းက မကွင်းနိုင်အောင် အတင်းဆောင်လျက် သွင်းလှောင်ပိတ်ဆီး အကြင်သို့သော ငရဲကြီး၌။ နေရယိကာ၊ အမြဲအစွဲ အနဲနဲဖြင့် တသဲသဲဆူ ငရဲသူတို့သည်။ ဇလိတာဝုဓဟတ္ထေဟိ၊ ပြောင်တလက်လက် အရောင်ထွက်သည့် လက်နက်ကိုင်စွဲ ငရဲထိန်းကြီးတို့က။ ခဏ္ဍိတာပိ၊ သေလောက် ကြေလောက် အနေရောက်အောင် တောက်တောက်ဖြတ်စဉ်း သတ်ညှဉ်းပါကုန်သော်လည်း။ ပုနောပိဇီဝန္တာ၊ အကုသိုလ်ကံ မကုန်ပြန်လျှင် တစ်ဖန်ဆက်တည် အသက်ရှည်ကြရလေကုန်၏။ သော နိရယော၊ သို့ကလိုကံ မကုန်ပြန်လျှင် တစ်ဖန်ဆက်တည် အသက်ရှည်ရိုး ငရဲအိုးကို။ သဉ္စီဝေါတိ၊ သိဉ္စိုးငရဲဟူ၍။ ပ၀ုစ္စတေ၊ ဗျုပ္ပတ်အလိုက် ရုပ်ဓာတ်ကိုက်အောင် သမိုက်အပ်လေတော့သတည်း။

ကာဠသုတ်ငရဲ
သစ်တုံးကို ရွေသော လက်သမားတို့ အသုံးပြုသော မျဉ်းကြိုးကို ပါဠိလို “ကာဠသုတ္တ” မြန်မာလို “ကာဠသုတ်” ဟုခေါ်သည်။ ထိုငရဲသို့ ကျရောက်လာသော သတ္တ၀ါများကို ငရဲထိန်းတို့က (သားကောင်ကို ခွေးတွေလိုက်သလို) အတင်းလိုက်ကြ၏။ ထိုသို့အတင်းလိုက်၍ မောဟိုက်သွားသည့်အခါ (သစ်တုံးကြီးကို သစ်ရွေသမားတို့က ခုတ်ရွေကြသကဲ့သို့) ကျကျနန မျဉ်းကြိုးချ၍ ပက်လက်တစ်မျိုး၊ မှောက်လျက်တစ်မျိုး၊ ၀ဲယာတစ်မျိုး၊ ရှေ့နောက်တစ်မျိုးအားဖြင့် အမျိုးမျိုး ခုတ်ရွေကြလေတော့သည်။ သို့သော် အကုသိုလ်ကံ မကုန်သေးသမျှ လွတ်ခွင့်မရ။ သေလည်းမသေနိုင်ကြ။

ကာဠသုတ္တေန တစ္ဆန္တိ၊ ယမှီ နိရယပါလကာ။
အနုဗန္ဓာ ပ ပတန္တေ၊ ကာဠသုတ္တော ပ၀ုစ္စတေ။
ယမှိ နိရယေ၊ ကံကြမ္မာရင်း ဖန်လာညှဉ်းက မကွင်းနိုင်အောင် အတင်းဆောင်လျက် သွင်းလှောင်ပိတ်ဆီး အကြင်သို့သော ငရဲကြီး၌။ နိရယပါလကာ၊ ပြောင်တလက်လက် အရောင်ထွက်သည့် လက်နက်ကိုင်ဆွဲ ငရဲထိန်းကြီးတို့က။ အနုဗန္ဓာ၊ သားကောင်တစ်သိုက် ခွေးတွေလိုက်သို့ ရိုက်နှက်သတ်ညှဉ်း အတင်းလိုက်အပ်ကုန်သည်ဖြစ်၍။ ပ ပတန္တေ၊ ဟော တဟိုက်ဟိုက် အမောဆိုက်လျက် မူးမိုက်လဲငြား ငရဲသားတို့ကို။ ကာဠသုတ္တေန၊ သစ်ရွေးသမား လက်ကိုင်ထားလျက် သစ်များတိုင်းရိုး တမျဉ်းကြိုးဖြင့်။ တစ္ဆန္တိ၊ တိုင်းကာထက်အောင် ပက်လက်မှောက်၍ ရှေ့နောက်ရူပ်ပွေ ခုတ်ရွေကြလေကုန်၏။ သော နိရယော၊ သို့ကလိုကံ မကုန်ပြန်လျှင် ဖန်ဖန်ရူပ်ပွေ ခုတ်ရွေကြရိုး ငရဲအိုးကို။ ကာဠသုတ္တောတိ၊ ကာဠသုတ် ငရဲဟူ၍။ ပ၀ုစ္စတေ၊ ဗျုပ္ပတ်အလိုက် ရုပ်ဓာတ်ကိုက်အောင် သမိုက်အပ်လေတော့တည်း။

အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...