စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သင်ချစ်သော ကွန်ပြူတာ အသက်ရှည်အောင် လုပ်ပေးပါ

ကိုးကားသမျှလေးကို ရိုးရိုးသားသား တင်ပြလိုက်ပါသည် လေးစားလျက် (လမင်း)
သင်ချစ်သော ကွန်ပြူတာ အသက်ရှည်အောင် လုပ်ပေးပါ
မူရင်းလင့် ( http://www.voiceofdaegu.org )
ကွန်ပြူတာတစ်လုံးမှာ Hard disk လေးကောင်းနေဖို့က အရေးကြီးပါတယ် ( သူပြောမှလားနော် ) ၊
ကွန်ပြူတာ အသစ်တွေမှာ သိပ်ပြီး မသိသာသေးပေမယ့် သုံးလာတာ တော်တော်လေးကြာ သွားပြီဆိုရင်တော့ Hard disk အပိုင်းကို ပြုပြင် ထိန်းသိမ်းပေးဖို့ လိုအပ်ပါတယ် ၊
VCD အချပ်တွေ မှာ အိုဟောင်းလို့ဖြစ်စေ ၊ အစင်းရာ အခြစ်ရာ တွေ ရှိနေရင်ဖြစ်စေ ဖွင့်ကြည့်တဲ့အခါ အရုပ်တွေ အသံတွေဟာ တုန်တာမှုန်တာ ဆက်မဆွဲတာတွေ ဖြစ်တတ်တယ် မဟုတ်လား ၊
အဲလိုပါပဲ ကွန်ပြူတာထဲက Hard disk ဟာလဲ သုံးတာကြာလာရင် ၊ File စနစ်နဲ့ Electronic လုပ်ဆောင်မှုအပိုင်းမှာပါ အမှားလေးတွေ ရှိလာတတ်ပါတယ် ၊ bad sector လေးတွေ ပေါ်လာတတ်ပါတယ် ၊
အဲဒီအမှားရှိတဲ့နေရာဟာ မှတ်သားမှုတွေ ကွန်ပြူတာဆိုင်ရာ အချက်အလက် ကူးပြောင်းပေးပို့မှုတွေ မလုပ်ဆောင် နိုင်တော့ပါဘူး ၊ ဒါကြောင့်မို့ hard disk ရဲ့ free space နည်းလာတယ် ၊ ကွန်ပြူတာက မကြာမကြာ ကြောင်လာတတ်ပါတယ် ၊
နောက်ဆုံး bad sector တွေ အရမ်းများလာပြီဆိုရင်တော့ hard disk ကြွသွားတော့တာပါပဲ ၊ System မတက်တော့ပဲနဲ့ hard disk လဲရတဲ့ကိန်း ဆိုက်ရောပေါ့ ၊ အဲလိုမဖြစ်အောင် ကျနော်တို့ ကြိုတင်ကာကွယ်လို့ရပါတယ် ၊
hard disk မှာ အမှားလေးတွေ ကင်းတဲ့အခါ သုံးရတာလဲ စိတ်အေးချမ်းသာ ဖြစ်ရတာပေါ့ ၊ disk check ကို မကြာမကြာ လုပ်ပေးဖို့ မလိုအပ်ပါဘူး ၊ လချီပြီးကြာမှ တစ်ခါ တစ်ခါ လုပ်ပေးရင်ကိုပဲ ကောင်းပါပြီ ၊ ဒါပေမယ့် နှစ်ချီပြီးကြာတာတောင် ကျနော်တို့ မလုပ်ဖြစ်ကြဘူးလေ.. ဟုတ်တယ်မို့လား
ခန့်မှန်းခြေ ၁၅ မိနစ်ကနေ မိနစ် ၃၀ လောက် အချိန် ရမှသာ လုပ်ပါ ၊
အေးအေးဆေးဆေး ရှိတဲ့အချိန်ပေါ့ လုပ်နေတာကို ဖြတ်ပြီး cancel လုပ်လိုက်ရင် drive letter မပေါ်တာ ၊ စက်ကြောင်တာ ၊ boot မတက်တာတွေ ဖြစ်တတ်ပါတယ် ၊
ပြီးအောင်စောင့်ဖို့ စိတ်ရှည်ပြီး အချိန်ရမှသာ လုပ်ပါ ၊ bad sector တွေကို စစ်တာက အချိန်ပိုကြာပါတယ် ၊ ဒါပေမယ့် အမှားတွေရှိခဲ့ရင် ပြင်လိုက်လို့ free space တွေလည်း တိုးလာမှာဖြစ်ပါတယ် ၊ အသစ်အဆန်း မဟုတ်ပေမယ့် တကယ်အသုံးဝင်တယ်လို့ ယူဆတဲ့အတွက် ရေးလိုက်တာပါ ။
(၁) My computer ကိုနှိပ်ပါ
(၂) စစ်ဆေးမယ့် drive ပေါ်ကို right click လုပ်ပြီး properties ကိုရွေးပါ
(၃) Tools ဆိုတဲ့ tab အောက်ကိုရွှေ့ယူပါ ၊ မူလက General အောက်မှာ ရှိနေတာများတယ် ၊ Error-checking ဆိုတဲ့ အပိုင်းလေးက Check now ကို ကလစ်လုပ်ပါ ၊ Windows မှာ Password ထားရင်တောင်းမယ် ဖြည့်လိုက်ပြီး confirm လုပ်ပါ ၊ Check disk options ဆိုတဲ့ box လေးကျလာမယ် ၊
(က) Automatically fix file system errors ကို select လုပ်ပါ ၊ အဲဒါက file စနစ်အမှားတွေကို ပြင်ပါလိမ့်မယ်
(ခ) Scan for and attempt recovery of bad sectors ကိုလည်း select လုပ်ပါ ( မူလက select ရှိမနေပါဘူး ) ၊ အဲဒါက hard disk ရဲ့ physical error ဖြစ်တဲ့ စက်ပိုင်းဆိုင်ရာ အမှားတွေကို ပြင်မှာပါ
အနှစ်ချုပ်ကတော့ နှစ်ခုလုံးကို select လုပ်ပေးတာက ပိုကောင်းပါတယ်
(၄) Start ကို နှိပ်ပါ ၊ ဒီအောက်မှာ နှစ်ပိုင်းခွဲပြီး ပြောပါဦးမယ်
(က) Windows System ထည့်မထားတဲ့ drive ဆိုရင် တစ်ခါတည်း စစ်ပြီး ပြင်ပေးပါတယ် ၊ အဲဒီ drive ဟာ သုံးနေတယ် ၊ ဥပမာ.. အဲဒီအထဲက သီချင်းကိုဖွင့်နေတာ ၊ ဒေါင်းလုပ်ဆွဲနေတာမျိုးရှိရင် တစ်ခါတည်း အလုပ်မလုပ်ပါဘူး ၊ စစ်နေပြင်နေတဲ့ အချိန်မှာ အလုပ်တွေအားလုံး ရပ်ထားတာကောင်းပါတယ် ၊
(ခ) Windows system ရှိနေတဲ့ C drive ကို လုပ်မယ်ဆိုရင် လောလောဆယ် Windows ကိုခေါ်ပြီး သုံးနေတာဖြစ်လို့ boot time scan လုပ်ဖို့ reschedule the check for the next time you restart your computer ဆိုပြီး မေးပါလိမ့်မယ် ၊ reschedule လုပ်လိုက်ပြီး ကွန်ပြူတာကို restart လုပ်ပါ ၊ ချက်ခြင်း restart မလုပ်လည်းရပါတယ် ၊ နောက်တစ်ခါ boot လုပ်တဲ့အခါ disk check လုပ် အမှားပြင်ပြီးတဲ့အခါမှသာ Windows system ပြန်တက်လာပါလိမ့်မယ် ၊ သုံးလို့ရပါပြီ ။
Command prompt ကို admin right ယူပြီးဖွင့် chkdsk/f ဆိုပြီးရိုက် enter ခေါက် .. အဲလို geek ဆန်တဲ့ နည်းလေးတွေလဲ ရှိသေးတယ်.. ဒီတစ်ခါတော့ geeky trick လေးတွေ နားထားလိုက်ပါဦးမယ်နော်..
လူတိုင်းရဲ့ဘ၀မှာ အမှားလေးတွေကင်းပြီး ပျော်ရွှင်နိုင်ပါစေ ၊ အမှားလေးတွေ ရှိခဲ့ရင်လည်း အမှန်ကို ချောမွေ့စွာနဲ့ ပြင်ဆင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်..

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...