စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အမျိုးသားများအတွက် ဆံပင်ကျွတ်မှု ဖြေရှင်းနည်းများ

By Good heath
Like This Page · Yesterday


**ဆံပင်ကျွတ်ရသော အကြောင်းရင်းနှင့် ထိန်းသိမ်းပုံ**


အမျိုးသားအများစု ဆံပင်ကျွတ်ပြီး ထိပ်ပြောင်နေသူများရဲ့ ၉၅ ရာခိုင်နှုန်းလောက်ဟာ မျိုးရိုးဗီဇကြောင့် ဆံပင်ကျွတ်ပြီး ထိပ်ပြောင်နေရခြင်း ဖြစ်ပါတယ်။
ဆေးကုသမှု ခံယူနေရတဲ့သူတွေ၊ ဗီတာမင်အေ လွန်ကဲတာနဲ့ ပရိုတင်းဓာတ် မလုံလောက်သူတွေမှာ ဆံပင်ကျွတ်တတ်ကြပါတယ်။

နာမကျန်းဖြစ်တာနဲ့ ဖိစီးမှုတွေကလည်း ဆံပင်ကို ဆုံးရှုံးစေတဲ့ အကြောင်းရင်းတွေထဲမှာ ပါဝင်နေပါတယ်။ လေ့လာမှုတွေအရ အသက် ၅၀ ကျော် အမျိုးသားများတွင် ရာခိုင်နှုန်း ၈၀ ကျော်အထိ ဆံပင် ကျွတ်လာတတ်ကြပါတယ်။ တချို့ဆိုရင် အသက် ၂၀ ကျော်ကတည်းက ဆံပင်ကျွတ်တဲ့ ပြဿနာကို ရင်ဆိုင်ကြရတတ်ပါတယ်။



* ဆံသားကို ကြမ်းတမ်းစွာ ကိုင်တွယ်ခြင်း။

ခေါင်းမကြာခဏ ဖြီးတာ၊ ဆံပင်ကို လက်နဲ့ ခဏခဏ ပွတ်သပ်တာ၊ ဆံပင်ကို စည်းနှောင်တာနဲ့ ဆံပင်ပုံစံအမျိုးမျိုး ပြောင်းလဲတာတွေကြောင့် ဆံပင်ဆုံးရှုံးမှုတွေ ဖြစ်တတ်ပါတယ်။ ဆံသားကို ကြမ်းတမ်းစွာ ပွတ်သပ်တာကြောင့် ဆံသားပျက်စီးစေတတ်ပါတယ်။

* ဆေးလိပ်သောက်ခြင်း။

လေ့လာမှု အမျိုးမျိုးတွေအရ ဆေးလိပ်သောက်တာနဲ့ ဆံပင်ကျွတ်တာဟာ ဆက်စပ်မှု ရှိတယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။ သင်က ဆေးလိပ်သောက်တတ်သူ ဖြစ်နေပြီး ဆံပင်လည်း ကျွတ်လေ့ ရှိနေတယ်ဆိုရင် ဆေးလိပ်သောက်တာကို ရပ်လိုက်ပါ။
ဆေးလိပ်သောက်တာကြောင့် အရေးကြောင်းဖြစ်တာနဲ့ အရွယ်မတိုင်ခင် အိုမင်းမှုကို ဖြစ်စေပါတယ်။

* ဆံပင်ကို ဂရုစိုက်မှု မရှိခြင်း။

အမျိုးသားတချို့က ဆံပင်နဲ့ ဦးရေပြားကို ဂရုစိုက်မှု နည်းတတ်ကြပါတယ်။ သင့်ဆံပင်က ဘယ်လိုပုံစံလဲ။ ဦးရေပြား ခြောက်သွေ့သူလား၊ အဆီပြန်သူလား၊ ပုံမှန်လား ဆိုတာကို သိထားတတ်တဲ့သူ ရှားပါတယ်။ ဒါကြောင့် သင့်ဆံပင်ပုံစံနဲ့ လိုက်ဖက်တဲ့ ခေါင်းလျှော်ရည်ကို ရွေးချယ်ဖို့ မသိတတ်ကြပါဘူး။ သင့်အတွက် သင့်ဆံပင်ပုံစံကို သိဖို့ အခက်အခဲ ရှိနေရင် အောက်ပါအချက်တွေကို လေ့လာကြည့်ပါ။


သင့်ဆံပင်ပင်ပုံစံ
=========

ခေါင်းလျှော်ပြီး နောက်တစ်ရက်မှာ သင့်ဆံပင်တွေက ခြောက်သွေ့ ဖွာလန်နေတာမျိုး နောက်တစ်ရက်တောင် မဟုတ်ဘဲ ခေါင်းလျှော်ပြီးချိန်မှာ ခြောက်သွေ့ကြမ်းတမ်းနေတာမျိုးဆိုရင် သင့်ဆံပင်ဟာ ခြောက်သွေ့တဲ့အထဲမှာ ပါပါတယ်။ ဒီလို မဟုတ်ဘဲ ဆံပင်သားဟာ ခေါင်းလျှော်ပြီးချိန်မှာ ပုံမှန်ဖြစ်နေပြီး နောက်တစ်ရက်မှာတော့ စေးကပ်နေတယ်ဆိုရင် အဆီထွက်တတ်တဲ့ ဦးရေပြားကို ပိုင်ဆိုင်ထားတာပါ။ ဘယ်လိုမှ ပြောင်းလဲမှု မရှိတဲ့ ဆံသားကတော့ ပုံမှန် ဦးရေပြားကို ပိုင်ဆိုင်ထားတာပါ။
ဒါ့အပြင် သင့်ဆံသား အထူအပါးပေါ်မူတည်ပြီး ခေါင်းလျှော်ရည်ကို ရွေးချယ် အသုံးပြုပေးပါ။


* ကျန်းမာတဲ့ နေထိုင်မှုပုံစံ ရှိပါစေ။

အမျိုးသမီးအများစုဟာ ကိုယ်ဝန်ဆောင်ချိန်မှာ ဆံသား ဆုံးရှုံး တတ်ကြပါတယ်။ ကိုယ်ဝန်ဆောင်ပြီးချိန်မှာတော့ ပုံမှန် ဆံပင်ကျွတ်တာလောက်ပဲ ဖြစ်တတ်ပါတော့တယ်။

အမျိုးသားတွေ အနေနဲ့ကတော့ စိတ်ဖိစီးမှု၊ စိုးရိန်ပူပန်မှုတွေနဲ့ အစားအသောက် မမှန်တာ၊ ဆေးလိပ်သောက်တာ၊ ရေသောက်နည်းတာ၊ အရက် အလွန်အကျွံ သောက်တာနဲ့ တခြား အာဟာရ ချို့တဲ့တာတွေကြောင့် ဖြစ်တတ်ပါတယ်။ ဒါကြောင့် အာဟာရမျှတဲ့ အစားအစာကို နေ့စဉ်စားသုံးပေးပြီး မနက်စာကို ပုံမှန်စားသုံးပေးပါ။

အရက်သောက်တတ်သူတွေအနေနဲ့ ရေများများသောက်ပေးဖို့ လိုပါတယ်။ ကိုယ်လက်လှုပ်ရှား အားကစား တစ်ခုခုကို ပုံမှန်ပြုလုပ်ပေးရင်း သန့်ရှင်းတဲ့လေကို ရှူတာမျိုး ပြုလုပ်ပေးပါ။ မိသားစုနဲ့အတူ ပျော်ရွှင်စွာနေထိုင်တာဟာလည်း စိတ်ကို ပျော်ရွှင်စေတဲ့ ဟော်မုန်းတစ်မျိုးကို ထွက်စေတာကြောင့် စိတ်ဖိစီးမှုနဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို ပြေပျောက်စေပါတယ်။


* ဦးရေပြားကို စစ်ဆေးပါ။

ပုံမှန် သန့်ရှင်းမှုရှိပြီး မှန်ကန်တဲ့ စားသောက်ပုံ၊ နေထိုင်မှုပုံစံရှိနေသည့် တိုင်အောင် ဆံပင်ဆုံးရှုံးမှု ရှိနေရပါတယ်ဆိုလျှင် သင့်ဦးရေပြားကို စစ်ဆေးပေးဖို့ လိုအပ်ပါတယ်။ အရေပြား ဆရာဝန်ဆီမှာ ဦးရေပြား စစ်ဆေးမှု ခံယူပြီး လိုအပ်တဲ့ ဆံပင်ပေါက်ဆေးတွေကို လိမ်းပေးဖို့ လိုအပ်တဲ့အပြင်၊ ဦးရေပြားကို သန့်စင်ပေးတာမျိုး၊ သင်သောက်နေတဲ့ တချို့ဆေးဝါးများကြောင့် ဆံပင်ဆုံးရှုံးတာမျိုးတွေဆိုရင် စားဆးတွေကို ပြောင်းလဲပေးတာမျိုးလည်း ပြုလုပ်ပေးရပါတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...