စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







စကောကရင်(တောင်ပေါ်ကရင်)တို့၏ မင်္ဂလာပွဲ

           စကောကရင်တို့၏ မင်္ဂလာပွဲ အခမ်းအနားမှာ တိမ်ကောသလောက်နီးပါး ဖြစ်နေခဲ့ပါသည်။ မြေပြန့်နေစကောကရင်များအနက် ဗုဒ္ဓဘာသာဝင် စကောကရင်အများစုမှာ မင်္ဂလာဆွမ်းကျွေးအခမ်းအနားများနှင့် လက်ချည်ခြင်းခရစ်ယာန်ကိုးကွယ်သူများမှာလဲ ခရစ်ယာန်တို့၏ ထုံးတမ်းစဉ်လာအရ အဖဘုရားသခင်ရှေ့မှောက်မင်္ဂလာဆောင်ခြင်း စသည်ဖြစ် ဓလေ့ထုံးတမ်းများ ရောယှက်နေကြလေပြီ။
ထိုကြောင့် ယခုတိုင် ဆင်နွှဲနေခဲ့သော တောင်ပေါ်ကရင်(သို့) စကောကရင်တို့၏ ဓလေ့ထုံးတမ်းကို ဖော်ပြပေးသွားမှာဖြစ်ပါသည်ရှင်။ 

              ဤအလေ့အထသည် မေ့အဘိုးအဘွားများနှင့် ရှေးလူကြီးများ၏ အပြောနှင့်သာ နားယဉ်ခဲ့ပြီး မေကိုယ်တိုင်လဲ တစ်ကြိမ်တစ်ခါမျှ မရောက်ခဲ့ဖူးကြောင်းကို ကြိုတင်၍ ဝန်ခံပါသည်။


       လက်ထပ်ကြမည်ဟု ရည်ရွယ်ထားပြီးလျှင် မိန်းကလေးဖြစ်သူမှာကိုယ်တိုင်ယက်ထားသော စောင်ဖြူ(သို့) ပုဝါဖြူကို ကတိသစ္စာပြုသည့်အထိမ်းအမှတ်အဖြစ် ပေးအပ်ထားရသည်။( ပိုးကရင်များလည်း ထိုနည်းတူစွာပင်ဖြစ်သည်)မင်္ဂလာဆောင်သည့်နေ့တွင် သတို့သား ဖြစ်သူမှာ ချွေရံပေါင်းသင်းများစွာနှင့် သတို့သမီးရှိရာ နေအိမ်သို့ သွားရပါသည်။ တောင်ပေါ်ကရင်တို့၏ အလေ့အထအရ မင်္ဂလာဆောင်သည့် သတို့သားသည် ဆင်ရိုင်း(သို့) မုန်ယိုနေသော ဆင်အဖြစ် သတ်မှတ်ထားပါသည်။ သို့ပါသောကြောင့် သတို့သားနှင့်တကွ အပေါင်းအပါများ သွားရာလမ်းတစ်လျှောက်တွင် သစ်ကိုင်းများ ချိုးခြေခြင်း ၊သစ်ပင်များ ဆွဲနှုတ်ခြင်း ၊မိမိမျက်စေ့ရှေ့ ခြံစည်းရိုးတိုင်များ ဆွဲနှုတ်ခြင်း စသည့် အပြုအမှုများကို သတို့သမီးအိမ်သွားရာလမ်းတစ်လျှောက်လုံး ပြုလုပ်ခဲ့ကြပါသည်။

         (ထိုနေ့တွင် ခြံစည်းရိုးတိုင် ဆွဲနှုတ်ပါကလည်း မည်သည့်အိမ်ရှင်မျှ စိတ်မဆိုး ဒေါသမထွက်ကြပါ)
ထိုသို့ ဆင်ရိုင်းအသွင်ဟန် မြင်မြင်သမျှ ဖျက်စီးလာခဲ့ကြသော သတို့သားနှင့် အပေါင်းဖော်များမှာ နှုတ်မှလည်း သီချင်းဆိုလာခဲ့ကြရာ လမ်းတစ်လျှောက်လုံး ဆူညံလေ့ရှိပါသည်.။ (ညာသံပေး၍ ဆိုရသော ထို မင်္ဂလာသီချင်းများကိုတော့ မမှတ်မိတော့ပါ)
သတို့သမီးအိမ်ရှေ့သို့ရောက်လျှင် မင်္ဂလာပွဲမတိုင်ခင် သတို့သမီးနေအိမ်မှ ကြိုတင်ချက်ထားသော ကောက်ညှင်းဆန် အရက်များကို သတို့သမီးအိမ်မှ အနည်းငယ်စီ ဧည့်ဝတ်ပြုလေသည်။

       ထိုနောက် သတို့သားဖြစ်သူမှာ သတို့သမီး နေအိမ်ရှေ့တွင် အသင့်ချထားသော ပုဆိန်ကို ကောက်ကိုင်၍ အသင့်ပြင်ဆင်ထားသော ထင်းတုံးကြီး(သို့) ပင်စည်ပိုင်း (၃)တုံးကို ပေါက်ခွဲပြရပါသည်။ ထိုနေရာတွင် သတို့သား၏ ကြံ့ခိုင်မှုကို ကြည့်လို၍ ပင်စည် အမြစ်ပိုင်းများကို သုံးလေ့ရှိသည်။အပေါ်အကျီ င်္ကို ချွတ်၍ အားမာန်အပြည့် ထင်းခွဲနေသော သတို့သား၏ ချွေးတဖြိုင်းဖြိုင်းနှင့် ခန္ဓာအလှကို မင်္ဂလာပွဲရောက်လာသူ ဧည့်ပရိတ်သတ်များက အကဲခတ်ရင်း သတို့သားလောင်း၏ ထင်းခွဲမှုကို အမြန်ဆုံး ပြီးဆုံးစေရန် အားပေးကြလေသည်။
ထိုပင်စည်ပိုင်းကြီး(၃)တုံးအား ထင်းအဖြစ်ခွဲခြမ်းပြီးပါမှ သတို့သားဖြစ်သူမှာ သတို့သမီးဆီရာ အိမ်ပေါ်သို့ လှမ်းတက်ခွင့်ရပေသည်။ ထို့နောက် သတို့သမီးမှ အသင့်ပြင်ဆင်ပေးထားသော မင်္ဂလာဝတ်စုံကို လဲလှယ်ဝတ်ဆင်၍ သက်ကြီးရွယ်အိုများရှေ့မှောက်တွင် မင်္ဂလာသက်သေ ချည်ဖြူဖြစ် လက်ချည်ခြင်း၊ နှီးဒေါင်းလန်ကြီးထဲတွင် ပြင်ဆင်ထားသော မင်္ဂလာထမင်း အတူတူစားသောက်ခြင်းဖြစ် မင်္ဂလာပွဲ ပြီးဆုံးစေပါသည်။

       မင်္ဂလာမောင်နှံသည် (၃)ရက်တိုင်တိုင် နှီးဒေါင်းလန်(သို့) ထမင်းတစ်ပန်ထဲတွင် အတူတကွ စားသုံးရသည်။ မင်္ဂလာပွဲပြီးဆုံးလျှင်တော့ သတို့သမီးဖြစ်သူမှာ တောင်ပေါ်ကရင်လှပျိုဖြူများ ဝတ်ဆင်သည့် အဖြူရောင်သင်တိုင်းရှည်မှာ အခြားအရောင်ပါသော သင်တိုင်းအကျီ င်္တိုနှင့် ထမီများကို ပြောင်းလဲ ဝတ်ဆင်ရပေသည်။



       တောင်ပေါ်ကရင်လှပျိုဖြူများသည် အဖြူရောင် ဂျပ်ခုတ်အကျီ င်္ခေါ် ကရင်သင်တိုင်းရှည်ကိုသာ ဝတ်ဆင်ကြရသည်။ အိမ်ထောင်ရှိ အမျိုးသမီးများမှာတော့ ထိုအကျီ င်္ဖြူကို ဝတ်ဆင်ခွင့်မရတော့ပေ။တောင်ပေါ်ကရင်တို့၏ အယူအဆအရ ကရင်သင်တိုင်းရှည် အဖြူမှာ အပျိုစင်များအတွက်သာ ဖြစ်ပေသည်။

ဤသည်မှာ တောင်ပေါ်နေ စကောကရင်တို့၏ မင်္ဂလာပွဲအခမ်းအနားပင်ဖြစ်ပေသည်။





..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်
Views: 27

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...