စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ငလျင်ဒဏ်ကြောင့်. စေတီ ပုထိုး ထီးတော်များ ယိုင်သွားသည့် မှတ်တမ်းဓါတ်ပုံများ

 
ရွှေဘိုမြို့ ကျောက်မြောင်းမြို့နယ်ခွဲမှ ငလျင်ဒဏ်သင့်ဖြစ်စဉ်နှင့် ဆက်စပ်သည့်ဓါတ်ပုံများ



အမရပူရမြို့မှ ဗူးဘုရား ထီးတော်ယိုင်၍ အနည်းငယ်ပျက်စီးသွားစဉ်။



  အမရပူရမြို့ရှိ ရွှေလင်းပင်ဘုရား ထီးတော်ယိုင်သွားစဉ်။


အမရပူရမြို့ရှိ ရွှေလင်းပင်ဘုရား ထီးတော်ယိုင်သွားစဉ်။

စိန်ဖူးတော်မြေခစဉ် ပါလာသည့်အစအနများကိုတွေ့ရစဉ်။

မန္တလေးမဟာမုနိဘုရားကြီးပရ၀ုဏ်အတွင်းရှိ နာရီစင်ထီးတိုင်တိမ်းစောင်းခြင်း ရှင်မာလဲဘုရား ဓမ္မာရုံရှိ
အင်္ဂတေပန်းများနှင့် အနောက်ဘက်မျက်နှာစာရှိ ခြင်သေ့ရုပ်တုတစ်ခုပြိုကျခြင်းများဖြစ်ပေါ်ခဲ့သည်။
ငလျှင်လှုပ်ခတ်မှုကြောင့် မြစ်သား-မြင်းခြံလမ်းပိုင်းရှိ ကင်းစိန်ဈေးအရှေ့ရွာ ရွာဦးဘုန်းကြီးကျောင်း၊
စေတီ၁၈ ဆူ ရှိသည့်အနက် ၅ ဆူနှင့် အရံစေတီ ၄ဆူတို့မှာ စိန်ဖူးတော်မြေခခြင်း စေတီတော်ခြောက်ဆူ
မှာဖောင်းရစ်တော်အက်ကွဲခြင်းတို့ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။


မဟာမင်္ဂလာစေတီတော်မှစိန်ဖူးတော်မှာမြေခပြီးအခုလိုကျေမွသွားခဲ့ပါသည်(တံတားဦးမြို့)
စစ်ကိုင်းမြို့ဘက်ခြမ်းရှိ ဧရာဝတီမြစ်ကူးတံတား ထိပ်ရှိ စစ်ကိုင်းမြို့မှ ကြိုဆိုပါ၏
ဆိုင်းဘုတ်မှ ခြင်္သေ့ရုပ်တစ်ခု ငလျင်ဒဏ်ကြောင့် ပြုတ်ကျနေ
သည်ကိုတွေ့ရစဉ်။
ရွှေဘိုမြို့ ရွှေချက်သိုဘုရား ကြာမောက်ကြာလန်များ ငလျင်ကြောင့် ကွာကျသွားပြီး ထီးတော်လည်း စောင်းသွားခဲ့သည် 

 
မန္တလေးတိုင်း မိုးကုတ်မြို့တွင် ငလျင်ဒဏ်ကြောင့် ပေါ်လာသောဌာပနာ ဘုရားများ။
  ...................။...............
ယနေ့လှုပ်ခတ်ခဲ့သော မြေငလျှင်ဒဏ်ကြောင့် မန္တလေးမြို့ရှိစွယ်တော်မြတ်စေတီတော်၏စိန်ဖူးတော်
မြေခခဲ့ကြောင်းသတင်းရရှိပါသည်။
 
မြေခခဲ့သော စိန်ဖူးတော်များ

...................။...............

နောက်ဆုံးရ သတင်း
ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးတိုင်း ဒေသကြီး၊ မတ္တရာမြို့နယ်၊ ဆည်တော်ကြီး ရေအားလျှပ်စစ်
ဓါတ်အားပေးစက်ရုံရှိစက်အမှတ်(၁)နှင့် အမှတ်(၂)တို့မှာ လည်ပတ်လျက်ရှိရာမှ ရပ်တန့်သွားခဲ့ပြီး
နံနက် ၈ နာရီ ၅ မိနစ် အချိန်တွင်ပြန်လည် ပြင်ဆင်ပြီး လည်ပတ်မှု ပြုလုပ်နိုင်ခဲ့ကြောင်းနှင့်
မိုးကုတ်မြို့နယ်၊ မြို့မ ရပ်ကွက်အတွင်းရှိရှေးဟောင်း သမိုင်းဝင် ဘုရား၃ ဆူ ထီးတော် မြေခခြင်း၊
ဒေါ်နန်းကြည်တောင်ဘုရား မုခ်ဦး၊ကသဲအုပ်စု ရန်ကြီးရပ် ရှေးစေတီ ၁ ဆူတို့ ပြိုကျခဲ့ကြောင်း
ရဲမှတ်တမ်းများအရ ထပ်မံသိရှိရသည်။

...................။...............

ငလျင်ကြောင့် ရတနာသိင်္ခတံတား ဆောက်လုပ်ရေးလုပ်သား နှစ်ဦးသေ၊၅ ဦး ပျောက်ဆုံး

ရွှေဘိုမြို့နှင့် ၁၇ မိုင်အကွာရှိ ရတနာသိင်္ခ တံတား ဆောက်လုပ်ရေး စီမံကိန်း တွင် ငလျင်ဒဏ်ကြောင့်
ချဉ်းကပ်တံတား ပြိုကျ ပျက်စီးမှုများ ဖြစ်ပွားခဲ့ရာ လုပ်သား နှစ်ဦး သေဆုံးပြီး ငါးဦး ပျောက်ဆုံးနေဆဲ
ဖြစ်ကြောင်းThe Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

တံတားပြိုကျမှုကြောင့် ဆောက်လုပ်ရေးလုပ်သား ၁၅ဦး ဧရာဝတီမြစ် ထဲသို့ မျောပါခဲ့ပြီး ၁ဝ ဦးဆယ်ယူခဲ့ရာ
နှစ်ဦးမှာ သေဆုံးနေကာ ၈ဦးမှာ အခြေနေ စိုးရိမ်နေရကြောင်း နှင့် စုစုပေါင်း လုပ်သား ၃၀ဦးခန့်
ဒဏ်ရာ ရရှိကြောင်း၎င်းက သတင်းပေးပို့သည်။

...................။...............

ပန်းချီဆရာ ဖေစိုးအောင် ငလျင်ကြောင့် ကွယ်လွန်
===========================

ယနေ့  လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ရွှေဘိုမြို့ တွင် နေထိုင်လျှက်ရှိသော ပန်းချီဆရာ ဖေစိုးအောင်သည်
ငလျင်လှုပ်ခတ်မှုကြောင့် ပြတ်ကျသွားသော လျှပ်စစ် ဓါတ်ကြိုး နှင့် ထိမိ၍ ဓါတ်လိုက်ကာ ကွယ်လွန်
သွားသည်ဟု စာပေလောကမှ သိရ သည်။

...................။...............

အခြေအမြစ်မရှိသောကောလာဟလများကိုမယုံရန် မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်
အကြံပြုကြား
မြေငလျင်ကြီးတို့၏အစဉ်အလာအတိုင်း နောက်ဆက်တွဲမြေငလျင်များ လှုပ်ရှားနိုင်သော်လည်း
အများအားဖြင့် ပင်မမြေငလျင်ကြီးထက် အင်အားပိုမိုပြင်းထန် လေ့မရှိသောကြောင့်
အများပြည်သူများအနေဖြင့် သတိထားရန်လိုသော်လည်း အစိုးရိမ်မလွန်ကြရန်လိုအပ်ပါသည်။

...................။...............
မြေငလျင်နောက်ဆက်တွဲသတင်း

မြေငလျင်လှုပ်ခတ်မှုကြောင့် ဒဏ်ရာရရှိ၍ ဆေးဝါးကုသခံယူနေသူများမှာ ကျောက်မြောင်းမြို့နယ်
ဆေးခန်းတွင် ၁၄ဦး၊ ရွှေဘိုမြို့နယ်ဆေးရုံတွင် ၁၁ဦး၊ စုစုပေါင်း၂၅ဦးရှိနေကြောင်း
ကျောက်မြောင်းရောက် 7Day News သတင်းထောက်က သတင်းပေးပို့သည်။

ကနဦးရရှိသော သတင်းများအရ ရတနာသိင်္ဃတံတားပြိုကျရာမှ တစ်ဦးသေဆုံးပြီး
ကျန်ရှိသူများမှာ ရွှေဘိုမြို့နယ်ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေပြီး၊ ကျောက်မြောင်းမှ
ဒေသခံအမျိုးသမီးတစ်ဦးမှာလည်း အုတ်တံတိုင်းပိ၍ သေဆုံးခဲ့သည့်အတွက် လောလောဆယ်
သေဆုံးသူ ၂ဦးရှိပြီဖြစ်ကြောင်း သတင်းပေးပို့သည်။

...................။...............

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...