စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ငလျင် သဘာဝဘေး အတွက် ရေးသားချက်



        ငလျင် သဘာဝဘေးဒဏ်ကို ကြိုတင်သိရှိနိုင်ရန် ခက်ခဲပါတယ် သိပ္ပံပညာရှင်များတောင် အခုချိန်ထိ ငလျှင်ကို ကြိုတင်သိရှိပြီး ကာကွယ်နိုင်ခဲ့ပါတယ်ဆိုတာတော့ မရှိသေးပါဘူး ၊ တွင်းအောင်နေ သတ္တဝါများ၏ သွားလာလှုပ်ရှားခြင်း မှတ်တမ်းများအရ ငလျင်ကို ကြိုတင်သိရှိပါတယ်လို့  သိပ္ပံပညာရှင်များက ထုတ်ဖော်ပြောဆိုကြပါတယ် ဒါလည်း ရာခိုင်နှုန်း အပြည့်အဝ ဖြစ်တယ်လို့ တော့ မဆိုလိုပါဘူး ….

         ယနေ့  မန္တလေးမြို့ အပါအဝင် ရွှေဘို ၊ မိုးကုတ် ၊မေမြို့ ၊ ငါးဇွန်နယ် အပါအဝင် မြို့ အ
နည်းငယ် လှုပ်ခပ်သွားခဲ့ပါတယ် ။ အင်အား ရစ်ချက်တာ စကေး ၇ အဆင့်လှုပ်ခတ်သွားပါသည်
အခုလို လှုပ်ခဲ့ပြီး အမျိုးမျိုးသော မေးခွန်းများစွာ မေးလာကြပါတယ် ။
ငလျင်လုပ်ပါက ဘာလုပ်သင့်ပါသလည်း မေးခွန်းက အများဆုံးဖြစ်လို့  သိသလောက်ကို ပြောပေးပါမည် ။

            ပထမဦးစွာ ပြောလိုသည့်က သဘာဝဘေးဒဏ်များကို ဖြစ်ပေါ်လာပါက မည့်သည်ပုံစံ နေထိုင်လုပ်ဆောင်ပြု့ ရမည်နှင့် ကျန်းမာရေးအသိပေးမှု့ နည်းပါးခြင်း ဖြစ်ပါတယ် ဒီတွက်နောက်ဆက်တွဲတွေက တကယ်လည်း ဖြစ်လာခဲ့ပြီး ဖြစ်လာတယ်ဆိုမှ ဘာမှ မသိတော့လူတွေ အသေအပျောက်တွေများလာကြမယ်ပေါ့ သဘာဝကပေးသော ဒဏ်ကတော့ အနည်းနဲ့ အများတော့ ဆုံးရှုံးခြင်းများပါတယ် ၊ အသိတွေ လူတိုင်းနည်းပါး သိထားတော့ နည်းနိုင်တာပေါ့ သေတာတော့ သေကျေရပါလိမ့်မည် အပြည့်အဝလို့ တော့ မပြောပါဘူး …..

     ဘာတွေလုပ်ရမယ် ဘာတွေလုပ်သင့်တယ်ဆိုတာ မသိတော့ ဖြစ်လာမှ လုပ်ကြပါ ကယ်ကြပါ သွားကြပါ လှူကြပါ ဘာလုပ်ကြမလဲ ဒါတွေဖြစ်တာက အသိပညာမရှိ နည်းပါးလို့ ပါ ။

ကိုယ့်လူမျိုးတွေက နောက်ဆုံးဘာလုပ်ကြတာလဲဆိုရင် ဘုန်းကြီးပင့် တရားနာ ကြတယ် တကယ်တမ်းကျတော့ တရားနာ ရမယ် အချိန်ခါ မဟုတ်ပါဘူး… အသည်းနာရမည့် အချိန်ခါပါ ။

ငလျင်လှုပ်လာပြီးဆိုပါ က ……

             ငလျင်လှုပ်တဲ့အခါ သစ်သားအိမ်တွေကတော့ အလုံခြုံဆုံး အိမ်ပုံစံဖြစ်ပါတယ်။
ပြိုကျခဲ့ရင် နေရာလွတ်အများကြီး ဖြစ်စေပါတယ်။ ကွန်ကရစ်အိမ်လို ခန္ဓာကိုယ်တွေကို ဖိညှပ်ကျေပျက်စေခြင်း မရှိပါဘူး။ အုတ်နဲ့ဆောက်ထားတဲ့အိမ်တွေ
ပြိုကျရင် အုတ်ခဲတွေတစ်ခုစီကွဲကုန်ပြီး ဒဏ်ရာများစွာရစေပါတယ်။


        ငလျင်လှုပ်ချိန်မှာသင်သည် အပြင်ပြေးထွက်ဖို့ အချိန်မရှိခဲ့ရင် ဆိုဖာခုံ၊ ကုတင်၊
စားပွဲကြီး၊ ရေခဲသေတ္တာ စတဲ့ ကြီးမားတဲ့ အရာဝတ္ထုတစ်ခုခုရဲ့ ဘေးကပ်လျက်မှာ
ပုဇွန်တုပ်ကွေး ကွေးပြီးနေလိုက်ပါ ။အဓိကတော့ ဦးခေါင်းပေါင်းက ပိုအရေးကြီးပါတယ် ခေါင်းကို ထိခိုက်ခြင်း နည်းပါးစေရန် ဖော်ပြသည့် အတိုင်း မဖြစ်ပါက လက်နှစ်ဖက်နဲ့ ဦးခေါင်းကို မိုးပေးထားရပါလိမ့်မည် ။

သက်ကြီးအိုများ လူနာများရှိပါက စောင်ထူထူကို ဖုံးပေးထားလိုက်ပါ ။ ကွင်းပြင်ကို အရောက်ထွက်နိုင်တယ် သွားနိုင်ရင်တော့ ပိုကောင်းပါသည် ။


ညဘက်ချိန်ခါ အိပ်ချိန်မှာ ငလျင်လှုပ်ခဲ့ရင် အလွယ်တကူ ကုတင်ဘေးကို
လှိမ့်ချလိုက်ပါ။ ပုဇွန်တုပ်ကွေး ကွေးပြီးကုတင်ဘေး ဒါမှ မဟုတ် အောက်ကို ဝင်ရောက်နေရာယူလိုက်ပါ ။

အဆောက်အအုံပြိုကျတဲ့အခါ အိမ်တံခါးပေါက်ဝမှာ ပုံးနေတဲ့လူက တံခါးမကြီးဟာ
အတွင်းဖက် သို့မဟုတ် အပြင်ဖက်ကိုလှဲကျပြီး အပေါ်ကမျက်နှာကြက် ပြိုကျဖိမိပြီး
သေကြရပါတယ်။

ငလျင်လှုပ်တဲ့အခါ လှေကားပေါ် လုံးဝမသွားပါနဲ့။ ငလျင်ကြောင့်
လှေကားပျက်မကျခဲ့ရင်တောင် လူတွေအများရဲ့ အလေးချိန်နဲ့ နောက်ပိုင်းမှာ
ပြိုကျနိုင်ပါတယ်။ နောက်ပိုင်းပြိုကျခြင်း မရှိခဲ့ပါက မိမိအိမ် အနေအထားအားလုံးကို လိုက်လံစစ်ဆေးခြင်းကို မဖြစ်မနေ လုပ်ဆောင်ကြရပါလိမ့်မယ် ။

အပြင်ဆုံးအိမ်နံရံဖက် သို့မဟုတ် အိမ်အပြင်ဖက်ကို နီးနိုင်သမျှ
အရောက်သွားနေပါ။ အိမ်အတွင်းထဲမှာနေသူဟာ အပြင်ထွက်ဖို့လမ်းကြောင်း
ရှာဖွေနိုင်ဖို့ ပိုမိုခက်ခဲပါတယ်။

သင်ကားမောင်းရင်တွေ့ ကြုံလာရင် လမ်းကြောပိတ်လာရင် ကားထဲမှာ လုံးဝ မနေပါနဲ့ ကားကိုရပ် အပြင်ကိုထွက်ပြီး ကားဘေးမှာ နေပေးပါ ကားအပေါ်ကို တခုခု ပြိုကျခဲ့ရင်တောင် လူအနေနဲ့ လွတ်နိုင်ကျန်နိုင်ပါတယ် ။

အထက်ပါ ဖော်ပြချက်က အားလုံးပြည့်စုံလားဆိုလာရင် သိသလောက်ကိုသာ တင်ပြပေးပါတယ် လိုအပ်တာလည်းရှိပါမယ် အလုံးစုံပြည့်စုံပါတယ်လို့ တော့ မဆိုပါ ။
53Like · ·

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...