စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







စိတ်ပြေလျော့ခြင်း၏ အကျိုးသက်ရောက်မှုများ

တရားမှတ်ခြင်းနဲ့ ယောဂကျင့်စဉ်ကျင့်ခြင်းတို့ဟာ ကိုယ်ခန္ဓာအတွင်း ပြောင်းလဲမှုဖြစ်စဉ်များကို ဖြစ်နိုင်ကြောင်း တွေ့ရှိရပါတယ်။

Massachusetts General Hospital မှ လေ့လာမှုတစ်ခုအရ စိတ်တည်ငြိမ်ခြင်းဟာ မျိုးရိုးဗီဇများရဲ့ လုပ်ငန်း ဆောင်တာများကို ပြောင်းလဲစေပြီး ခန္ဓာကိုယ်ရဲ့ စိတ်ဖိစီးမှု တုံ့ပြန်မှုအပေါ် အကျိုးသက်ရောက်မှု ရှိတာကို တွေ့ရှိခဲ့ပါတယ်။ ၎င်းလေ့လာမှုမ
ှာ ပါဝင်တဲ့ Towia Libermann က “ဒီလေ့လာမှုဟာ ရှုပ်ထွေးမှု ရှိပြီးတော့ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုဟာ မျိုးရိုးဗီဇ ပြောင်းလဲမှုအပေါ် ဘယ်လိုအကျိုးသက်ရောက်မှု ရှိတယ်ဆိုတာကို လေ့လာတာပါ”လို့ ပြောကြားခဲ့ပါတယ်။

လေ့လာသူများရဲ့ တွေ့ရှိချက်ကတော့ စိတ်ပြေလျော့မှုလေ့ကျင့်ခန်း (ဥပမာ - ယောဂကျင့်စဉ်) နဲ့ လူနေမှုပုံစံနဲ့ ပတ်သက်တဲ့ နှစ်သိမ့်ဆွေးနွေးမှု အစီအစဉ်ကို ရရှိတဲ့လူတွေမှာ သွေးဖိအား 1mmHg လျော့နည်းဖို့ အခွင့်အလမ်း နှစ်ဆရှိတာကို တွေ့ရှိခဲ့ပါတယ်။ လေ့လာသူတွေက စိတ်ဖိစီးမှု လျော့ကျစေဖို့၊ စိတ်တင်းကျပ်မှုတွေ ပြေပျောက်ဖို့၊ စိတ်ပြေလျော့မှု လေ့ကျင့်ခန်းတစ်ခုခု ပြုလုပ်ပေးပါက မျိုးရိုးဗီဇဆဲလ် တွေရဲ့ ခုခံကာကွယ်မှုစွမ်းရည်ကို မြင့်မားစေရုံ သာမက Free Radicals တွေနဲ့ ရောင်ရမ်းမှုကို ဖြစ်စေတဲ့ ဓာတ်ပစ္စည်းတွေကို ဖျက်ဆီးပေးနိုင်ပါတယ်လို့ အကြံပြုထားပါတယ်။

ဒီအချက်ကို အခြေခံပြီးတော့ စိတ်ပြေလျော့မှု လေ့ကျင့်ခန်းတွေဟာ ကင်ဆာရောဂါဖြစ်ပွားမှုကို ကာကွယ်မှုပေးနိုင်စွမ်း ရှိ၊ မရှိကို ထပ်မံပြီးတော့ လေ့လာမှုတွေ ပြုလုပ်နေပါတယ်။
Health

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...