စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ထင်ရှားသော အကုသိုလ် စေတနာများ

သူတစ်ပါးကို သတ်ဖို့ ကြံစည်သောအခါ၌ ဒေါသဇော စိတ်စေတနာသည် လွန်စွာထင်ရှား၏ ။
သတ်ဖို့ရာ လွန်စွာ ဗျာပါရများနေ၏ ။
ကာမမှုကို ကြံစည်လိုသော အခါ၌လည်း လောဘဇော စေတနာ လွန်စွာ ဗျာပါရ များရလေ၏ ။
အတွင်းဇော စေတနာက ဗျာပါရ များနေမှုကြောင့်ပင် ပြင်ပကိုယ်ခန္ဓာကြီးလည်း
ထကြွလှုပ်ရှား၍ ဗျာပါရ များရလေသည်။
ဤသို့လျှင် ကိုယ်မှု၊ နှုတ်မှု၊ စိတ်မှု မကောင်းမှုတစ်ခုခု အထင်အရှားဖြစ်ရာ၌လည်း
အတွင်းက ဆိုင်ရာ အကုသိုလ် စေတနာတွေ ဗျာပါရ များနေပုံ၊
ရိုးရိုးအခါဖြစ်သော စိတ်ဇောများနှင့်မတူဘဲ
ထက်ထက်မြက်မြက် ရှိကြပုံကို သတိထား၍ စဉ်းစားလျှင်
အကုသိုလ်ဇော စေတနာများ၏ ဖြစ်ပုံမှာ လွန်စွာ ထင်ရှားလေသည်။
(ဆရာတော်ကြီး ရှင်ဇနကာဘိဝံသ၊ ကိုယ်ကျင့်အဘိဓမ္မာ)
                                                                                                   ဇော်ထွန်း

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...