စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သင့်ရဲ့လက်ရေးက သင်နဲ့ပတ်သတ်လို့ဘာတွေကိုဖော်ပြနိုင်ပါသလဲ..?


လက်ရေးတွေကို လေ့လာအဓိပ္ပာယ်ကောက်သူတွေကို အင်္ဂလိပ်လို Graphologists လို့ ခေါ်ဝေါ်ပါတယ်။
လက်ရေးဗေဒင်ဆရာပေါ့…။ သင်ဘာကိုရေးတယ်ဆိုတာထက် သင့်လက်ရေးကို ဘယ်လိုရေးတယ်ဆိုတဲ့ ရေးသားပုံက
သင့်အကြောင်းကို ပိုပြီး ပြောပြနိုင်တယ်လို့ ယုံကြည်ကြပါတယ် ။



• မင်လုံးတုတ်တုတ်နဲ့ ဖိပြီးရေးတတ်တဲ့ လက်ရေးပိုင်ရှင် ဟာ ရဲရင့်တက်ကြွသူ ဖြစ်တယ် ။

• ပျမ်းမျှအရွယ် ၊ မကြီးမငယ် လက်ရေးစာလုံးပိုင်ရှင်ကတော့ ကောင်းစွာ ဟန်ချက်ညီသူ ဖြစ်တယ် ။

• လက်ရေးကို ခပ်ပါးပါး ၊ ခပ်ဖော့ဖော့ ရေးတတ်သူတွေကတော့ အာရုံသိလွယ်သူ ၊ နားလည်လွယ်သူတွေ
   ဖြစ်ကြတယ် လို့ ဆိုပါတယ် ။

★ အင်္ဂလိပ်စာရေးတဲ့အခါမှာ စာလုံးကြီး (Capital Letter) ကို ခပ်ကြီးကြီးရေးတတ်သူတွေကတော့ ဂုဏ်ယူ
     ဝံ့ကြွားတတ်သူတွေ ဖြစ်လိမ့်မယ် ။


★ ခပ်သေးသေးရေးတတ်သူတွေကတော့ က္ကနြေ္ဒသိက္ခာကြီးသူတွေ ဖြစ်လိမ့်မယ်လို့ ယုံကြည် ကြပါတယ် ☆ လက်ရေးကို ခပ်စိတ်စိတ်ရေးတတ်သူတွေကတော့အပြောင်းအလဲကို သဘောမကျတတ်သူတွေ
     ဖြစ်လိမ့်မယ်လို့ ယူဆပါတယ်..။


☆ လက်ရေးကိုဖတ်လို့ လွယ်အောင် ရှင်းရှင်းလင်းလင်းရေးတတ်သူတွေကတော့ ဆက်သွယ်မှုစွမ်းရည် မြင့်မား
     သူတွေ ဖြစ်တယ်ဆိုတာ ညွှန်ပြနေပါသတဲ့…။

ကဲ………..အပျော်သဘောနဲ့ သင့်ရဲ့လက်ရေးကို စိစစ်လေ့လာကြည့်ပါ…..ဘယ်လိုတွေ့ရပါသလဲ?????

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...