စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ငွေလုပ်စက်=တိုင်းပြည်ဖျက်စက်


     ရိုဟင်ဂျာတွေမြန်မာပြည်ထဲ အတိုင်းအဆမရှိဝင်ရောက်လာနိုင်ခြင်းရဲ့အဓိကအချက်က
နယ်စပ်စောင့်တပ်တွေနဲ့ လ.၀.က တွေရဲ့ ငါးစာသာမြင်ပြီး၊ငါးမြှားချိတ်မမြင်တဲ့လာဘ်စား
မှုတွေကြောင့်ပါ။
ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုပြီး ကိုယ့်တိုင်းပြည်ဘေးအန္တရာယ်ကို ကြိုမတွေးပဲ
လတ်တလော နေ့ချင်းညချင်း ချမ်းသာလိုတဲ့ စစ်အုပ်ချုပ်ရေးပိုင်းအရာရှိတွေနဲ့
၎င်းတို့လက်အောက်ခံဖြစ်နေရတဲ့ လ.၀.က တွေကြောင့် အခုလို ဘင်္ဂါလီတွေ
တနိုင်ငံလုံးဝင် ရောက်ခွင့်ရခဲ့ပါတယ်။ဘူးသီးတောင် မောင်းတော နယ်စပ်မှာတာဝန်ကျတဲ့
အသိဗိုလ်ကြီးတစ်ယောက်ရဲ့ဝင်ငွေဟာ လစဉ်သိန်းရာနဲ့ချီ ရှိနေပါတယ်။ မူလက
အိမ်ပိုင်ယာပိုင်ပင်မရှိတဲ့ ၄င်းရဲ့မိသားစုတွေဟာ ဘူးသီးတောင်မောင်းတောနယ်မှာတာဝန်ကျတဲ့
တစ်နှစ်အတွင်း တိုက်၊ခြံ၊ကား၊ရွှေ၊ငွေတွေသီးချင်တိုင်းသီးလာပါတယ်။
ကွန်ပျူတာနဲ့ကာလာပရင်တာအစရှိတဲ့ နည်းပညာပစ္စည်းများကိုဝယ်ယူသွားကာ ဘင်္ဂါလီများအား
မှတ်ပုံတင်ထုတ်ပေးတဲ့အကြောင်း
၎င်းရဲ့မိသားစုထံမှကိုကြားသိရတာပါ။

      တာဝန်ထမ်းဆောင်ကာစ မောင်းတောဘက်ရောက်သွား တဲ့ လ.၀.က ၀န်ထမ်းတိုင်း
တစ်နှစ်နေပြီးပြန်လာရင် သိန်းတစ်ရာဝန်းကျင် ပါလာတတ်တယ် ဆိုတဲ့သတင်းတွေဟာလဲ ထို
လ.၀.က ၀န်ထမ်းတွေရဲ့မိသားစုတွေကိုယ်တိုင်က ကြွားဝါပြော ဆိုနေတာပါ။
မလုပ်သင့်တာတွေကိုလုပ်ပြီး မကြွားသင့်တာတွေကြွားဝါနေကြချိန်က နောင်တစ်ချိန်
အခုလိုအဖြစ်ဆိုးတွေကြုံဖို့ဆိုတာ ထိုစစ်အရာရှိတွေနဲ့လ.၀.က
ဝန်ထမ်းတွေစဉ်းစားမိကြပါရဲ့လား။
၎င်းတို့အသုံးပြုခဲ့တဲ့ ကာလာပရင်တာဆိုတာဟာ ၄င်းတို့အတွက် ငွေလုပ်တဲ့စက်ကြီးဖြစ်ပေမယ့်
တိုင်းပြည်အတွက်မိစ္ဆာတွေထုတ်နေတဲ့စက်ကြီး ဆိုတာ ၄င်းတို့မသိခဲ့တာအမှန်လား။
mermaid

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...