စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဗာရာဏသီ(မိဂဒါဝုန်)မြို့၏ အရုဏ်တက်/နေထွက်/နေဝင် ကောက်ကိန်း

      ဗာရာဏသီမြို့သည် မြောက်လတ္တီကျု ၂၅ံN ၁၉'နှင့်အရှေ့လောင်ဂျီကျု ၈၂ံE ၅၈'ပေါ်တွင်တည်ရှိပါ၍ 
 အိန္ဒိယစံတော်ချိန်မျဉ်း(အရှေ့လောင်ဂျီကျု ၈၂ံE ၃၀')၏ အရှေ့ဖက်တွင်ကျရောက်၏။ဒေသအချိန်နှင့်
 အိန္ဒိယစံတော်ချိန်နာရီခြားနားချက်မှာ ၁-မိနစ်၊၅၂-စက္ကန့်ကွာခြား၏။ဖော်ပြပါ အရုဏ်တက်/နေထွက်/နေဝင်
ဇယားသည် ဒေသအချိန်ကို  အနီးစပ်ဆုံး ၂-မိနစ်နှုတ်၍ အိန္ဒိယစံတော်ချိန်သို့ပြောင်းလဲထားသော ဇယား
ဖြစ်ပါသည်။ဗာရာဏသီမြို့၏ အရုဏ်တက်/နေထွက်/နေဝင်ကိုလည်း ကောက်ယူကြည့်ပါမည်။
ဥပမာ။      ။ဇွန်(၁၀)ရက်နေ့ ၏အရုဏ်တက်/နေထွက်/နေဝင်သိလိုလျှင် နယုန်လ(မေ၂၂)အတန်းအား
 မှတ်၍ထားပါ။ *မေ(၂၂)မှဇွန်(၁၀)ရက်နေ့အထိဝင်ရောက်လာသောရက်ပေါင်း= ၁၉-ရက်။*နယုန်လ
(မေ၂၂)အတန်း၏စားကိန်းသည် ၃၁။စရဒ္ဓ(ခြားနားကိန်း)သည် ၈။ညှိရန်(-)(-)(+)ဖြစ်သည်။
*ဇွန် ၁၀-ရက်အတွက်ညှိကိန်းမှာ=(၁၉x၈)÷၃၁=၄.၉၀ ဖြစ်၍ ၅-မိနစ်ဟုသာလျှင်မှတ်ပါ။*နယုန်လ၏ 
အရုဏ်တက်/နေထွက်တွင် နှုတ်ပြီး။ နေဝင်တွင်ပေါင်းလျှင် 



ဇွန် ၁၀-ရက်၏ 






အရုဏ်တက်=၄း၂၉-၀း၀၅=၄း၂၄-နာရီ။ 




နေထွက်=၅း၁၇-၀း၀၅=၅း၁၂-နာရီ။




နေဝင်=၆း၃၉+၀း၀၅=၆း၄၄-နာရီ ဟူ၍ ရရှိပါမည်။



   ထို့ကြောင့် ဇွန်လ(၁၀)ရက်နေ့အတွက် ဗာရာဏသီမြို့၏ အရုဏ်တက်/နေထွက်/နေဝင်မှာ
အရုဏ်တက်ချိန်=နံက် ၀၄း၂၄ နာရီ




နေထွက်ချိန်=နံက် ၀၅း၁၂ နာရီ





နေဝင်ချိန်=ညနေ ၆း၄၄ နာရီ-ဟု ရရှိပါမည်။




   ဗာရာဏသီမြို့သည် အိန္ဒိယစံတော်ချိန်မျဉ်း၏အရှေ့ဘက်တွင်ကျရောက်၍ နေထွက်ချိန် စော၍
ထွက်သကဲ့သို့ နေဝင်ချိန်လည်း စောစွာဝင်၏။ထို့ကြောင့် အရုဏ်တက်/နေထွက်/နေဝင်ချိန်တို့သည်
အိန္ဒိယစံတော်ချိန်နာရီထက် ၁-မိနစ်နှင့်၅၂-စက္ကန့်မျှ စော၏။



   ရှေးယခင်က နိုင်ငံအလိုက်သတ်မှတ်စံတော်ချိန်မရှိသေးသဖြင့် မိမိတို့အရပ်ဒေသအလိုက် နေထွက်/
နေဝင်ကိုသာမှတ်သားကြ၏။ရဟန်းသံဃာတော်များသည် ဒေသအချိန်ဖြင့်သာလျှင် သတ်မှတ်သုံးစွဲ
ကြ၏။သို့မှသာ နေမွန်းတည့်ချိန်လည်း တိကျစွာသိရပါမည်။ယခုအခါတွင် သက်ဆိုင်ရာနိုင်ငံအလိုက်
ရပ်တည်ရာ လောင်ဂျီကျုအရ စံတော်ချိန်မျဉ်းဇုံများသတ်မှတ်သုံးစွဲလာကြသဖြင့် စံတော်ချိန်မျဉ်း၏
အရှေ့ဘက်(သို့)အနောက်ဘက်၌ အလွန်ကွာဝေးစွာရပ်တည်နေသော ဒေသများအတွက် မတူညီကြ
တော့ပေ။ထို့ကြောင့် ဗာရာဏသီမြို့သည် အိန္ဒိယစံတော်ချိန်မျဉ်း၏အရှေ့ဘက်တွင်ကျရောက်နေပါ၍ 
အိန္ဒိယစံတော်ချိန်အရ နေမွန်းတည့် ၁၂နာရီရှိလျှင် ဗာရာဏသီ၏ဒေသအချိန်သည် ၁၂နာရီ ၁မိနစ်
နှင့်၅၂စက္ကန့်မျှကျော်လွန်၍သွား၏။မွန်းတိမ်းသွားလေပြီဟုမှတ်ပါ။ထို့ကြောင့် ဘုန်းတော်ကြီးကျောင်းများ
တွင် စံတော်ချိန်နာရီနှင့် ဒေသအချိန်နာရီဟူ၍ နှစ်မျိုးထားသင့်ပေသည်။ရာဇဂြိုဟ်သည် စံတော်ချိန်မျဉ်း
အရှေ့ဘက်၌ရှိ၍ အိန္ဒိယစံတော်ချိန်နံက်(၁၁း၀၀း၀၀နာရီ)ဖြစ်လျှင် ဒေသအချိန်နံက်(၁၁း၀၁း၅၂နာရီ)ဖြစ်၏။
မှတ်ရန်။       ။သက်ဆိုင်ရာနိုင်ငံ၏ စံတော်ချိန်မျဉ်းအရှေ့ဘက်ကျရောက်လျှင် ၁ံဒီဂရီ ၄-မိနစ်နှုန်းတွက်၍
စံတော်ချိန်နာရီတွင်ပေါင်းခြင်း၊စံတော်ချိန်မျဉ်းအရှေ့ဘက်ကျရောက်လျှင် ၁ံဒီဂရီ ၄-မိနစ်နှုန်းတွက်၍
စံတော်ချိန်နာရီမှနှုတ်ခြင်းဖြင့် ဒေသအချိန်ကို တိကျစွာရရှိပါမည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...