
လူတစ်ဦး၏ အပေါ်ပိုင်းဖြစ်သည်။


ဒေါ်လာ ၃၀,၀၀၀ တန် စက်ရုပ်ငါးများကတကယ့်ငါးများအတိုင်း လုပ်ဆောင်နိုင်ကြောင်း သိရသည်။ ၎င်းစက်ရုပ်ငါးတစ်ကောင်သည်အမေရိကန်ဒေါ်လာ ၃၀,၀၀၀တန်ပြီး ဘက်ထရီစွမ်းအင်ကို အသုံးပြုထားသည်။ အဆိုပါငါးများ၌ အာရုံခံကိရိယာများတပ်ဆင်ထားပြီး သင်္ဘောများ သို့မဟုတ် ပင်လယ်အောက်ရှိ ပိုက်လိုင်းများမှနေ၍ ရေထုညစ်ညမ်းစေသောအရာများ ယိုစိမ့်မှုကို ရှာဖွေစစ်ဆေးနိုင်မည်ဖြစ်သည်။ အက်ဆက်တက္ကသိုလ်နှင့် စထရက်ကလိုက်တက္ကသိုလ်တို့မှ ပညာရှင်များပူးပေါင်းကာ ယင်းစက်ရုပ်ငါးကို တီထွင်ခဲ့ခြင်းဖြစ်သည်။ ယင်းငါးသည် အလျား ငါးပေရှိပြီး စပိန်နိုင်ငံမြောက်ပိုင်းတွင် စမ်းသပ်မှုများပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

No comments:
Post a Comment