စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မျှဝေမသုံးသင့်သော အရာ ခုနစ်မျိုး

          မျှဝေမသုံးသင့်သော အရာ ခုနစ်မျိုး Photo သူတစ်ပါးသုံးတဲ့ အသုံးအဆောင်တွေကို ခဏယူသုံးမိတာ၊ ကိုင်တွယ်မိတာကြောင့် အအေးမိဗိုင်းရပ်စ်ပိုးနဲ့ တခြား ကူးစက် ရောဂါပိုးတွေ ကပ်ငြိနိုင်တဲ့ အန္တရာယ် များပါတယ်။ လေ့လာမှုတွေအရ ဗိုင်းရပ်စ်နဲ့ တခြားကူးစက်ပိုးတွေ ကပ်ငြိနိုင်ခြေ လျော့ကျစေဖို့ သူများနဲ့ မျှဝေမသုံးသင့်တဲ့ အသုံးအဆောင်ပစ္စည်း ခုနစ်မျိုး ရှိပါတယ်။

(၁) ဘောပင် တချို့လူတွေဟာ ဘောပင်တွေကို ပါးစပ်ထဲထည့်ပြီး သွားနဲ့ကိုက်တဲ့ အလေ့အထ ရှိကြပါတယ်။ ဒီလိုလုပ်တဲ့နည်းဟာ ပိုးမွှားတွေကို ဖြန့်ဝေပေးသလို ဖြစ်တတ်ပါတယ်။ ဘောပင်ကို သူများနဲ့အတူတူ မျှဝေသုံးတာကြောင့် ခံတွင်းကူးစက်ပိုးကနေ တုပ်ကွေးရောဂါပိုးအထိ ကူးစက်ခံရနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

 (၂) အဝေးထိန်းခလုတ် ရီမုတ်ကွန်ထရိုးလို့ ခေါ်နေကြတဲ့ အဝေးထိန်းခလုတ်ကို လူအများစုက သန့်ရှင်းရေး ပြုလုပ်လေ့ မရှိကြပါဘူး။ တီဗီနဲ့ တခြား အသုံးအဆောင်တွေအတွက် သုံးတဲ့ အဝေးထိန်းခလုတ်တွေမှာ ပိုးမွှားတွေ ဖုံးအုပ်နေနိုင်ပါတယ်။ ဟိုတယ်၊ ဆေးရုံနဲ့ သင့်အိမ်မှာလည်း အဝေးထိန်းခလုတ်တွေကို တွေ့ပါလိမ့်မယ်။ ဒီအဝေးထိန်းခလုတ်တွေမှာ အီးကိုလိုင်ပိုး အပါအဝင် တခြားဗိုင်းရပ်စ် အမျိုးမျိုးနဲ့ ကူးစက်တတ်တဲ့ ပိုးမွှားမျိုးစုံကို တွေ့ရလေ့ရှိတယ်လို့ ကျွမ်းကျင်သူတွေက တွေ့ရှိခဲ့ပါတယ်။

 (၃) Touchscreen ပစ္စည်းများ ဒီနေ့ခေတ်မှာ လက်နဲ့ထိရုံနဲ့ သုံးဖို့အဆင်ပြေတဲ့ ခပ်ကျပ်ကျပ် မျက်နှာပြင်ပါ လျှပ်စစ်ပစ္စည်းတွေ အများအပြား ရှိနေပါပြီ။ အဲဒီ Touchscreen ပစ္စည်းတွေမှာ အီးကိုလိုင်ပိုး၊ တုပ်ကွေးနဲ့ အအေးမိရောဂါ ဖြစ်စေတဲ့ ပိုးတွေအပါအဝင် ကူးစက်စေတတ်တဲ့ ပိုးတွေ အများအပြား ကပ်ငြိနေတတ်ပါတယ်။ အများနဲ့ဆိုင်တဲ့ နေရာတွေမှာရှိတဲ့ Touchscreen ပစ္စည်းတွေဟာ တခြားမျက်နှာပြင်တွေထက် ရောဂါပိုးမွှားတွေ ကပ်ငြိနေပြီး လူတွေကို ပိုမိုကူးစက်လွယ်တာကို တွေ့ရှိခဲ့ရကြောင်း ကျွမ်းကျင်သူတွေက ဆိုပါတယ်။

(၄) သွားတိုက်တံ အိမ်မှအပြင်ထွက်တဲ့အခါ ခေါင်းဘီး၊ သွားတိုက်တံ၊ မိတ်ကပ်ဘရပ်ရှ် စတဲ့ အသုံးအဆောင်တွေကို အိမ်မှာ ထားခဲ့လိုက်ပါ။ ဒါမှမဟုတ် ဒီအသုံးအဆောင်တွေကို သင့်သူငယ်ချင်း မိတ်ဆွေတွေနဲ့ မျှဝေမသုံးသင့်ပါဘူး။ အကြောင်းကတော့ သွားတိုက်တံဟာ အသည်းရောင် အသားဝါ ဘီပိုး အပါအဝင် တခြားပိုးမွှားတွေကို ကူးစက်နိုင်ခြေရှိပြီး ခေါင်းဘီးကနေလည်း ရောဂါပိုးမွှားတွေ ကူးစက်ခံရနိုင်လို့ပါ။

 (၅) လက်ကိုင်ဖုန်း တီဗီ အဝေးထိန်းခလုတ်လိုပဲ လက်ကိုင်ဖုန်းတွေကိုလည်း သန့်ရှင်းရေးလုပ်တာ ရှားပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေရဲ့ လက်ကိုင်ဖုန်းတွေက အမျိုးသားတွေရဲ့ လက်ကိုင်ဖုန်းတွေထက် ရောဂါပိုးမွှားတွေ ပိုများနေတတ်တယ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ အမျိုးသမီးတွေရဲ့ ဖုန်းဟာ မိတ်ကပ်ထဲမှာ တွေ့ရတတ်တဲ့ ပိုးမွှားတွေ ကပ်ငြိနေတာကြောင့် ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဒါကြောင့် အမျိုးသမီးတွေက အမျိုးသားတွေထက် အအေးမိနိုင်ခြေ ပိုများတာပါ။

(၆) ဈေးဝယ်ခြင်းတွန်းလှည်း ရှော့ပင်းစင်တာတွေရှိ ဈေးဝယ်ခြင်း တွန်းလှည်းလက်ကိုင်တွေကို မကိုင်ခင် လက်သုတ်ဝတ်နဲ့ သန့်စင်လေ့ရှိပါသလား။ လက်ကိုင်တွေကို ကိုင်ပြီးချိန်မှာရော လက်ဆေးဆပ်ပြာနဲ့ သင့်လက်ကို သန့်စင်လေ့ ရှိပါသလား။ အဲဒီလို မလုပ်ဖြစ်ရင်တော့ ဈေးဝယ်ခြင်းတွန်းလှည်းတွေမှာ ဆာမိုနဲလားပိုး၊ အီးကိုလိုင်ပိုးစတဲ့ ပိုးမွှားတွေ ကပ်ငြိနေတာကြောင့် သင့်ကို ရောဂါပိုးကူးစက်ခံရနိုင်ခြေ များတယ်လို့ လတ်တလော လေ့လာမှုအရ သိရပါတယ်။ လေ့လာမှုတစ်ခုအရ ဈေးဝယ်ခြင်း လက်ကိုင်တွေမှာ တွေ့ရတဲ့ အီးကိုလိုင်ပိုး ၈၀ ရာခိုင်နှုန်းဟာ နိုင်ငံတစ်နိုင်ငံရဲ့ ဒေသအစုံက ဖြစ်တယ်လို့ သိရပါတယ်။

 (၇) အစမ်းသုံးနိုင်သော အလှကုန်ပစ္စည်းများ မိတ်ကပ်အသစ် ဝယ်မယ်ဆိုရင် တည့်မတည့် စမ်းသုံးကြည့်ဖို့ လိုတာမှန်ပါတယ်။ ဒါပေမဲ့ အစမ်းသုံး မိတ်ကပ်တွေနဲ့တော့ မစမ်းသပ်ပါနဲ့။ အဲဒီ အစမ်းသုံး မိတ်ကပ်ပစ္စည်းတွေကို နှစ်နှစ်ကြာ လေ့လာမှုအရ အီးကို လိုင်ပိုးနဲ့ Staph ပိုးတွေကပ်ငြိနေတယ်လို့ သိရပါတယ်။ အစမ်းသုံး မိတ်ကပ်တွေထဲမှာ တွေ့ရတဲ့ ပိုးမွှားတွေရဲ့ ပမာဏဟာ စနေ၊ တနင်္ဂနွေ အားလပ်ရက်တွေမှာ ပိုများတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ အဲဒီနေ့တွေမှာ ဈေးဝယ်သူတွေ ပိုများသလို စမ်းသုံးကြည့်သူတွေများလို့ ဖြစ်ပါတယ်။ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...