စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...
ဒါလေးတွေတော့ ပြောပြချင်တယ်
ဤအကြောင်းအရာနှင့်ပတ်သက်၍ကျွန်တော်   တော်လို့ တတ်လို့ ပြောခြင်းမဟုတ်ပါ။
သူငယ်ချင်းတို့ ဖက်မှ သဘောကျတာကိုယူ၍ သဘောမကျတာကိုဥပက္ခာပြုပေးပါ။
ကိုယ်ပိုင်ဥာဏ်နှင့်စဉ်းစားဆုံးဖြတ်စေလိုပါသည် ။။
  မလေးရှား ။ စကာပူ ။ထိုင်း ။ ကိုရီးယား ။ ဂျပန်  နိင်ငံအသီးသီးသို့   သွားရောက်အလုပ်လုပ်ကြသော ။
လူငယ်ကလေးများ၏ ခံယူချက်အစသည်အလုပ်ကိုကျိုးစားလုပ် ငွေများများရှာ ရန်မိသားစုဘ၀ ။
အဆင်ပြေရေးအတွက် သွားကြခြင်းဖြစ်ပါသည် ။ရင်းနှီးရသော ငွေကြေးသည် သူ့ နိုင်ငံနှင့်သူ ။
အသီးသီးကုန်ကျမှုရှိပါသည် ။ ရရှိကြသော လုပ်ခငွေမှာလည်း မတူညီနိုင်ပါ ။ကွာခြားမှုရှိပါသည် ။
ဒါကိုကျွန်တော်မပြောလိုပါ ။ သို့ သော် တော်တော်များများလူငယ်လေးများသည် ( အားလုံးကိုမဆိုလိုပါ)
အိမ်ပေါင် ။ ခြံပေါင် ။ လယ်ပေါင် ။ငွေချေး စနစ်တို့ နှင့် သွားကြခြင်းဖြစ်ပါသည် ။ ကျွန်တော်က အစ ။
ငွေချေးပြီး သွားခဲ့ခြင်းဖြစ်ပါသည် ။
မသွားခင်စိတ်ကူးနှင့် ရောက်ခါစစိတ်ကူးသည် အရမ်းကောင်းပါသည် ။ သို့ သော် ထိုနိုင်ငံတွင် အနည်းငယ် ။
နေသားကျလာသောအခါစိတ်ကူးအတိုင်း မိသားစုကိုငဲ့ပြီးကျိုးစားသောလူငယ်လေးများရှိသလို ။
စိတ်ကူးပျောက်သွားသော  လူငယ်လေးများလည်း ရှိလာပါသည်။ ဆိုးသည်က စိတ်ကူးရှိသော ။
လူငယ်လေးများကို စိတ်ကူးပျောက်သွားသော လူငယ်လေးများက ဆွဲဆောင်သိမ်းသွင်းပြီး ။
စိတ်ကူးပျောက်အောင် လုပ်ကြခြင်းဖြစ်ပါသည် ။
သူတို့ လုပ်သောအလုပ်က သူဌေးကောင်း ။ လခ ကောင်းလျှင်ခံသာပါသည် ။
သူဌေး မကောင်းလခမကောင်းပါက လူပမ်းစိတ်ညစ် ဖြစ်ချင်ရာဖြစ် စိတ်များဝင်လာပါတော့သည် ။
မည်သို့ပင်ဖြစ်စေ လခမကောင်းစေဦးတော့  စိတ်ကူးအတိုင်းဆိုလျှင်  ပထမ တနှစ်နှင့် ယူလာခဲ့သောအကြွေး ။
ကြေနိုင်ပါသည် ။ ထိုသို့ ဖြစ်ချင်ရာဖြစ် စိတ်များဝင်လာသောအခါ အကွပ်မဲ့ကြမ်း ဗရမ်းဗတာ ဆိုသကဲ့သို့ ။
ရလာသောလုပ်ခကို ထင်တိုင်းကြဲကြပါတော့သည် ။ အရင်ရောက်နှင့်ပြီးသော လူဟောင်းများတွင် ။
ပြောဆိုသွန်သင် ဆုံးမ လမ်းကြောင်းတဲ့ပေးတတ်သော သူများနှင့်တွေ့ လျှင် ခံသာပါသည် ။ထိုသို့ မဟုတ်ပဲ ။
မီးလောင်ရာလေပင့် လူဟောင်းများနှင့်တွေ့ လျှင်မူ ပြီးပါလေရော ။ မဲဆွယ်စည်းရုံးသောစကားများကလည်းလှပါသည်။
***ညီလေးတို့  ကိုယ်သုံးလို့ ပိုမှအိမ်ကိုပို့  တစ်နှစ်နဲ့ မကျေလို့ ဘာမှမဖြစ်ဘူး ။ မင်းတို့ စာချုပ်က  ၃ နှစ် တောင်။
အချိန်တန်ရင်ကျေသွားလိမ့်မယ် ( အကြွေးတွင်အတိုးတက်သည်ကို မစဉ်းစားပါ )
မင်းတို့ ဟန်းဖုန်းသုံးချင်တယ်မဟုတ်လား ကြီုက်တဲ့ဖုန်းကိုဝယ် သုံး ကိုယ့်မြန်မာပြည်မှာ ဒီလိုဝယ်ချင်တိုင်းဝယ် ။
ကိုင်ချင်တိုင်းကိုင် သုံးချင်တိုင်း သုံးလို့ ရတာမဟုတ်ဘူး။ ဒီမှာနေရတုန်း သုံးရတာ ။ကိုယ့်တိုင်းပြည်မှာလိုမဟုတ်ဘူး။
လွတ်လွတ် လပ်လပ် ပျော်ပျော်ပါးပါးသာနေကြ ။ဘာကိစ္စပဲဖြစ်ချင်ဖြစ်ချင် အကို့ ကိုပြော အားလုံးဖြစ်စေရမယ်***
အားလုံးဖြစ်အောင်ဖန်တီးပေးတတ်သောကြောင့် အားလုံးလုပ်တတ်သွားပြီး အပျက်ကြီးပျက်သော လူငယ်လေးများအဖြစ်သို့ ။
ရောက်ရှိသွားကြပါတော့သည် ။
ထိုသို့ သောလူငယ်လေးများသည်အလုပ်ကိုလည်းမကျိုးစားတော့။ ကျိုးစားလုပ်ချင်စိတ်လည်းမရှိတော့ ။
လုပ်ရကောင်းမှန်းလည်းမသိတော့ ။နောက်ဆုံးကိုယ့်ဘ၀ကိုယ်သိ၍ တကယ်ကျိုးစားလုပ်နေသောလူငယ်လေးများကိုပင်။
အပြစ်မြင်စိတ်ဝင်လာပါတော့သည် ။ ပြောပြပါရစေ ။
ကျွန်တော်မြန်မာဆိုင်တစ်ဆိုင်တွင် ထမင်းစားနေစဉ် လူသစ်လေး ၃ ယောက်နှင့် လူဟောင်းတစ်ယောက်လည်းဘေးဝိုင်းတွင်။
ထမင်းစားနေကြပါသည်  ။ ထို လူဟောင်းမှလူငယ်လေးများကိုပြောပါသည် ။
** ညီလေးတို့  ထမင်းမစားခင် ဘီယာတစ်ဘူးလောက်သောက်လိုက် ။ ဒါမှထမင်းစားလို့ ပိုကောင်းမှာ **
လူငယ်လေးများကငြင်းပါသည် ။ မသောက်ပါ ။ သို့ သော်နောက်ထပ်တစ်ခါတိုက်တွန်းပြီး သူကိုယ်တိုင်ပင် ။
ဘီယာဘူးများကိုဖေါက်ပေးပြီး  လူငယ်လေးမျယးရှေ့ တွင် ချပေးလိုက်ပါသည် ။ ဒီတော့မှ လူငယ်လေးများကလည်း။
မ၀ံ့မရဲ နှင့်ယူသောက်ပါသည် ။မျက်နှာများ ရှုံ့ မဲ့သွားသည်ကိုကြည့်ခြင်းအားဖြင့် မြန်မာပြည်တွင်မသောက်ဖူးမှန်းသိသာပါသည်။
ဤဖြစ်ရပ်မျိုးကိုတွေ့ ရတော့ ကျွန်တော်ရင်နာမိပါသည် ။ကျွန်တော်ဝင်မပြောပါ မသိမသာပင် ကြည့်နေလိုက်ပါသည် ။
ဤကားမသိနားမလည်သောလူငယ်လေးများကို ပျက်စီးခြင်းလမ်းကြောင်းထဲသို့ ဆွဲခေါ်လိုက်ခြင်းသာဖြစ်ပါတော့သည် ။
အလုပ်နှင့်ပတ်သက်၍ပြောရလျှင်အဆိုးဆုံးမှာ မိမိနေရာကောင်းရရေး မိမိတစ်ယောက်ထဲကောင်းစားရေးအတွက် ။
ကိုယ်မြန်မာအချင်းချင်းအပေါ် ချောက်တွန်းခြင်းဖြစ်ပါသည်။ အတူတူလာလုပ်ကြသော မြန်မာအချင်းချင်း အဆင်ပြေအောင်။
စည်း၂ လုံး၂ တိုင်၂ ပင်၂ နှင့်ဝိုင်းဝန်းလုပ်ဆောင်အကြံပေးအားပေးရမည့်အစား ဒုက္ခရောက်အောင် သူဌေးကိုဖားပြီး။
သွေးထိုးပေးခြင်း  မကောင်းပြောခြင်း  ကိုယ်နာမည်ကောင်းယူခြင်းတို့ ဖြစ်ပါသည် ။ဤစိတ်ဓါတ်သည်မြန်မာနိုင်ငံမှ ။
အမြစ်တွယ်လာသော အထက်ဖားအောက်ဖိစိတ်ဓါတ်ဖြစ်ပါသည် ။ လူငယ်များကိုကျွန်တော် အပြစ်မပြောလိုပါ ။
သို့ သော် ကိုယ်နှင့်အတူတွဲလုပ်နေသော တိုင်းတပါးသား လူမျိုးကွဲများကို သတိထားကြည့်ဖို့ လိုပါသည်
တိုင်းတပါးသား ဘင်္ဂလား နိပေါ ဗီယက်နမ်  အများစုသည် အချင်းချင်းသည်းလုံးကြပါသည် ။ကျွန်တော်တို့ က ။
သူတို့ ကို နောက်ပြောင်သောသဘောဖြင့် ကိုမျိုးချစ်များဟု ခေါ်ကြပါသည် ။ တကယ်ဆိုလျှင်အတုယူရမည်ကို  မယူပဲ ။
ရီစရာလုပ်ကြခြင်းဖြစ်ပါသည် ။ နွားကွဲလျှင် ကျားဆွဲသောဥပမာများ ပြန်ပြောပြလျှင် ပြောလို့ ကုန်မည်မထင်ပါ ။
ယခုအချိန်မှစ၍ အချင်းချင်း ရိုင်းပင်းကူညီဖေးမတတ်သောစိတ်ဓါတ်များ စည်းလုံးညီညွတ်သည့်စိတ်ဓါတ်များ ။
ဝင်သင့်ပြီဟုကျွန်တော်ထင်ပါသည် ။
သူများနိုင်ငံတွင်ဘယ်လောက်ပဲ အလုပ်ကျိုးစားကျိုးစား သူဌေးမဖြစ်နိုင်ပါအလုပ်သမားပဲဖြစ်ပါသည် ။
ကိုယ်ကအကြံကောင်းဥာဏ်ကောင်းပေး၍မရပါ ။အကယ်၍ပေးခဲ့လျှင်လည်း မသိသလိုပင်နေပြီး ။
နောက် ၂ပတ် ၃ပတ်လောက်ကြာတော့မှ သူဌေးကိုယ်တိုင်အဲဒီအကြံအစည်အတိုင်းပြောင်းလဲလုပ်ကိုင်ပါသည် ။
မသိလျှင်သူဌေးအကြံအစည်ဟုထင်စရာရှိပါသည် ။ ဤသို့ ဖြစ်ရခြင်းမှာ သူဌေးတော်တော်များများက ။
ကျွန်တော်တို့ နိုင်ငံခြားသား အလုပ်သမားများကိုနေရာမပေးချင်ကြခြင်းဖြစ်ပါသည် ။သူတို့သည်ကျွန်တော်တို့ အလုပ်သမားများကို ။
ခိုင်းရုံသက်သက်ပဲစိတ်ထဲကထားပါသည်ခိုင်းလို့ မရလျှင် ( သို့  ) အသုံးမတည့်တော့လျှင် ယခင်လုပ်ပေးခဲ့ဘူးသောကျေးဇူးတရားကို ။
မထောက်တော့ပါ ။ ကိုယ်တွေ့ ဖြစ်ရပ်လေးတစ်ခုပြောပြပါမည် ။ ရင်နာစရာလည်းကောင်းပါသည် ။
coffee  shop တစ်ခုတွင် အဖျော်ဆရာလုပ်နေသော အကိုတစ်ယောက်ရှိပါသည် ။ သူသည်ရောက်ကတည်းက ။
ဤသူဌေးတစ်ယောက်ထဲတွင်သာ လုပ်ပါသည် ။ အလုပ်ကိုလည်းကျိုးစားသလို မျက်နှာလည်းလွှဲရပါသည် ။
သူဌေးတွင်ထိုဆိုင်မျိုး ၃ ဆိုင်ရှိပါသည် ။ တစ်ခါတရံ ထိုအကိုလုပ်သောဆိုင်ပိတ်ရက် ဆခြားဆိုင်များတွင် လူမလောက်လျှင်။
သွားကူဖျော်ပေးရပါသည် ။ ထိုအကိုကလည်းဘာမှမပြော ကူညီပါသည် ။
ထိုအကိုလုပ်လာသည်မှာ ၆ နှစ်ခန့် ရှိပါပြီ ။ ထိုအကိုသည် ဘောလုံးကန်အလွန်ဝါသနာပါသည်။ ပိတ်ရက်များတွင် ။
ြ့မန်မာများစုပြီး  တစ်ခြားနိုင်ငံခြားသားများနှင့်ပိုက်ဆံကြေးဘောလုံကန်ကြပါသည် ။တစ်ရက်တွင် ဘောလုံးလုကြစဉ် ။
တစ်ဖက်က ဘော်ဒီအားနှင့်တိုက်လိုက်ရာမထိမ်းနိုင်ပဲ မြေကြီးပေါ်ပြုတ်ကျ သွားပြီးလက်မောင်းအရိုးအက်သွားပါသည် ။
ဆိုင်ကိုပြန်ရောက်တော့ သူဌေးကို အကျိုးအကြောင်းပြောပြပြီး ဆေးရုံသို့ လိုက်ပို့ ခိုင်းပါသည် ။သူဌေးကလည်းလိုက်ပို့ ပါသည် ။
ဆေးရုံတွင်ကျောက်ပတ်တီးစည်းပေးပြီးသူဌေးကဘယ်တော့လောက်ပြန်ကောင်းလာမည်လည်းမေးပါသည် ။
ဆရာဝန်က နောက် ၂ လလောက်ကြာမှပြန်ကောင်းနိုင်မည်ဟုပြောပါသည် ။ ထို့နောက်ဆိုင်သို့ ပြန်လာကြပါသည် ။
ထိုအကိုလည်းကျောက်ပတ်တီးနှင့်မို့  အလုပ်မလုပ်နိုင်တော့ပါ ။ နောက် ၂ရက်လောက်ကြာသောအခါ ထိုအကို ကို  ။
သူဌေးမှလေယာဉ်လက်မှတ်နှင့် ပတ်စပို့ စာအုပ်ကိုပေးပြီးအောက်ပါအတိုင်းပြောပါသည် ။
** ရော့ မြန်မာပြည်ကိုပြန်တော့ လေယာဉ်လက်မှတ်ငါဝယ်ပေးလိုက်တယ် ဒီမှာမင်းလ၀က်စာ လစာ **
ပြန်ရန်၇က်ကလည်း နောက် ၃ ၇က်ပဲ အချိန်ရတော့သည်ထိုအကိုသည်ဘာမှပြောခွင့်မရတော့ပါ ။ သူ့ ပစ္စည်းလေးများသိမ်းပြီး။
မြန်မာပြည်သို့  ပြန်လာခဲ့ရပါတော့သည် ။ ဤကားအလုပ်သမားများအပေါ်ထားသောသူဌေးများ၏စိတ်ဓါတ်ပင်တည်း ။
ထို့ ကြောင့်ကျွန်တော်တို့ အလုပ်သမားများကလည်း ပါးနပ်လိမ်မာဖို့ လိုပါသည် ။ သူတို့ ခိုင်းတာကိုတာဝန်ကျေအောင်လုပ်ပေးနေရုံနှင့်မပြီးပါ။
အလုပ်လုပ်နေရင်းနှင့် အစားအသောက်များကို လုပ်နည်းများ။ ချက်နည်းများ ။ အလုပ်ကိုစီမံခန့် ခွဲပုံများ ။
စသည်ဖြင့်လေ့လာနိုင်သောအတတ်ပညာများ  များစွာရှိပါသည် ။ သတိထားပြီးမှတ်သားသင်ယူနေဖို့ လိုပါသည် ။
သို့ မှသာ ကိုယ်မြန်မာပြည်ပြန်ရောက်လျှင် ဤ အသိပညာအတတ်ပညာများနှင့်ကိုယ်ပိုင်ဆိုင်ဖွင့်နိုင်ပါကအကျိုးရှိပါမည်။
နိုင်ငံခြားတွင်စားကောက်ဆိုင်များတွင်လုပ်ခဲ့ဘူးပါက ပညာများအခမဲ့သင်ယူနိုင်ပါသည်။
ကိုယ်က လိုလိုချင်ချင်လေ့လာသင်ယူတတ်ဖို့ ပဲလိုပါသည် ။ ယခုအခါမြန်မာနိင်ငံတွင်လည်း နိုင်ငံတကာအစားအသောက်။
ဆိုင်များဖွင့်လှစ်လာကြပြီဖြစ်ပါသည်။တကယ်လေ့လာခဲ့လျှင်တချိန်အကျိုးတကယ်ရှိနိုင်မည်ဖြစ်ပါသည် ။
ပြည်ပသို့ ယခုမှရောက်လာခါစလူငယ်လေးများကို ကျွန်တော်ပြောလိုသည်မှာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပါ ။
ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ ။ ကိုယ့်ရည်ရွယ်ချက်လမ်းကြောင်းမပျောက်ပါစေနှင့် ။ ကိုယ်နေသောနိုင်ငံတွင်သုံးသော။
ဘာသာစကားကိုတတ်အောင်သင်ပါ ။အားရက်များတွင် ကိုယ်နေထိုင်ရာမြို့ ပတ်ဝန်းကျင်ကို သွားတတ်လာတတ်အောင်။
လေ့လာပါ မပျင်းပါနှင့် အကြောင်းရှိလာလျှင် မိမိအတွက် တကယ်လိုအပ်ပါသည် ။ လူပေါင်းလျှင်ကြည့်ပေါင်းပါ ။
ကိုယ့်ကိုဖျက်ဆီးမည့်အပေါင်းအသင်းမျိုးကိုဝေးဝေးကရှောင်ပါအားနာစရာမလိုပါ ။ကိုယ်ကိုယ်ကိုဂရုစိုက်ပါ ။
ကိုယ်တကယ်အခက်အခဲဖြစ်လာလျှင် ကူညီမည့်သူရှိတော့ရှိပါသည် ။ သို့ သော်ရှားပါသည် ။
ကိုယ်ကလည်း စိတ်ရင်းကောင်းထားပြီး သူငယ်ချင်းများထဲမှ မိတ်ဆွေကောင်းကဲ့သို့  အပြန်အလှန်နားလည်မှုရှိသော ။
သူငယ်ချင်းမျိုးကိုရှာဖွေပေါင်းသင်းပါ ။အချိန်ရလျှင် အတတ်ပညာနည်းပညာများ ကို တကယ်တတ်သောစေတနာထား ။
သင်ပေးနိုင်သော သူကို ရှာဖွေ၍ သင်ယူပါ ။ ကျွန်တော်သည်ပင် ကွန်ပျူတာအရမ်းဝါသနာပါ သည် ။မြန်မာနိုင်ငံတွင် ။
ကွန်ပျူတာပေါ်လက်ပင်မတင်ဘူးပါ ။ ယခုလိုပြည်ပရောက်မှ ကွန်ပျူတာစာအုပ်တွေဝယ် အင်တာနက်ဆိုက်သို့ သွားပြီး။
စမ်းကြည့် ကိုယ့်ဘေးနားတွင် သုံးနေသောသူတွေ့ လျှင် မသိတာကိုမေး ဤသို့ နှင့်ကျွန်တော်ကွန်ပျူတာကိုအနည်းငယ်။
တီးမိခေါက်မိရှိလာပါသည် ။ ကျွန်တော်နှင့် အလုပ်အတူတူ လုပ်သောလူငယ်လေးများထဲမှ ကွန်ပျူတာဝါသနာပါသော။
လူငယ်လေးများကို ဆိုင်သို့ ခေါ်သွားပြီး ကျွန်တော်သိသလောက်တတ်သလောက်သင်ပြပေးသဖြင့် သူတို့ တွေလည်း။
ကွန်ပျူတာသုံးတတ်သွားပြီး ပျော်ကြပါသည် ။ကျွန်တော်လည်းသူတို့ ကိုကြည့်ပြီးပျော်ရပါသည် ။
ကျွန်တော်ပွင့်ပွင့်လင်းလင်းပြောရလျှင် ဤရွှေမြို့ တော်သို့  သူငယ်ချင်းတစ်ယောက်ကလမ်းညွှန် ပေးသဖြင့်ရောက်ခဲ့ခြင်းဖြစ်ပါသည်။
ဘလော့ရေးရန်စိတ်ကူးမရှိပါ ။ကွန်ပျူတာပညာရပ်များလေ့လာလိုသဖြင့်ဝင်ရောက်ခဲ့ခြင်းဖြစ်ပါသည် ။
gtalk  gmail  software  တစ်ခြားနည်းပညာဆိုင်ရာများလည်းရှိပါသည် ။ တတ်သိနားလည်သူများ၏တင်ထားပေးသမျှ။
ကျွန်တော်ယခုထက်တိုင် လေ့လာ၍မကုန်နိုင်ပါ ။ မသိတာမရှုင်းတာရှိရင်လည်းဆိုက်ထဲမှသူငယ်ချင်းများ မေးပါသည်။
သူတို့ကလည်းစိတ်ရှည်လက်ရှည်ဖြေပေးကြပါသည် ။
ကျွန်တော့်လမ်းညွှန်မှုကြောင့်ပင် ကျွန်တော်ကဲ့သို့ ကွန်ပျူတာဝါသနာပါသော လူငယ် ၄။၅  ဦးပင် ရွှေမြို့တော်သို့ ။
ဝင်ရောက်လေ့လာနေကြပြီဖြစ်ပါသည် ။ ထို့ ကြောင့်လူငယ်သူငယ်ချင်းအပေါင်းကိုလည်း အလုပ်တစ်ဖက်နှင့် အားလပ်ချိန်များတွင်။
မိမိဝါသနာပါရာအတတ်ပညာများကိုသင်ယူလေ့လာနေဖို့ တိုက်တွန်းပါရစေ ။
ထို့ ကြောင့်နိုင်ငံအသီးသီးတွင် အလုပ်လုပ်နေကြသော သူငယ်ချင်းများ လူငယ်လေးများကို အကြံပေးလိုသည်မှာ ။
သူတို့ ဆီမှာအလုပ်လုပ် သူတို့ ပေးသောပိုက်ဆံယူနေရုံနှင့်မပြီးပဲ  သူတို့ တတ်သောအသိ ပညာ အတတ်ပညာ များပါသင်ယူပြီး။
ကိုယ့်တိုင်းပြည်သို့ ပြန်ကာ ကိုယ့်စိတ်နှင့်ကိုယ်  ကိုယ့်စိတ်ကူးနှင့်ကိုယ်လွတ်လွတ်လပ်လပ်  စီးပွားရှာနိုင်သောသူ ။
ကြွယ်ဝချမ်းသာသောသူတွေ ဖြစ်အောင်ကျိုးစား ကြပါဟုနောက်ဆုံးပြောရင်းဤဆောင်းပါးလေးကိုနိဂုံးချုပ်လိုက်ပါရစေ ။။။။။။။။။။။။
                                                                              သူငယ်ချင်းအားလုံးကို
                                                                               ချစ်ခင်လေးစားလျှက်
                                                                               ကိုမောင်မောင်
ထိုလင့်တွင်အပြည့်အစုံဖတ်ပါ: http://www.shwemyotaw.com/profiles/blog/show?id=5442636%3ABlogPost%3A4407545&xgs=1&xg_source=msg_share_post#ixzz1x24nB0U8
No comments:
Post a Comment
Related Posts Plugin for WordPress, Blogger...