စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အရူးပါး

အရူးပါး

       တက္ကသိုလ်နောက်ဆုံးနှစ်ဖြေပြီးခါစ အသက် ၁၉ နှစ်ကျော် ဖလမ်းဖလမ်းထနေတဲ့အချိန်လေး။
မြင့်မြတ်တော်ဝင် အထူးကုဆေးခန်းမှာ ပထမဆုံးအလုပ်စလုပ်ခဲ့တယ်။ receptionist နဲ့ဝင်ခဲ့ပေမယ့် လက်ထောက်ဆေးစတိုနဲ့ဆေးစာရင်းကို တစ်လအတွင်း ပြောင်းကိုင်ခဲ့ရတယ်။
တစ်နေ့ အလုပ်လုပ်ရင်း ဖိအားတွေပိပြီးကြောင်သွားတဲ့ လူနာတစ်ယောက် ဆေးခန်းလာတက်တယ်။ 
 
(နာမည်တောင် မှတ်မိသေး)။နေ့တိုင်း ဆေးစာရင်း ဆေးတွေနဲ့အလုပ်တွေရှုပ်နေခဲ့တော့ အဲဒီလူနာနဲ့ မျက်နှာချင်းမဆိုင်မိဘူး။သူဆေးခန်းရောက်နေတာ နှစ်ရက်သုံးရက်ကြာပြီး တစ်နေ့မနက်ပိုင်းလေး အလုပ်ကပါးနေတော့ ဆေးကောင်တာလေးမှာစာရင်းလေးဖြည့်ရင်း အလုပ်ထဲကလူတွေနဲ့ အေးအေး ဆေးဆေး စနောက်နေကြတယ်။ တိုက်တိုက်ဆိုင်ဆိုင် ကျွန်မရဲ့ဆေးကောင်တာလေးဆီသို့ သူလာပြီး စကားတွေပြောတော့တာပဲ။ ဘေးမှာလည်း အစောင့်တွေနဲ့ပေါ့လေ။ ကျွန်မက အစကတည်းက သူ့အကြောင်းတွေကြားထားပြီးသား။ ဆေး
ခန်းတစ်ခုလုံး အပျိုအားလုံး သူ့ကိုကုပေးနေတဲ့ဆရာမပါမချန် သူရည်းစားစကားပြောပြီးပြီဆိုတာကိုပေါ့။
 
           ကျွန်မလည်း ကြိုတင်ပြင်ဆင်ထားမှ ငါ့အလှည့်မဖြစ်စေရဘူးပေါ့လေ။ ဒါနဲ့ ကျွန်မကို စကားစပါလေရော။ အမ အမတဲ့ (သူများက ၂၀တောင်မပြည့်သေးတာ ဟွန်း သူ့လို ၃၀ ကျော်က အမခေါ်စရာလား ရေလည် တင်းတယ်ဗျ) အောင့်သက်သက်နဲ့ပဲ ဘာလဲ လို့ ဖြေလိုက်တယ်။ ထပ်မေးတယ် ရည်းစားရှိလားဟင်တဲ့။ စလာပြီလို့ သိလိုက်တယ်။ ခပ်ရွဲ့ရွဲ့ပဲ (နဂိုကတည်းက အမခေါ်ခံထားရလို့တင်းနေတာနဲ့) ကလေးတောင် နှစ်ယောက်ရှိတယ်လို့။။ အဲဒါနဲ့ သူက ဘာပြန်ပြောတယ် ထင်ပ အမ ယောက်ျားက ကျွန်တော်လားဟင်တဲ့...:P
သေရော..ငုတ်တုတ်ကိုမေ့သွားတာပဲ ....:)))(ရီလိုက်ကြတာ ဆေးခန်းတစ်ခုလုံးဝက်ဝက်ကိုညံနေတာပဲ)ရည်းစားစကားအပြောမခံချင်လို့ ရွဲ့မိပါတယ် အရူးမိန်းမကိုလုံးလုံးဖြစ်သွားတာပဲ..ဘ၀တကွေ့ဝယ် မမေ့နိုင်စရာ ဟာသ အမှတ်တရလေးတစ်ခု..:))

ရီသောသူ အသက်ရှည်၏တဲ့
ရွှေရည်
— with Min Aung Naing and 23 others.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...