စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ခိုင်ဖုန်းမြို့သို့ အလည်သွားခြင်း


သူငယ်ချင်းများအားလုံး မင်္ဂလာပါခင်ဗျာ ။ သီဟပြောချင်တာက သီဟတို့ သွားခဲ့တဲ့ မြို့လေးအကြောင်းပါ ။
သီဟ ၂၃ ရက်နေ့ထဲက စထွက်သွားတာပါ ။ သွားတာက ခိုင်ဖုန်းမြို့လေးကို သွားခဲ့ပါတယ် ။
ခိုင်ဖုန်းကို တရုတ်လိုဆိုရင်တော့ 开封 ( kai feng ) လို့ ခေါ်ပါတယ် ။
တည်နေရာလေးကတော့ 郑州 ( zheng zhou ) ကျန့်ကျိုး ဆိုတဲ့ ပြည်နယ်ထဲမှာ ရှိပါတယ် ။
သိပ်တော့မကွာဘူးခင်ဗျာ ။ ကားနဲ့ဆို ၁ နာရီခွဲလောက်စီးတာနဲ့ရောက်ပါတယ် ။
ရှူခင်းလေးတွေက တော်တော်လှပါတယ် ။ ကျန့်ကျိုး လည်းတိုးတတ်ကြပါတယ် ။ တိုက်ကြီးတွေနဲ့တော်တော်ကို စည်ကားပါတယ် ။
သီဟအရင်ဆုံးတောင်းပန်ပါရစေ ။ သီဟ သွားတုန်းက ရက်လည်းရှည်နေတော့ ကင်မရာရိုက်ချင်စိတ်လည်းမရှိပါဘူး ။
အဲ့တော့ ပုံလေးတွေ နည်းသွားတယ် ။ အဲ့ဒါလေးကိုခွင့်လွှတ်ပေးကြပါနော်.....

ကဲ စလာပါပြီ ။ ဒါကတော့ ပေါင်ချိန်ရုံးတတ်ခဲ့တဲ့ နေရာလေး အဝင်အဝပါ ။
ပေါင်ချိန်အကြောင်း စပြောပြပါ့မယ် ။
တစ်ကယ်ကိုရှိခဲ့တာပါ ။ သူတို့ခိုင်ဖုန်းမြို့မှာ ပေါင်ချိန်ဆိုတဲ့ တရားသူကြီးကို ဘုရားလိုကို ကိုးကွယ်တာပါ ။
ခုလည်းကိုးကွယ်တုန်းပါပဲ ။ တရားတဲ့ဘက်ကို စုံကိုပစ်ပြီးတော့ ရပ်တည်ခဲ့တဲ့ သူတစ်ယောက်ပါ ။
ဝမ်ချောင်း မာဟန့် ကျန့်လုံ ကျောက်ဟူ ဆိုတာ ပေါင်ချိန်ရဲ့ သက်တော်စောင့်တွေပါ ။
ကုံစွမ်း လည်းရှိပါတယ် ။ ဒါပေမယ့် မရှိတာက ကျန်ကျောင်းပါ ။
ကျန်ကျောင်းဆိုတာက ဇာတ်လမ်းအဆင်ပြေအောင်ဆိုပြီး ထည့်ထားတဲ့သူတစ်ယောက်ပါ ။
ဓားစက်တွေရော မရှိဘူးလား ။ ရှိပါတယ် ၊ မှန်ပါတယ် ။
ခွေးခေါင်းဓားစက် ၊ ကျားခေါင်းဓားစက် ၊ နဂါးခေါင်းဓားစက်
အကုန်ရှိပါတယ် ။
ခွေးက သာမာန်အရပ်သားတွေကို ဖြတ်တဲ့စက်ပါ ။ ကျားကတော့ အစိုးရဝန်ထမ်းတွေကို ဖြတ်တဲ့စက်ပါ ။
နဂါးကတော့ ဘုရင်နဲ့ပတ်သတ်တဲ့အမျိုးတွေကို ဖြတ်တဲ့စက်ပါ ။
ဒါတွေနဲ့တစ်ကယ်ကိုဖြတ်ခဲ့တာလားလို့ မေးစရာရှိပါတယ် ။
ဟုတ်ပါတယ် ။ ဖြတ်ခဲ့ပါတယ် ၊ ခုလက်ရှိလည်း ပြတိုက်ထဲမှာရှိပါတယ် ။
အဲ့တော့ သီဟတို့ ဘာတွေဆက်ပြီးတွေ့မလဲ ဆက်ကြည့်ရအောင်ဗျာ
ဒါက သီဟတို့ သူရုံးထိုင်တဲ့နေရာလေးကို ပြင်ပြီးတော့ ပြတိုက်လုပ်ပေးထားတာပါ ။
ပြတိုက်ထဲမှာဘာတွေပါလဲ ဆက်ကြည့်ရအောင်
ဒါကအတွင်းပိုင်း ပြတိုက်ထဲက မြင်ကွင်းလေးတစ်ချို့ပါ ။
နောက်ပြတိုက်ထဲမှာတော့ ပေါင်ချိန်ကို ပဲ ဦးစားပေးပြီးတော့ ထားရှိပေးတဲ့အခန်းလေးတစ်ခုပါ ။

သူငယ်ချင်းတွေမြင်တဲ့အတိုင်းပါပဲ ။ အဲ့လို ကိုးကွယ်ထားတာပါ ။
ကိုးကွယ်တယ်လို့ပြောရမလိုပဲ ဘာလို့လဲဆိုတော့ အဲ့အခန်းထဲ ဝင်လာတဲ့သူတိုင်းလိုလို ကန်တော့ကြတာကိုးးး
ဒါက ရုံးထဲမှာ ရှိတဲ့ ပြတိုက်နှစ်ခုပါ ။
ရုံးအပြင်မှာပန်းခြံလေးလည်းရှိပါသေးတယ် ။

ခိုင်ဖုန်းမြို့သာဆိုတယ် သီဟတို့အနေနဲ့ဆိုရင်တော့ မြို့ပြအဆင့်ပေါ့နော်
ဘာလို့လဲဆိုတော့ သေးလည်းသေးတယ် လူဦးရေလည်း သိပ်မများဘူးဆိုတော့ မြို့ပြလို့ပြောလိုက်တာပါ ။
ကဲ သူငယ်ချင်းများအားလုံး ကျေနပ်နိုင်မယ်လို့ထင်ပါတယ်  ။

အမြဲလေးစားလျှက်
သီဟ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...