စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဆံကေသာ ကျန်းမာရေးအတွက် အကောင်းဆုံး အစားအစာ ၁၂မျိုး


ဆံပင်စတိုင်နဲ့ ဆံကေသာ ကျန်းမာ လှပမှုဟာ လူတစ်ယောက်ကို ကြည့် အကောင်းဆုံး ဖြစ်အောင် ပံ့ပိုးပေးနိုင်စွမ်း ရှိပါတယ်။ သန်စွမ်း ကျန်းမာတဲ့ ဆံပင်ပုံ ရှိဖို့ဆိုရင် သင်ခေါင်းလျှော်တဲ့ ပုံစံ၊ ဆံပင်သား လှပအောင် ကွန်ဒီရှင်နာ လိမ်းတဲ့ ပုံစံအပေါ်မှာလည်း မူတည်နေသလို စားသောက်တဲ့ အာဟာရ အပေါ်မှာလည်း မူတည်နေပါတယ်။ သင်ရဲ့ ဆံကေသာ ကျန်းမာ လှပစေဖို့ အဓိက စားသင့်တဲ့ ထိပ်တန်း အာဟာရ ဓာတ်တွေကို အကြံပြုလိုက်ပါတယ်။
၁)နို့နှင့် နို့ထွက်ပစ္စည်း
အဆီနည်းတဲ့ နို့နဲ့ နို့ထွက်ပစ္စည်း တွေဟာ ကိုယ်အလေးချိန်ကို မမြင့်တက် စေဘဲ ဆံကေသာ ကျန်းမာရေးကို ကောင်း မွန်အောင် ပံ့ပိုးပေးနိုင်စွမ်း ရှိပါတယ်။ ဒိန်ချဉ်နဲ့ ဒိန်ခဲလို နို့နဲ့ နို့ထွက်ပစ္စည်း တွေမှာ ပါဝင်တဲ့ ပရိုတင်းဓာတ်တွေဟာ ဆံကေသာကို သန်စွမ်းကျန်းမာစေပါ တယ်။
၂) ငါး
ဆယ်လ်မွန်နဲ့ မက်ကရယ်လို အဆီ များများ ပါဝင်တဲ့ ငါးတွေမှာ အိုမီဂါ ၃ ဖက်တီးအက်စစ်ပါဝင်တာကြောင့် ဆံ ပင်ကျွတ်နှုန်းနှေးစေပါတယ်။ ငါးမှာ သံ ဓာတ်နဲ့ ဗီတာမင်B12 တို့ ပါဝင်တဲ့အ တွက် ဆံကေသာနဲ့ အသားအရေကို လှ ပကျန်းမာစေပါတယ်။ ဆံခြည်မျှင်အိတ် ထဲမှာ သံဓာတ်တွေကို သိုလှောင်ထား ပြီး ဆံပင်ထိခိုက်မှုဖြစ်လာရင် ပြန်လည် အသုံးပြုနိုင်တာကြောင့်ပါ။
၃) အခွံချွတ်မထားသော ကောက်နှံတို့ဖြင့် လုပ်ထားသည့်အစာ
ကောက်နှံတစ်ခုလုံးနဲ့ လုပ်ထားတဲ့ အစာတွေမှာ ဆံကေသာအတွက် အရေး ပါတဲ့ သွပ်(ဇင့်)ဓာတ်၊ ဗီတာမင် ဘီအုပ် စုနဲ့ သံဓာတ်တို့ ပါဝင်နေပါတယ်။ သွပ် ဓာတ်ဟာ ဆံကေသာကြီးထွားသန်စွမ်း ထူထဲမှုတို့ကို တိုက်ရိုက်သက်ရောက်မှု ရှိ စေတဲ့ ဟော်မုန်းတွေကို ဟန်ချက်ညီမျှ စေပါတယ်။ စားတဲ့ အစားအသောက် ထဲမှာ သွပ်ဓာတ်ကို အလုံအလောက် ထည့်စားပေးတာက ဆံကေသာကို ကျန်း မာစေပါတယ်။
၎) အခွံမာသီး
သီဟိုဠ်စေ့၊ မြေပဲနဲ့ သစ်ကြားသီး တွေမှာ သွပ်(ဇင့်)ဓာတ်များစွာ ပါဝင်တာ ကြောင့် ဆံပင်ကျွတ်တာနဲ့ ဆံပင်ကျဲပါး တာကို နှေးစေပါတယ်။ သစ်ကြားသီးထဲ မှာ ဆီလီနီယမ်ဓာတ်လည်း ပါဝင်ပြီး အဲ ဒီဓာတ်ဟာ ဦးရေပြားကျန်းမာရေးအ တွက် အရေးပါတဲ့ သတ္တုဓာတ်ပါ။ ဒါ့အ ပြင် ဗောက်ထတာကိုလည်း လျော့ပါး စေပါတယ်။ နေ့စဉ် အခွံမာသီးကို လက် တစ်ဆုပ်စာပမာဏ စားပေးသင့်ပါတယ်။
၅) ပဲအမျိုးမျိုး
ပဲနီလေးအပါအဝင် ပဲအမျိုးမျိုးဟာ ဆံပင်သားအတွက် အရေးကြီးတဲ့ အာ ဟာရဖြစ်ပါတယ်။ ပဲအမျိုးမျိုးမှာ သံ ဓာတ်၊ သွပ်(ဇင့်)ဓာတ်အများအပြားပါ ဝင်ရုံသာမက ပရိုတင်းဓာတ်လည်း များ စွာပါဝင်နေတာကြောင့် ဆံကေသာ ကြီး ထွားသန်စွမ်းစေပါတယ်။ ဒါ့အပြင် ပဲအ မျိုးမျိုးမှာ ဗီတာမင်ဘီဖြစ်တဲ့ ဘိုင်အိုတင် လည်း ပါဝင်တာကြောင့် ဆံပင်ပြတ် ထွက်တာတွေမဖြစ်စေဘဲ ဆံပင်သားကို သန်စွမ်းကျန်းမာစေပါတယ်။
၆) မုန်လာဥနီ
မျက်စိကျန်းမာရေးနဲ့ အမြင်အား ကောင်းစေရေးအတွက် အရေးပါတဲ့ မုန် လာဥနီဟာ ဆံပင်သားကိုလည်း ကျန်း မာသန်စွမ်းစေပါတယ်။ ဗီတာမင်အေပါ ဝင်တဲ့ မုန်လာဥနီဟာ ဆံပင်သားမှာ သ ဘာဝအဆီရှိစေပြီး ဦးရေပြားကို ကျန်း မာစေတာကြောင့် ဆံကေသာကို သန် စွမ်းတောက်ပစေပါတယ်။
၇) ဥအမျိုးမျိုး
ဆံပင်သားတည်ဆောက်မှုမှာ ပရို တင်းက အရေးပါတဲ့ အာဟာရဓာတ်ပါ။ ပရိုတင်းဓာတ်ကို အလုံအလောက်မစား ဖြစ်ရင် ဆံကေသာကို ထိခိုက်စေနိုင်ပါ တယ်။ သင်စားတဲ့အစာထဲမှာ ဥအမျိုးမျိုး နဲ့ ပြင်ဆင်ထားတဲ့ ဟင်းလျာတစ်ခွက်ကို တော့ ထည့်သင့်ပါတယ်။ ဥအမျိုးမျိုးမှာ ဘိုင်အိုတင်နဲ့ ဗီတာမင်B12 ပါဝင်တာ ကြောင့် ဆံပင်သားကို ကျန်းမာစေပါ တယ်။
၈) အစိမ်းရောင် ဟင်းသီးဟင်းရွက်
ရောင်စုံအစားအစာတွေက သင့် ကျန်းမာရေးကို ကောင်းမွန်စေရုံသာမက ဆံကေသာကိုလည်း သန်စွမ်းလှပစေပါ တယ်။ ဟင်းနုနယ်ရွက်နဲ့ ပန်းဂေါ်ဖီစိမ်း တို့လို အစိမ်းရောင်ဟင်းရွက်တွေမှာ ဆံ ပင်အတွက် အရေးပါတဲ့ သံဓာတ်နဲ့ ကယ်လ်စီယမ်တို့ ပါဝင်ပါတယ်။ အစိမ်း ရောင် ဟင်းသီးဟင်းရွက်တွေမှာ ဆီကြည် လို သဘာဝအဆီထုတ်လုပ်မှုကို တိုးစေ တဲ့ ဗီတာမင် အေနဲ့စီ အများအပြားပါဝင် နေတာကြောင့် ဆံပင်သားကို စိုပြည်စေ ပါတယ်။
၉) ကြက်၊ ဝက်
သင်စားတဲ့ အစားအစာထဲမှာ ပရို တင်းဓာတ် ပါဝင်မှုလျော့နည်းတာက ဆံ ပင်သားအတွက် ပြဿနာတစ်ရပ်ပဲ ဖြစ် ပါတယ်။ ပရိုတင်းဓာတ် လျော့နည်းမှု ကြောင့် ဆံပင်သား ကြွပ်ဆတ်တာကို ဖြစ်စေပြီး ဆံပင်အရောင်ကိုလည်း မှိန် ဖျော့စေပါတယ်။ ကြက်သားမှာ ဆံပင် သားကျန်းမာစေမယ့် ပရိုတင်းဓာတ်အ လုံအလောက်ပါဝင်နေပါတယ်။ အမဲ၊ ဝက်၊ ဘဲ စတဲ့ အသားတွေမှာ သံဓာတ် များစွာ ပါဝင်တာကြောင့် ဆံခြည်မျှင် အိတ်တွေ အားကောင်းရေးမှာ အရေးပါ နေပါတယ်။
၁ဝ) ကမာ
ပင်လယ်စာ ကမာမှာ ဓာတ်တိုးဆန့် ကျင်ဂုဏ်သတ္တိရှိတဲ့ သွပ်ဓာတ်များစွာပါ ဝင်တာကြောင့် ဆံကေသာကျန်းမာရေး ကို ထိန်းသိမ်းပေးနိုင်စွမ်း ရှိပါတယ်။ အ မဲသားနဲ့ သိုးသား ကနေလည်း ဒီလို အာ နိသင်မျိုးကို ရရှိနိုင်ပါတယ်။
၁၁) ငှက်ပျောသီး
သင်စားတဲ့ အစာမှ ဗီတာမင် B6 မရရှိတာကြောင့် ဆံပင်ကျဲပါးတာနဲ့ ဆံ ပင်ကျွတ်တာတွေကို ဖြစ်စေနိုင်ပါတယ်။ အရေးကြီးတဲ့ ဗီတာမင် B6 ဟာ ခန္ဓာ ကိုယ်မှ အာဟာရ ဓာတ်တွေ စုပ်ယူရာမှာ ပါဝင် ကူညီပေးပါတယ်။ သွေးနီဥ ထုတ်လုပ်မှုမှာလည်း အရေးပါတဲ့ ဗီတာမင် B6 ဟာ ဆံခြည်မျှင်အိတ်တွေကို အားကောင်းစေပြီး ဆံပင်သားကို တောက်ပ သန်စွမ်းစေပါတယ်။
၁၂) ဆန်လုံးညို
ပရိုတင်းဓာတ်ဟာ ကာဗိုဟိုက်ဒ ရိတ်မှ စွမ်းအင်ထွက်ရှိလာရေးအတွက် ပါ ဝင်ကူညီနေပါတယ်။ အဲဒီထွက်လာတဲ့ စွမ်းအင်ဟာ ဆံပင်သားကို သန်စွမ်းကျန်း မာစေပါတယ်။ ဆန်လုံးညိုမှာ ဗီတာမင် ဘီအုပ်စုအပြည့်ပါဝင်တဲ့အပြင် စွမ်းအင် ကိုလည်း ထွက်ရှိစေတာကြောင့် ဆံပင် သားသန်စွမ်းကျန်းမာရေးအတွက် အရေး ပါနေပါတယ်။

..................................နေမင်းဇော်..


Read more: http://www.mm-flashsongs.com/profiles/blog/show?id=5202681%3ABlogPo...

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...