စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သူ့ အလှတွေ ပျက်သွားရင်ရော မင်း ချစ်ဦးမှာလား ကို့အချစ်ကိုစစ်ကြည့်

သူ လှ လို့ ချစ်တယ် ဆိုရင်... သူ့ အလှတွေ ပျက်သွားရင်ရော မင်း ချစ်ဦးမှာလား....
.
သူ့ အပြုံးကို သဘောကျလို့ ချစ်တယ်ဆိုရင်... သူ့အပြုံးတွေ ပျောက်ကွယ်သွားရင်ရော မင်း ချစ်ဦးမှာလား....
သူ့ သွားလေးတွေ ညီညာလို့ ချစ်တယ်ဆိုရင်... သူ့သွားတွေ ကျိုးကုန်ရင်ရော မင်း ချစ်ဦးမှာလား....
သူ့ ဆံနွယ်လေးတွေ ကြော့ရှင်းလို့ ချစ်တယ်ဆိုရင်....သူ ဆံပင်တွေဖြူပြီး တစ်ခေါင်းလုံး ရှင်းသွားရင်ရော မင်း ချစ်ဦးမှာလား....
သူ ပိန်လို့ ချစ်တယ်ဆိုရင်... သူ ၀ လာရင်ရော မင်း ချစ်ဦးမှာလား....
သူ တောင့်တင်း ကြံ့ခိုင်လို့ ချစ်တယ် ဆိုရင်... သူ အိပ်ရာထဲ ဘုန်းဘုန်းလဲခဲ့ ရင်ရော မင်း ချစ်ဦးမှာလား....
သူ ရိုးသားလို့ ချစ်တယ်ဆိုရင်...သူ လှည့်စားခဲ့ရင်ရော မင်း ချစ်ဦးမှာလား....
သူ ဥာဏ်ကောင်းလို့ ချစ်တယ်ဆိုရင်... သူ မှတ်ဥာဏ်တွေ ချို့ယွင်းသွားတဲ့ အရွယ်မှာရော မင်း ချစ်ဦးမှာလား....
သူ့ အသားရေ လှလို့ ချစ်တယ်ဆိုရင်....သူ ပါးရေ နားရေ တွန့်သွားရင်ရော မင်း ချစ်ဦးမှာလား....
သူ့ စကားသံတွေ ချိုသာလို့ ချစ်တယ်ဆိုရင်... သူ ဗျစ်တောက်ဗျစ်တောက် လုပ်ရင်ရော မင်း ချစ်ဦးမှာလား....
သူ့ရဲ့ ဥစ္စာ စည်းစိမ်ကို ချစ်တယ်ဆိုရင်.... သူ ပိုင်ဆိုင်မှုတွေ တစ်ခုမှ မရှိတော့ရင်ရော မင်းချစ်ဦးမှာလား....
သူ့ မျက်ဝန်းတွေ ညှို့အား ပြင်းလို့ ချစ်တယ်ဆိုရင်.... သူ့ မျက်လုံးကွယ်သွားရင်ရော မင်း ချစ်ဦးမှာလား....
သူ့ အသံလေးကို သဘောကျလို့ ချစ်တယ်ဆိုရင်... သူ့ အသံတွေ တုန်ယင်သွားရင်ရော မင်း ချစ်ဦးမှာလား....

ဒါတွေ အားလုံး မချစ်တော့ဘူးဆိုတဲ့ အဖြေထွက်လာရင်တော့.... မင်း သူ့ကို တကယ် ချစ်တာ မဟုတ်ဘူးလေ....
မင်း ကိုယ် မင်း ညာနေတာပါ... ....ဒီလို ဆိုရင်တော့ သူ့ကို ချစ်တယ်လို့ မပြောထိုက်ပါဘူး....ချစ်တယ်ဆိုတာ တာဝန်တစ်ခုပဲမဟုတ်လား....
ဒီတာဝန်ကို ယူနိုင်မှ မင်း သူ့ရဲ့ နှလုံးသားကို တို့ထိပြီး ချစ်တာလို့ သူ့အနေနဲ့ ယုံကြည်နိုင်မှာလေ...
အချစ်စစ် ဆိုတာ တကယ်တော့ သူ့ရဲ့ လက်ရှိ ပိုင်ဆိုင်တဲ့ အနေအထားကို ချစ်တာမဟုတ်ပဲ 


သူ့ရဲ့ နှလုံးသားကို တို့ထိပြီး ချစ်တာပါပဲ....
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...