စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သင့်စိတ် ကို သင်သိရန်..(သုတေသီ ဘုန်းမြင့် သွေး)

သုတေသီ ဘုန်းမြင့် သွေး ရေးသားတဲ့  သင့်စိတ်ကို သင် သိရန် ဆိုတဲ့ စာအုပ်ထဲ က အများကို ထပ်ဆင့် ဖတ်စေချင် လို့ ကောက်နှုတ် တင်ပြ လိုက်ပါတယ်နော်.....
လူတွေ က စိတ်အမိုက်ကြောင့် သိပ်မိုက်ကြတယ်...
စိတ်ကြမ်း တော့ သိပ်ရမ်းတတ်ကြတယ်....
စိတ်ကြမ်းတော့ လူပါကြမ်းတယ်....
လူတွေ ကပစ္စည်း အမှိုက်ကို မကိုင်ချင်အောင်ရွံရှာ စွန့် ပစ်ကြတယ်....
စိတ် အမှိုက် ကိုတော့ စွန့် မပစ်ကြဘူး.....
သုံးစွဲနေကြတယ်....
စိတ်အမှိုက် ကို ထိပ်တိုက်ရှင်းရမယ်....
စိတ်အမှိုက် ကို ထိပ်တိုက်ရှင်းနိုင်အောင် စိတ်မနော၊ စိတ်သတ္တိ ရဲ့ လျှိုဝှက်ချက် တွေကို သိထားရမှဖြစ်မယ်....
ပထမဆုံး ကိုယ့်စိတ်သဘောကို ကိုယ်သိအောင် ကြိုးစား ရမယ်.....
ကိုယ်စိတ် ကိုယ်သိ ၊အမှားကိုကြည့်မြင်နိုင်မှ စိတ်အမှိုက်ကို ထိပ်တိုက်ရှင်းနိုင်မှာပါ.....
ကိုယ် စိတ် ကိုသိ အမှားကြည့်နိုင်မှ လောကကြီး နဲ့ကိုယ်ဟာ စိတ်ထားတွေ အဆင်ပြေလာပါလိမ့် မယ်....
အတွးစိတ်က စိတ်မိုက်၊ အပြင်စိတ်က အလိမ္မာ ဒါတွေကိုသေချာ သိလာတဲ့အခါ
စိတ် ကိုနေသားတကျ ထားတတ်လာမှာပါ...
လူ တစ်ယောက်မှာ စိတ်က အကြီးအမှူး၊ဦးစီးဦးကိုင် ဖြစ်တဲ့ အတွက် မိမိ အလိုရှိတာ လိုလားတာ ချမ်းသာ သုခနဲံ့ တိုးတက် ကြီးပွားမှု့ တွေအတွက် ပထမဆုံးလိုတာက စိတ်ကို နေရာတကျ အသုံးချတတ်ရန် ခြွင်းချက် မရှိ အရေးတကြီးလိုအပ်တာကို သိရှိထားရမှာပါနော်.....
စိတ်ကိုနေရာတကျ မထားတတ်သေးတဲ့သူ က ဘယ်လို ၊ဘယ်နေရာမှ အဆင်ပြေနိုင်မှာမဟုတ်ပါဘူး.....
စိတ် မငြိမ် ရင် လူလဲမငြိမ်နိုင်ဘူး.....
မကောင်းမှု အကုသိုလ်များက စိတ်မငြိမ်မှု့ ကြောင့်ဖြစ်ကြတာပါ.....
စိတ်ရှည် သီးခံမှု့ ကတော့ ငြိမ်းချမ်းမှု့ နဲ့ အောင်မြင်မှု့ ပါပဲ.....
စကားတခွန်းရှိတယ်လေ...ကျမပြောနေကြ စိတ်ရှည် ၊သီးခံ ၊ နည်းလမ်းမှန်
အမုန်းထား ရန်လိုစိတ် က စိတ်အမှိုက် ၊၀န်တိုကောက်ကျစ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...