စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မတ်မတ်ရပ်၊ မတ်မတ်ထိုင်ခြင်းသည် လူကိုစိတ်အင်အား ပိုမိုပြည့်ဖြိုးနိုင်

by Health Articles on Monday, June 4, 2012 at 12:08pm ·

လေ့လာမှု အသစ်တစ်ရပ်အရ မတ်မတ်ရပ်၊ မတ်မတ်ထိုင်ခြင်းသည် လူကို စိတ်အင်အား ပိုမိုပြည့်ဖြိုးစေနိုင်ကြောင်း သိရသလို၊ ထိုသို့ နေထိုင်ခြင်းသည် နာကျဉ်မှု ဝေဒနာများကိုလည်း ပိုမို ခံနိုင်ရည်ရှိကြောင်း သိရသည်။
လေ့လာမှုအသစ်တစ်ရပ်အရ လူတစ်ယောက်၏ သွားပုံ၊ လာပုံ၊ လမ်းလျှောက်ပုံ၊ မတ်တပ်ရပ်ပုံ၊ ထိုင်ပုံများသည် ထိုလူ၏ စိတ်ခံစားမှုအပေါ်များစွာ လွှမ်းမိုးမှုရှိကြောင်း သိရသည်။ လေ့လာမှုကို တော်ရွန်တိုတက္ကသိုလ်တို့မှ သုတေသန ပညာရှင်များ၏ တွေ့ရှိချက်အရ ခေါင်းကို မော့၊ မေးကိုပင့်၊ ပခုံးကို မြှင့်၊ ရင်ကို ဖွင့်ပြီး နေလေ့ရှိသူများသည် စိတ်ဖိစီးမှုများကို ပိုမို ခံနိုင်ရည်ရှိကြောင်း တွေ့ရသလို၊ နာကျဉ်မှု ဝေဒနာများကိုလည်း ပိုမိုခံနိုင်ရည်ရှိကြကြောင်း သိရသည်။ တစ်နည်းဆိုရလျှင် တက်တက်ကြွကြွ ဖျတ်ဖျတ်လတ်လတ်နှင့် ဟန်ချီ၍ နေတတ်သူများသည် ကုတ်ချိချိသမားများထက် စိတ်ပိုင်းရော ကိုယ်ပိုင်းမှာပါ ကျန်းမာရေးအရ များစွာသာလွန်ကြသည်ဟု ဆိုလိုခြင်းဖြစ်သည်။ လေ့လာမှုတွင် စေတနာနှင့် ဝင်ရောက်ကူညီသူများကို ယောဂပုံစံ ခြေကို ခပ်ကျယ်ကျယ်ခွဲပြီး ကိုယ်ကို ဆန့်၊ ရင်ကို ဖွင့်၊ ခေါင်းကို စွင့်ပြီး အသင့်အနေအထားပုံစံဖြင့် နေခိုင်းပြီး ကိုယ် စိတ် အကျဉ်းအကျပ် ဖြစ်စရာပြဿနာများကို ဖြေရှင်းခိုင်းသည်တွင် များစွာ ထိထိရောက်ရောက် ဖြေရှင်းနိုင်၍ ခပ်ကုတ်ကုတ် စိတ်မပါ လက်မပါ ပုံစံဖြင့် နေခိုင်းပြီး ဖြေရှင်းခိုင်းသည်တွင် စွမ်းရည်များစွာ ကျဆင်းသွားသည်ကို တွေ့ခဲ့ရကြောင်း လေ့လာမှုကို ဦးဆောင်ပြုလုပ်ခဲ့သည့် ဒေါက်တာ ဗာနက်ဆာ ဘွန်းဟ်က ပြောသည်။
ထိုသို့ ဘာကြောင့် ဖြစ်ရကြောင်းကို ၎င်းက ဆက်လက် ရှင်းပြသည်။ လူသည် ကိုယ်ကို မတ်၍ အသင့်အနေအထားမျိုး နေထိုင်သည့်အခါ စိတ်ဖိစီးမှုများ၊ နာကျဉ်မှုများကို ခံနိုင်ရည်ရှိစေသော တက်စတိုစထရုန်းဟိုမုန်းများ များစွာ ထွက်ရှိလာမှုကြောင့် စိတ်ဖိစီးမှု၊ နာကျဉ်မှုများကို ပိုခံနိုင်လာကြောင်း၊ ထိုသို့ နေထိုင်ပါက တစ်ချိန်တည်းမှာပင် စိတ်ဖိစီးမှုကို ဖြစ်စေသည့် ကော်တီဇုန်း ဟိုမုန်းထွက်ရှိမှုကလည်း ကျဆင်းသွားသဖြင့် စိတ်ဖိစီးမှုသာ၍ပင် ကင်းဝေးသွားသေးကြောင်း သိရသည်။ လူအတော်များများသည် ပြဿနာအကျပ်အတည်းများနှင့် ကြုံလာရသည့်အခါ ချောင်ထဲ ခွေနေလေ့ရှိကြရာ ထိုသို့နေထိုင်ကြခြင်းသည် ခန္ဓာကိုယ်အကြောင်းနားမလည်ကြ၍ ဖြစ်ကြောင်း၊ ထိုသို့နေခြင်းဖြင့် စိတ်ဖိစီးမှုဒဏ်ကို ပို၍ပင်ခံရမည် ဖြစ်ကြောင်း လေ့လာမှုကဆိုသည်။
သို့ဖြစ်သောကြောင့် မတ်မတ်ရပ်၊ မတ်မတ်ထိုင်ခြင်းသည် စိတ်ဖိစီးမှုကို ကင်းစေသော အကောင်းဆုံးနေထိုင်မှု ပုံစံဖြစ်ကြောင်း စစ်တမ်းက ဆိုထားသည်။

Ref : Messenger
Source: http://xn--ridxnd3anc4seedc.com/health/11049-smart-stand-and-smart-sit-append-on-bright-for-people.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...