စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ရှမ်းထမင်းချဉ်လုပ်စားကြမယ်

     အားလုံးမင်္ဂလာပါရှင်... ဒီတစ်ခါအလှည့်ကတော့ ရှမ်းထမင်းချဉ်ပါ... လမင်းတော့အရမ်းကြိုက်တယ်။။
မကြာမကြာလုပ်စားဖြစ်တယ်။။။ လုပ်စားဖြစ်တော့လည်း မောင်နှမတွေကိုသတိရပြန်ရော သတိရတော့
တင်မိပြန်ရောပေါ့.. ချက်ပြုတ်ဝါသနာပါလား ဆိုတော့ ပါဘူးရယ် အမှန်ပြောတာ.. မပါပင်မဲ့ကိုယ်မှမချက်
ချက်မယ့်သူမရှိဘူး။။ ဟင်းချက်နည်းတင်တာနဲ့ ပတ်သက်လို့ လမင်းအမေးခံနေရပါတယ်။။ တကယ်ချက်တတ်တာလားတဲ့  ကြောင်တော့ကြောင်သွားတယ်။။ မသိရင်လမင်းပဲသူများချက်ထားတာယူတင်
သလိုပဲနော်..  မေးတဲ့သူတွေက လိုင်းပေါ်မှာ မသိလို့ မေးကြတာဖြေပေးနိုင်သေးတယ်.. ဆိုးတာက သူငယ်ချင်းအရင်းတွေက နင်က ဟင်းချက်တတ်တယ်.. ဟုတ်မှလုပ်ပါဟယ်တဲ့ မြန်မာပြည်မှာ ချက်တာလည်းမတွေ့ မိပါဘူး။။ ဒါလူကို အထင်သေးတာပဲ:P ဟင်းကို အစုံမချက်တတ်ပင်မဲ့ချက်တိုင်းတော့ကောင်းအောင်ချက်နိုင်တယ် :P အိမ်ဖုန်းဆက်ရင်လည်း အမေက သမီးစားရသောက်ရ အဆင်ပြေလားမေးရင် ပြေပါတယ် အမေ .. ဒီမှာ အားလုံးဝယ်လို့ ရပါတယ်။။ ဘာဝယ်လာတယ် ..ဒီနေ့တော့ ဘာချက်စားဖြစ်တယ်ပြောတော့ အမေက သမီးတောင် ဟင်းချက်တတ်နေပြီကိုတဲ့ ..ကောင်းရော.. လမင်းမြန်မာပြည်ထဲကချက်တတ်တာပါ.. မီးဖိုချောင်ထဲမ၀င်ဖြစ်လို့ သာ အမေ မသိတာပါ မြန်မာပြည်မှာက အပြင်အလုပ်လုပ်တော့ မီးဖိုထဲ မ၀င်ဖြစ်တာကို အမေ မေ့နေပုံပဲ.. နောက်တစ်ခု အမေ ရော အဖေရော ဟင်းချက်ကောင်းကြတယ်။။
ဒါကိုမေ့နေကြလို့ များလား.. ဒီမိဘကမွေးလာတဲ့သမီး ဒီလောက်လေးမှ မချက်တတ်ရင်  မဟုတ်သေးပါဘူးလေနော်။။  ရှမ်းထမင်းချဉ်လေးစားရဖို့ စကားကရှည်လိုက်တာမပြောကြပါနဲ့နော်..ပြောကြလွန်လို့ ပါ။။
ကဲစပါပြီ..  လိုအပ်တာပစ္စည်းတွေက
ငါး ကြင်း သို့ မဟုတ် ငါးရံ့   လမင်းတို့ ဒီမှာငါးခူ တွေကကြီးတော့လမင်း ငါးခူပဲသုံးပါတယ်။။
ခရမ်းချဉ်သီး.. ထမင်း အနည်း အများပေါ်မှုတည်ပြီ ထည့်ပါ..
ပဲမှုန့်  ကြက်သွန်ဖြူ ဆီသတ် ငါးပြာရည်.. အရောင်လိုချင်ရင်တော့ အရောင်တင်မှုန့် ကို ဆီကျက်ချက်ထားပါ ချက်နည်းက ဆီကို ပူအောင်ပေးပြီ မီးပိတ်လိုက်ပါ တစ်မိနစ်လောက်ကြာမှအရောင်တသ်မှုန့်ထည့်ပါ မဲသွားနိုင်လို့ ပါ.

ပထမ ငါးကိုပြုတ်ထားပါ  ခရမ်းချဉ်သီးကိုလည်းပြုတ်ထားပါ ရေနဲနဲလေးပဲထည့်ပြီ မီးအေးအေးနဲ့ ထားပါ။။
အလွယ်နည်းကတော့  Microwave ထဲ ၂မိနစ်လောက်ထားလိုက်ရင်ရပါပြီ.. လမင်းတော့ အဲဒါတွေသိပ်မသုံးဘူး မီးဖိုပဲသုံးဖြစ်တယ်.. အရသာမတူပါဘူး။။ တကယ် အဟုတ်..
ထမင်းလည်းချက်ထားအုံးနော်.. :P   ခရမ်းချဉ်သီးရရင်အခွံရယ်  အစေ့မပါအောင် ဇကာခွက်နဲ့  စစ်ထားပေးပါ..ကြက်သွန်ဖြူဆီသတ်က နနွင်းမထည့်ဘူးနော်..
 ပုံတွေရိုက်ထားတာပျောက်ကုန်တာတွေရှိတော့ ရှိတာလေးတင်ပေးလိုက်ပါတယ် ။။။

အားလုံးအဆင်သင့်ဖြစ်ပြီဆို ပန်းကန်ပြားထဲ ထမင်း နဲ့ အထက်က ပြောထားတဲ့ပစ္စည်းတွေ အကုန်ရောနယ်ပြီ အလုံးလေးတွေဖြစ်အောင်လုပ်ပါ..

ဒါကတော့တွဲဖက်စားဖို့  ဂျုမြစ် မြေပဲ ငရုပ်သီးခြောက်ကြော် ပဲပုပ်ကြော် ကြက်သွန်မြိတ်..

ကဲ ပြီးပြီဆို စားသုံးလို့ ရပါပြီရှင်..မေ့နေတာ ငါးပြုတ်ရည်က ဟင်းချိုလုပ်သောက်နိုင်ပါတယ်.. ကြက်သွန်မြိတ်ထည့် ငရုပ်ကောင်း မှုန့် ထည့်ပြီ သောက်နိုင်ပါတယ်.. ဂလု ဂလု :D ဓာတ်ပုံတစ်ချို့ပျောက်လို့  အဆင်ပြေသလောက်တင်ပေးလိုက်ပါတယ်...ရေးထားတာရှုပ်များနေလာမသိဘူး:D

အားလုံး ကျန်းမာပျော်ရွှင်ကြပါစေ...

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...