စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အလောင်းမင်းတရားကြီး .ပြောသောခဲ့ ဆုံးမစကား(၇) ခွန်း

Wednesday, February 29 at 8:31pm
တတိယ မြန်မာနိုင်ငံတော်ကြီးကို ထူထောင်ခဲ့သူ ...

အလောင်းမင်းတရားကြီး (၁၀၇၆-၁၁၂၂).ပြောသောခဲ့ ဆုံးမစကား(၇) ခွန်း..........


၁။ မိန်းမတို့မှာ ရက်ကန်း ဗိုင်းဝါတို့ကို မတတ်လျှင် အကျိုးနှင့်တူ၏ (ယခုခေတ်စကားအရဆိုပါမူ…အချုပ်အလုပ်အိမ်မှူ့ကိစ္စမကျွမ်းကျင် မနိုင်နင်းသော မိန်းမကိုဆိုရမည်ဖြစ်သည်)

၂။အိမ်ထောင်မှုဝတ္တရားကို ကျေပွန်စွာ မဆောင်ရွက်၍ ကြေးငွေကို မစုဆောင်း မသိုမှီးတတ်လျှင် အမျိုးပိုးစားနေသော စုံးကဝေမနှင့်တူသည့် အိမ်ရှင်မဖြစ်၏။

၃။ ယောက်ျားတို့မှာ ကာယဗလမဲ့၍ တတ်အပ်သော အတတ်တို့ကို မတတ်လျှင် လူကျိုးလူကန်းမျှသာတည်း။

၎။အိမ်ထောင်မှု မကျေပွန်သော ယောက်ျားသည် အမျိုးကို သတ်နေသော သူသတ်သမားဖြစ်၏။

၅။လူသည် တရား၏ အုပ်ချုပ်ခြင်းကို မခံရဘဲ၊ လူ၏အုပ်ချုပ်ခြင်းကိုသာ ခံနေရလျှင် မည်သည့်အခါမျှ အေးချမ်းသာယာခြင်းကို ရနိုင်မည် မဟုတ်။

၆။အချင်းချင်း ပဋိပက္ခဖြစ်မှုသည် အမျိုးကို ပျက်စီးအောင် ကျိန်ဆဲခြင်းပင်ဖြစ်၏။ ထို့ကြောင့် အမျိုးသားကို ကွဲအောင်ရန်တိုက်နေသော သူသည် အမျိုးကောင်းစားရေး နတ်သုဒ္ဓါတွင် အဆိုးဆုံးသော အဆိပ်ကြီးဖြစ်လေ၏။

၇။ဘုရင်မင်းမြတ်သည် နန်းတော်ထဲ၌ ငြိမ်းချမ်းစွာ စံနေတော်မူ၍ မင်းမှူထမ်းတို့သည် ပြည်သူတို့ကို နှိပ်စက်နေသဖြင့် ထိုနှိပ်စက်ခြင်းကို ညီညီဖျဖျ မခုခံလျှင် ဘုရင့်အာဏာတော်ကို စောင့်သိရိုသေသူမဖြစ်နိုင်။

(မှတ်ချက်။ ။ အထက်ပါ စကားရပ်ကြီးများကို မူရင်းစာအုပ်ထဲမှ အတိုင်း ပြန်လည်ဖော်ပြခြင်းဖြစ်၍ ယခုခေတ်ကာလ အခေါ်အဝေါ် အသုံးအစွဲများ နှင့် ကွဲလွဲနိုင်ပါသည်။ သို့သော်လည်း အဓိပ္ဗါယ်ဆိုလိုရင်းမှာ ယခုတိုင် အသုံးဝင်နေဆဲဖြစ်သည်ဟု ယုံကြည်မိသည့်အလျှောက် ပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်။)

မူရင်း- အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ (စစ်ကိုင်း ဦးဘိုးသင်း).
— with Zay Yar, Minkha Maung, Arkar Soe and Thar Gyi.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...