စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကမ္ဘာပျက်ဒဏ်ခံနိုင်တော့မည့် မြေအောက်အဆောက်အအုံများ



မိုးဒဏ်၊ ရေဒဏ်၊ လေဒဏ်၊ မြေဒဏ်နှင့် နေဒဏ်တို့ကိုသာမက အဏုမြူဒဏ်နှင့် ကမ္ဘာပျက်ဒဏ်ကိုပါ ခံနိုင်တော့မည့် မြေအောက် အဆောက်အအုံအားလုံးကို အမေရိကန်ပြည်ထောင်စု၊ ကန်းဆတ်ပြည်နယ်တွင် ကြိုတင်ရောင်းချပြီးသွားပြီဖြစ်သည်။ ယင်းတိုက်များ၏ ကွန်ကရစ်နံရံများမှာ ဆယ်ပေ(သုံးမီတာ)အထိ နက်ရှိုင်းစွာ ဖောက်လုပ်ထားသောကြောင့် ယင်းကပ်ဆိုးများ အား ကျော်လွှားနိုင်ခြင်းဖြစ်သည်။ ယင်းတိုက်တန်းများတွင် ခေတ်မီအိမ်သုံးပစ္စည်းများ၊ ရေကူးကန်များ ရုပ်ရှင်ရုံများနှင့် စာကြည့်တိုက်များ ကအစ၊ အဆင်မြင့်လူနေမှုစနစ်များက အဆုံး၊ အားလုံးပါဝင်ဖွဲ့စည်းထားသည်။ ထိုမျှမက ယင်းမြေအောက်တိုက်ခန်း ရှိ ဥယျာဉ်ခြံမြေများမှာ ဟင်းသီးဟင်းရွက် စိုက်ခင်းများ၊ ငါးမွေးကန်များနှင့် ရေလှောင်ကန်များ ပါ ပါဝင်သောကြောင့် လူ၇၀စာ အတွက် ငါးနှစ်စာ ရိက္ခာဖူလုံနိုင်မည်ဖြစ်သည်။
ယင်းတိုက်ခန်းများ အတွင်းသို့ ၀င်ရောက်လိုပါက လက်ဗွေရာတူမှ ၀င်လို့ရနိုင်မည်ဖြစ်ပြီး၊ လုံခြုံရေးကင်မရာများကိုပါ တပ်ဆင်ထားမည်ဖြစ်၍ အခွင့်မရှိ ဘဲ ကျူးကျော်ဝင်လာသူများကိုပါ အချိန်နှင့်တစ်ပြေးညီ စောင့်ကြပ်ပေးနိုင်မည်ဖြစ်သည်။ အနောက်ကမ္ဘာက ကမ္ဘာပျက်မှာကို သေမှာလောက် ကြောက်နေကြသောကြောင့် ယခုအချိန်ကတည်းက ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်သူများလည်း ရှိနေ၍ ယင်းတိုက်ခန်းများမှာ အရောင်းပိုသွက်လာသည်။ ကန်းဆတ်ပြည်နယ်က အသုံးမပြုတော့သော ဒုံးပျံစခန်းတွင် တည်ဆောက်ထားသည့် ယင်းတိုက်ခန်းတစ်ခန်း၏ ကာလတန်ဖိုးမှာ အမေရိကန်ဒေါ်လာ တစ်သန်း ၀န်းကျင် ပေါက်ဈေးရှိနေပြီး၊ တခိျု့နေရာများမှာ ကန်ဒေါ်လာခုနှစ်သန်းအထိ ပေါက်ဈေးရှိနေသည်။
FACEBOOK မှတဆင့်ပြန်လည်ကူးယူဖေါ်ပြပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...