စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ထူးခြားဆန်းကျယ်သော ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းကြီးများ..

Wednesday, May 30 at 10:05pm

ထူးခြားဆန်းကျယ်သော ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းကြီးများ....


ကမ္ဘာပေါ်တွင် ကြီးမားပြီး ထင်ရှား ကျော်ကြားသော ခေါင်းလောင်းကြီးပေါင်း ၅၃ လုံး ခန့်ရှိရာ ရုရှားနိုင်ငံဟာ ကြီးမားသော ခေါင်းလောင်းအများဆုံးရှိရာ နိုင်ငံဖြစ်သည့် အပြင် အာရှ၊ အနောက်ဥရောပ၊ ဥရောပ အလယ်ပိုင်းနှင့် မြောက်အမေရိကတိုက် တို့တွင်လည်း တည်ရှိရာ အချို့ကို ဖော်ပြလိုက်ပါတယ်။
ရုရှားနိုင်ငံ၊ မော်စကိုမြို့ ကရင်မလင်ရင်ပြင်ရှိ The Tsar ခေါင်းလောင်းကြီးဟာ ကမ္ဘာပေါ်တွင် ကုန်းမြေပေါ်၌ရှိသော ခေါင်းလောင်းကြီးများအနက် အကြီးမားဆုံး ဖြစ်ပါသည်။ အဆိုပါ The Tsar ခေါင်းလောင်းကြီးကို Tsarsky kolokol, Tsar kolokol III သို့မဟုတ် Royal Bell လို့လည်းခေါ်ဆိုကြပါတယ်။

ထိုခေါင်းလောင်းကြီးကို Peter the Great ၏ တူမဖြစ်သူ ဘုရင်မ Anna မှ သွန်းလုပ်စေခိုင်းခဲ့ခြင်း ဖြစ်ပြီး အလေးချိန် ၂၁၆ တန်၊ အရွယ်အစားအားဖြင့် အမြင့် ၆ ဒဿမ ၁၄ မီတာ ( ၂၀ ဒဿမ ၁ ပေ)နှင့် အချင်း ၆ ဒဿမ ၆ မီတာ (၂၁ ဒဿမ ၆ ပေ) ရှိပါတယ်။

ယင်းခေါင်းလောင်းကြီးကို ကြေးညို အမျိုးအစားဖြင့် ပညာရှင် အီဗန်မိုတိုရင်နှင့် သူ၏သားဖြစ်သူ မီခေးတို့က (၁၇၃၃-၁၇၃၅)မှာ သွန်းလုပ်ခဲ့ပါတယ်။ ခေါင်းလောင်းကြီး၏ ကိုယ်ထည်ပေါ်တွင် အနုပညာလက်ရာမြောက်သော ဒီဇိုင်းတို့ဖြင့် အလှဆင်ထားပြိး ၁၇၃၇ ခုနှစ်တွင် မီးလောင်ခဲ့သောကြောင့် ခေါင်းလောင်းကြီး၏ ၁၁ ဒဿမ ၅ တန်ခန့်ရှိသော အစိတ်အပိုင်း ကွဲအက်ခဲ့ရပါတယ်။

အဲဒီနောက် ၁၈၃၆ ခုနှစ်မှာ ကွဲအက်၍ အသံမမြည်တော့သော ခေါင်းလောင်းကြီးကို အောက်ခြေအထိုင်ဖြင့် မော်စကိုမြို့ ကရင်မလင်ရင်ပြင်တွင် Ivan the Great Bell Tower အဖြစ် တည်ဆောက်ခဲ့ပါတယ်။ ရှေးရိုးယုံကြည်သူအချို့ရဲ့ ယုံကြည်မှုအချို့ဟာလည်း ဒီခေါင်းလောင်းကြီးနဲ့အတူ ရှိနေကြတယ်လို့ သိရပါတယ်။
ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းကြီးများ ထဲတွင် တစ်ခုအပါအဝင်ဖြစ်တဲ့ မင်းကွန်း ခေါင်းလောင်းကြီးကို ဘိုးတော်ဘုရား (၁၇၈၂-၁၈၁၉)က ၁၈၀၈ခုနှစ်တွင် စတင်သွန်းလုပ်ခဲ့ပြီ ၁၈၁၀ ပြည့်နှစ်တွင် ပြီးစီးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ခေါင်းလောင်းကြီးဟာ မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်း၊ မန္တလေးမြို့မြောက်ဘက် ဧရာဝတီမြစ် အနောက်ဘက်ကမ်း ခုနစ်မိုင်အကွာ မင်းကွန်းပုထိုးတော်ကြီးမှာ တည်ရှိပါတယ်။

ထိုမင်းကွန်း ခေါင်းလောင်းကြီးရဲ့ အလေးချိန်ကတော့ ခေါင်းလောင်းကြီးပေါ်မှာ ရေးထိုးထားတဲ့ အတိုင်း အလေးချိန် ၅၅၅၅၅ ပိဿာ (မင်းဖြူမှန်မှန်ပြော) တန် ၉၀ ကျော်လေးပြီး အထူခြောက်လက်မမှ ၁၂ လက်မနှင့် ခေါင်းလောင်း အောက်ခြေနှုတ်ခမ်းမှ ထိပ်ဆုံးအထိ အမြင့်ပေ ၂၀ ဒဿမ ၇ ပေရှိပါတယ်။ ခေါင်းလောင်းကြီးအပြင်ဘက် အမြင့်ကတော့ ၁၂ ပေနှင့် အတွင်းဘက်အမြင့် ၁၁ ဒဿမ ၅ ပေရှိပါတယ်။ ၁၉၃၈ ခုနှစ်တွင် လှုပ်ခဲ့သော မြေငလျင်ဒဏ်ကြောင့် တန် ၉၀ ကျော်လေးသည့် အဆိုပါခေါင်းလောင်းကြီးသည် မြေခခဲ့ရပြီး အနည်းငယ်ပဲ့ထွက်ခဲ့ ရုရှားနိုင်ငံရှိ The Tsar ခေါင်းလောင်းကြီးနှင့်မတူ ယနေ့တိုင်ထိုး၍ အသံမြည်နေဆဲ ဖြစ်ပါတယ်။

မင်းကွန်းခေါင်းလောင်းကြီး စတင်သွန်းလောင်းခဲ့သည့် ၁၈၀၈ ခုနှစ်မှစ၍ ယနေ့တိုင်တွက်လျှင် သက်တမ်းအားဖြင့် ၂၀၂ နှစ်ပြည့်ခဲ့ကြောင်း သိရပါတယ်။
ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးဟာ ကမ္ဘာပေါ်ရှိ အကြီးဆုံး ခေါင်းလောင်း ဖြစ်သော ရုရှားနိုင်ငံရှိ The Tsar ခေါင်းလောင်းထက် မင်းကွန်း ခေါင်းလောင်းကြီး တစ်ခုစာပိုကြီးပြီး အလေးချိန်တန် ၃၀၀ ရှိပါတယ်။ အဆိုပါ ဓမ္မစေတီခေါင်းလောင်းကြီးကို မွန်ဘုရင် ဓမ္မစေတီမင်းသည် ဟံသာဝတီ (ယခုပဲခူး)ကို အုပ်စိုးစဉ် ၁၄၈၄ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်တွင် စတင်သွန်းလုပ်ခဲ့ပြီး ရွှေတိဂုံ စေတီတော်ပေါ်တွင် ပထမဆုံး လှူဒါန်းခဲ့သော ခေါင်းလောင်းဖြစ်ကြောင်း သိရပါတယ်။

ခေါင်းလောင်းကြီးသည် အမြင့်၁၂ တောင်နှင့် အကျယ်ရှစ်တောင်ရှိပြီးကြေးနီအပြင်၊ ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာများ မြှုပ်နှံသွန်းလောင်းခဲ့သည်ဟုလည်း ရှေးစာမှတ်တမ်းများ အရ သိရပါတယ်။

အဆိုပါ ခေါင်းလောင်းကြီးကို ၁၆၀၂ ခုနှစ်တွင် ပေါ်တူဂီလူမျိုး ဖိလစ်ဒီဘရစ်ကို (ငဇင်ကာ) အရည်ကျိုကာ အမြောက်သွန်းလုပ်ရန် ရွှေတိဂုံ စေတီတော် ကုန်းတော်ပေါ်မှ လှိမ့်ချ၍ မြစ်ကမ်းနားအထိ ဆင်များဖြင့်ဆွဲကာ ဖောင်တော်ဖြင့် သန်လျင်သို့ သယ်ဆောင်သွားခဲ့ရာ ပဲခူးမြစ်၊ ရန်ကုန်မြစ်နှင့် ငမိုးရိပ်ချောင်းဆုံရာ ဒေါပုံမြစ်တွင် ယနေ့ထိတိုင် နစ်မြှုပ်နေဆဲ ဖြစ်ကြောင်း သိရပါတယ်။

ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးဟာ ကမ္ဘာပေါ်တွင် စာရင်းဇယားများအရ အကြီးမားဆုံး ခေါင်းလောင်းကြီး ဖြစ်သော်လည်း မြစ်ရေအောက်ကြမ်းပြင်တွင် နစ်မြှုပ်နေသောကြောင့် The Tsar ခေါင်းလောင်းကြီးက အကြီးမားဆုံးအဖြစ် ရပ်တည်လျက်ရှိကြောင်း သိရပါတယ်။

Ref: The Myanmar Post

ဝန်ခံချက်..။ ။ရ။ပဟေဋ္ဌိချစ်သူများအဖွဲ့http://www.facebook.com/groups/masterknowledge/အတွက်အဖြေရှာရင်း..ထူးခြားဆန်းပြားအဖြစ်တင်ပေးပါတယ်
ချစ်ခင်လေးစားသော
ရွှေအိမ်စည်

ဒါကတော့..ကျနော်ရဲ့ မှတ်သားထားချက်ပါ

ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းများ



၁။ ပထမ အကြီးဆုံး =ဓမ္မစေတီ ခေါင်းလောင်း
အလေးချိန် = ၂၉၃ တန်၊
နေရာ = ရန်ကုန်တိုင်း ဒေါပုံမြစ်အတွင်း၊ မြန်မာနိုင်ငံ၊

၂။ဒုတိယ အကြီးဆုံး =( Tsar Kolokol ) ဆာ-ကိုလိုကိုး ခေါင်းလောင်း
အလေးချိန် = ၁၈၀ တန်၊
နေရာ = မောစကိုမြို့ ၊ ရုရှားနိုင်ငံ၊

၃။ တတိယအကြီးဆုံး = အလေးချိန် ၁၂၈ တန်ရှိ မော်စကိုမြို့မှ ခေါင်းလောင်း၊
၎။ စတုတ္ထ အကြီးဆုံး = မင်းကွန်းခေါင်းလောင်း
အလေးချိန် = ၉၃ .၅၅ တန်၊
နေရာ - မင်းကွန်းတောင်ရိုး၊ စစ်ကိုင်းတိုင်း၊

၅။ ပဉ္စမ အကြီးဆုံး - Chion-in ချီယွန်အင် ခေါင်းလောင်း၊
အလေးချိန် = ၆၇ တန်၊
နေရာ = ကျိုတိုမြို့၊ ဂျပန်နိုင်ငံ၊
၆။ ဆဋ္ဌမအကြီးဆုံး - Yongle ရွန်ဂဲလ် ခေါင်းလောင်း၊
အလေးချိန် = ၄၅ တန်၊
နေရာ = ဘေဂျင်းမြို့၊ တရုတ်နိုင်ငံ၊
— with Hnge- Hnge.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...