စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြည်းတစ်ကောင်ရဲ့ သတ္တိ

Tuesday, April 3 at 1:16am

မြည်းတစ်ကောင်ရဲ့ သတ္တိ

 
      လယ်သမားတစ်ယောက်ရဲ့ မြည်းလေးတစ်ကောင်ဟာ အကာအရံမရှိတဲ့ လယ်ထဲ
က ရေတွင်းထဲကျသွားတယ်။ မြည်းလေးဟာ ရေတွင်းထဲကနေ အော်ပြီးတော့ သူ့သခင်
ကိုခေါ်တယ်။ လယ်သမားကြီးဟာ ဘာလုပ်ရမလဲလို့တွေးတယ်။ နောက်ဆုံးတော့ဒီမြည်း
ဟာ အိုလည်းအိုနေပြီ၊ ဆွဲတင်နေလို့မထူးဘူး၊ ရေတွင်းကလည်း မသုံးတာကြာတဲ့ တွင်း
ဟောင်းကြီးမို့ ဖို့ပစ်တာကောင်းတယ်လို့တွေးပြီး အဖေါ်လယ်သမားတွေခေါ် မြေကြီးတွေ
ကိုတူးပြီးဖို့ကြတယ်။
မြည်းကလေးဟာ သူ့ကိုမြေဖို့နေပြီ ဆိုတာ သိတော့ ကြောက်ပြီး အသံကုန် အော်
တယ်။ နောက်မကြာခင်မှာ မြည်းအော်သံ တိတ်သွားတယ်။ တော်တော်ကြာတော့ လယ်
သမားကြီးဟာ ရေတွင်းထဲ ငုံ့ကြည့်တော့ သူအံ့သြသွားတယ်။ မြေကြီး တစ်ကော်စာ ဖို့
လိုက်တိုင်း မြည်းလေးဟာ မြေကြီးတွေကို ခါချလိုက်ပြီး မြေကြီးပေါ်ကို တစ်လှမ်းတက်
လိုက်တယ်။ လယ်သမားတွေက မြေကြီးဆက်ဖို့တိုင်း မြည်းလေးက မြေကြီးတွေကို ခါ
ချလိုက်ပြီး မြေကြီးပေါ် လှမ်းတက်လိုက်တယ်။ ရေတွင်းပြည့်ခါနီးတော့ မြည်းလေးဟာ
ရေတွင်းပေါ်ခုန်တက်ပြီးတော့ အားရ၀မ်းသာခုန်ပေါက်ပြီး ပြေးတော့တယ်။
ကိုယ့်ဘ၀ အခြေအနေက ကိုယ့်ကျောပေါ်ကို မြေတွေပုံမယ်။ ဒုက္ခကနေ လွတ်
အောင်လုပ်နည်းက ခါချပြီးတစ်လှမ်းတက်ဖို့ပဲ။ ဖို့လိုက်တဲ့မြေကြီးဟာ ကျောပေါ်မှာမနေ
ဖို့ပဲလိုတယ်။ ဖို့သမျှ မြေကြီးဟာ ခြေထောက်အောက်ကို လှေခါးအဖြစ် ရောက်သွား ရ
မယ်။
( ဆရာတော် ဦးဇောတိက )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...