စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သံသရာအကြွေးကို ကြောက်တယ်

ပူလိုက်သည့်  နေ  ချစ်ချစ်တောက်အောင်ကို ပူလောင်လွန်းနေသည်
ခဏလေးတော့  အနားယူမှပါဆိုပြီး
လှဲနေသခိုက် ဈေးဝယ်သူတစ်ယောက် ဈေးလာဝယ်၍ အနားယူနေရာမှ ထပြီး ဈေးရောင်းပေးနေရင်း ချက်ခြင်းပင် မိုးကသဲကြီးမဲကြီး
ရွာချလိုက်သည် 
ဈေးဝယ်သူအားထိုင်ရန် နေရာပေးရင် ဦးလေးခဏနားပါ  မိုးတိတ်မှ ပြန်တော့နော် ပစ္စည်းတွေ မိုးစိုကုန်မယ်နော်   ကျသင့်ငွေကို  ဘောင်ချာပေးရင်းမှ
ဦးလေး ယခင်လက်ကျန် ကုန်ဖိုးငွေ အကြွေးကျန်ရှိသေးလားမေးကြည့်တော့

ဈေးဝယ်သူဦးလေးမှနေ၍  ချက်ခြင်းပင်.....
ဟုတ်ကဲ့ပါ...........ပေး
စရာကျန်သေးတယ်ဟုဆိုကာ
ယခင်အကြွေးကျန် ငွေကိုထုတ်ပေးသည် အခုဝယ်သောပစ္စည်းကျသင့်ငွေလည်း
တခါထဲ လက်ငင်းရှင်းပေးခဲ့မှာပါ သံသရာအကြွေးကို ကြောက်တယ်ဟုပြောဆိုသည်
 ထိုစကားကြားမိတော့ လေးစားမိတယ်ဦးလေးကိုဟု ပြောလို
က်မိသည်
သူများတွေဆိုရင် တော်ယုံအကြွေးကျန်ေ
နရင် ပစ္စည်းတော်တော်နဲ့ လာမ၀ယ်တော့ဘူး  တခြားဆိုင်တွေမှာ လှည့်ပတ်ဝယ်တယ် သူတို့ငွေလုံလောက်စွာမပါခဲ့လို အကြွေးပေးမိရင် ၀ယ်သူကို မောင်းထုတ်လိုက်သလိုပါပဲ  ဦးလေးရယ် တော်တော်နဲ့ကိုယ်ဆိုင်ကို ပြန်လာမ၀ယ်တော့ဘူး ဦးလေးက အဲ့ဒီလိုမလုပ်တာကို  လေးစားတယ်ဟုထပ်ပြောမိတော့ ရွာကဖြစ်ရပ်မှန်တစ်ခု ဦးလေးပြောမယ် ဦးလေးတို့ရွာမှာ လူဝင်စားတစ်ယောက်ရှိတယ် အဲ့ဒီကလေးက သူဟာအရင်ဘ၀က အခုမိဘတွေထံမှာပဲ နွားဘ၀ တစ်ခါ ခွေးဘ၀မှာ တစ်ခါနေခဲ့ရတယ်  အခုတစ်ခါ ဒီဘ၀လူပြန်ဖြစ်တာ အရင်လူဘ၀တုံးက ထင်းဖိုးကို ငွေ၇၀၀ကျပ် ဖိုးဝယ်ပြီး ငွေအပြည့်မပါခဲ့လို့  ၃၅၀ကျပ်အကြွေးကျန်ခဲ့မိတယ် ကျန်သေးတဲ့အကြွေး  မဆပ်သေးခင်မှာပဲ သူဟာနေမကောင်းတော့ မကျန်းမာဖြစ်ပြီး သေဆုံးခဲ့တယ်  အဲ့ဒီအကြွေးကြောင့် သူဟာ နွားဘ၀ တစ်ခါ ခွေးဘ၀မှာ တစ်ခါ ၂ဘ၀ တောင်မှအခုလက်ရှိမိဘအိမ်မှာ တိရစ္ဆာန်ဘ၀နဲ့ အကြွေးမကျေလို့ပေးဆပ်နေခဲ့ရတာကြောင့်  အခုလူပြန်ဖြစ်ပြီး အတိတ်ဘ၀ကို ပြန်သိလို့ အရင်ဘ၀က မိသားစုဟောင်းတွေဆီကနေ
အကြွေးလက်ကျန်ငွေကို  တောင်းပေးချ
င်လို့လိုက်ပို့ပေးပါဆိုပြီး
ကလေးက အခုဘ၀သူမိဘတွေကိုပြောတယ်လေ  ကလေးကပြောဆိုနေပေမယ့် လက်ရှိအခုမိဘတွေက လိုက်မပို့ပေးရဲကြဘူး  အရင်ဘ၀က ဒီကလေး မိသားစုအသိုင်းအ၀ိ
ုင်းဟာ ရွာထဲမှာလူဆိုး လူမိုက်တွေဆိုတော့ ကလေးပြောလို့လိုက်ပို့ပေးလိုက်ရင် ဟိုးအရင်ကသူတို့အဖေသေဆုံးတာကို
အခုလူဝင်စားကလေးက မဟုတ်တာတွေလြာေ
ပာတယ် မယုံကြည်ဘူးဆိုပြီး ပြသနာတက်ရန်လိုမှု့တွေ ဖြစ်မှာဆိုးရိမ်လို့သူတို့ရဲ့သားလေးလိုက်ပို့ခိုင်းတာကို လုံးဝလိုက်မပို့ပေးကြဘူး
ကဲ....သံသရာကအကြွေး ဆပ်ရတာ ဘယ်လောက်ကြောက်စရာကောင်းလဲ
 အင်းးးဟုတ်တယ်ဦးလေးရေ  အခုခေတ်ကတော့ သံသရာလည်းမသိ တရားလည်း
မသိဖြစ်နေပြီနော်ဟုပြန်ပြောမိေ
တာ့ ဦးလေးတို့ အဖေဟာလည်း သူအရင်ဘ၀က ကြောင်သေလို့ဝင်စားတာလို့အခုလိုမိုးအေးနေရင်ပြန်ပြောပြတတ်တယ်
သူအရင်ဘ၀က ကြောင်ဘ၀မှာ အမဲခြောက်  နေလှမ်းထားတာကို ခိုးစားတော့
အမဲခြောက် နေလှမ်းသူက ကြေးနန်းကြိုးနဲ့ သုတ်ကိုင်းထောင်ထားတာ
ခြေချောင်းတစ်ခုကို ကြေးနန်းကြိုး  စွပ်မိနေတော့ သူထောင်ခြောက်ထဲမိတာပေါ့
အယ့်ဒီမှာတင် အမဲခြောက်လှမ်းသူကေ
နပြီး ကြောင်ကိုရိုက်သတ်လိုက်တာ
ကြောင်ဘ၀မှာ သူများအရိုက် အသတ်ခံရပြီး သေတော့ အခုဘ၀ လူပြန်ဖြစ်တော့ အဖေရဲ့ခြေမလေး တစ်ခြောင်းဟာ သိမ်နေတယ်.......
ကြိုးကွင်းစွပ်မိလို့မွေးရာပါသိ
မ်ပြီး ဒီဘ၀ထိပါလာတာဆိုပြီးပြောပြတတ်တယ်
ဒါကြောင့် သံသရာအကြွေးတင်မှာကို ကြောက်မိတယ် နေ့မြင်ညပျောက်
အခုမြင်  အခုပျောက် ကြောက်စရာကောင်းလွန်းတယ်ဗျာ
နောက်တခါကျွန်တော့် မျက်စေ့ရှေ့
တင်ပေါ့ဗျာ ကျွန်တော် လ္ဘက်ရည်ဆိုင်  ထိုင်သောက်နေတော့  လူတစ်ယောက် လ္ဘက်ရည်သောက်ပြီး  သူကွမ်းယာစားနေတယ် ကွမ်းတံတွေး တဖက်ကိုလှည့်အထွေးမှာပဲ အယ့်ဒီလူ တစ်ခါထဲအသက်ထွက်သွားတယ်ဗျာ
နောက်တစ်ယောက်ကကြတော့  အိမ်ဘေးနားကသားအဖပေါ့ဗျာ
သူအဖေက သူသမီးကိုဆံပင်မွေးအဖြူကိုနုတ်
ခိုင်းတယ် သမီးဖြစ်သူက
ဆံပင်အဖြူကို သူ့အဖေကြီးကို နုတ်ပေးသခိုက်မှာပဲ  သူအဖေကြီး ဆံပင်ဖြူ အနုတ်ခံနေရင်းကပဲ အောက်ကငုတ်တုတ် အသက်ထွက်နေပြီလေ သေခြင်းတရားဆိုတာဟာလဲ မမြင်ရဘူး  အခုမြင် အခုပျောက် ဒါကြောင့် လူဘ၀ရောက်သခိုက်လေးမှာ ဆရာတော်တွေဟောတဲ့ ဘုရားတရားတွေကိုနာကြားတယ် သံသရာကိုကြောက်မိတယ် ဘယ်သူကိုမှ  မတရားသဖြင့်မလုပ်ဘူး ဆင်းရဲနေတော့ အမြဲတန်းဘုရားကျောင်းကန်  မသွားဖြစ်ဘူ
း   ဘုရားတရားတော်တွေကို
ရေဒီယိုသေးသေးလေးကနေပြီး နေ့တိုင်း   အမြဲထုတ်လွင့်နေတာ  နာြး
ကားရင်း
တရားသဖြင့်  နေထိုင်လုပ်ကိုင်တယ် ရေဒီယိုလေးကနေပြီး တရားတော်တွေ   ထုတ်လွှင့်ပေးနေတာကို
လည်း ကျေးဇူးတင်နေမိတယ်ဗျာ
မ..မ ဦးလေးကြီးကိုထပ်ခါထပ်ခါလေးစား
မိနေသည်
မတရားတာတွေများနေသော အခုခေတ်တွင်
တရားသဖြင့် ဖြူစင်စွာ  စိတ်  ထား၍ လုပ်ကိုင်နေထိုင် စားသောက်နေကြသူများ ပေါများလာကြရင်ဖြင်
့  လောကကြီး အေးချမ်းသာယာ လှပလိုက်မည်ဖြစ်ခြင်းဟု တွေးတောနေမိရင်း
ဖြစ်ရပ်မှန်လေးကို  ရေးသားမျှဝေလိ
ုက်ပါတယ်နော်
စာချစ်သူများ
အသိတရား တစ်ခုရခဲ့ရင်ကြည်နူးမိပါတယ်.........
..

မ .. မ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...