စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြတ်စွာဘုရားရှင်၏ ကြည်ညိုဖွယ်ရာ ဥာဏ်တော်(၁၀)ပါး


                         မြတ်စွာ ဘုရားရှင်သည် သစ္စာ(၄)ပါး မြတ်တရားကို ပိုင်းခြားထင်ထင် ကိုယ်တော်တိုင် သိမြင်တော် မူသကဲ့သို့ သတ္တ၀ါ
ဝေနေယျ အပေါင်းတို့အားလည်း ရင်မှ ဖြစ်သော သားကဲ့သို့  ကြီးမားလှစွာသော  မဟာကရုဏာတော်ဖြင့်  သိမြင်စေရန် ဟောကြားတော်
မူခဲ့ပါသည်။
                         ဘုရားရှင်၏ အခြားသော လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါတို့နှင့် မည်သို့မျှ မတူသော ထူးခြားမှုများအနက်  ဘုန်းတော်(၆)ပါး၊
ဂုဏ်တော်(၉)ပါးနှင့် အာဝေဏိက ဂုဏ်တော် (၁၈)ပါးတို့အား အတော်များများသိပြီးဖြစ်ကြပါသည်။ သို့သော် ဘုရားရှင်၏ ဥာဏ်တော်(၁၀)
ပါးနှင့် ဘုရားရှင်၏ အံ့ဖွယ်(၁၈)ပါးတို့အား သိသူနည်းပါးနိုင်ပါသည်။
                         အချို့သော ဒေသများတွင်  အောက်ပါ ဘုရားရှင်၏ ဥာဏ်တော်(၁၀)ပါးအား ဘုရားရှိခိုးအဖြစ် ပူဇော်လျှက်ရှိပါသည်။

(၁)    ဌာနာ ဌာန ကောသလ္လဥာဏ်တော် 
                         အရာဟုတ်သည် မဟုတ်သည်တို့ကို သိတော်မူသောဥာဏ်တော်၊  ( ဥပမာအားဖြင့်  ရုပ်၊ နာမ် ဓမ၊္မ သင်္ခါရတရား တို့ကို မြဲခြင်းစသည်အားဖြင့် နိစ္စ ၊ သုခ ၊ အတ္တ ရှု မှတ်ခြင်းသည် လမ်းမှန် မဟုတ်၊ အနိစ္စ ဒုက္ခ အနတ္တ ဟု ရှုမှ လမ်းမှန်ဟု မည်သူမှ လမ်းညွှန်မှု
မရှိပဲ ကိုယ်တော်တိုင် သိတော်မူခြင်း )
(၂)    အတီတာနာဂတ ပစ္စုပ္ပန္နာန ကမ္မသမာဒါနာန ၀ိပါက ဥာဏ်တော်
                         သတ္တ၀ါ တစ်ဦး၏ အတိတ် အနာဂါတ် ပစ္စုပ္ပန်၌ ရှိနေကုန်သောကုသိုလ် အကုသိုလ်ကံတို့ကို၎င်း၊ ထိုကံတို့၏အကျိုးကို
လည်းကောင်း၊ ယင်းကံတို့ကို ထောက်ပံ့နေသော ဥ ပ တ္ထ မ္ဘ က အကြောင်း၊ တိုက်ရိုက် ဟေတု အကြောင်းအားဖြင့် အလုံးစုံသောကံတို့၏
ရှေ့ဖြစ်  နောက်ဖြစ် အားလုံးကိုသိတော်မူသောဥာဏ်တော်၊ ( ဥပမာ သတ္တ၀ါတစ်ဦး၏လက်ရှိကာလ၊ ရောက်ရှိနေရာ ဘုံဘ၀ဂတိ၊ တည်ရာ
ဥပဓိ၊ ကိုယ်နှုတ်စိတ်သုံးပါး ဟူသော ပယောဂ လုလ္လ၊  သမ ၀ိပဿနာဟူသော အကြောင်းတို့ ပြည့်စုံမှ အကျိုးပေးနိုင်ကြောင်း စသည်ဖြင့်
သိတော်မူနိုင်ခြင်း)
(၃)   သဗ္ဗတ္ထဂါမိနီ ပဋိပဒါဥာဏ်တော်
                         အလုံးစုံကုန်သောသုဂတိ၊ဒုဂ္ဂတိဘ၀များသို့ရောက်ကြောင်းဖြစ်သော ကျင့်စဉ်လမ်းစဉ်ကို သိတော်မူသောဥာဏ်တော်။
(  ဥပမာအားဖြင့် ဤ အကျင့်ကိုလျှင် နတ်ရွာသုဂတိ ရောက်နိင်၏၊  ဤအကျင့်ကို  ကျင့်လျှင်ကား အပါယ်ငရဲဒုဂ္ဂတိဘုံဘ၀သို့ရောက်နိုင်၏
စသည်ဖြင့် သိတော်မူနိုင်ခြင်း)
(၄)    အနေကဓါတု နာနာဓါတု လောကဥာဏ်တော်
                         မတူခြားနားသော အမျိုးမျိုးသော ဓာတ်သဘာဝရှိသော သတ္တလောကကို သိတော်မူသောဥာဏ်တော်၊ (ဥပမာအားဖြင့်
ရုပ်ခန္ဓာသက်သက်သာရှိသော အသညသတ်ဗြဟ္မာ စသောလောကကို၎င်း၊ နာမ်ခန္ဓာ ၄ ပါးသက်သက်သာ ရှိသော  အရူပဗြဟ္မာ့ဘုံစသော
လောကကို၎င်း၊ ရုပ် နာမ် နှစ်ပါးစုံရှိသော လူ့ဘုံ ကာမာဝစရ နတ်ပြည်ခြောက်ထပ်၊  တိရိ စ္ဆာန် စသော ဘုံလောကကို၎င်း ခန္ဓာ အာယတန
ဓာတ် စသည်အားဖြင့် ပိုင်းခြား သိမြင်တော်မူနိုင်ခြင်း)
(၅)    သတ္တာနံ နာနာ ဓိမုတ္တိကတာ ဥာဏ်တော်
                         များပြားလှစွာသော သတ္တ၀ါတို့၏ အမျိုးမျိုးသောနှလုံးသွင်း မှန်မမှန်ကိုလည်းကောင်း၊ ၊ ဓာတ်ခံ ကောင်း မကောင်းကို
လည်းကောင်း သိတော်မူတတ်သော ဥာဏ်တော်။ ( ဥပမာ - သတ္တ၀ါတစ်ဦး၏ ယုတ်ညံ့သော နှလုံးသွင်း ဓာတ်ခံ ရှိသလော၊ မြင့်မြတ်သော
နှလုံးသွင်း ဓာတ်ခံရှိသလော စသည်ဖြင့် ဝေနေယျတို့၏ ဟီနာဓိမုတ္တိက ၊ ပဏီတာ ဓိမုတ္တိက ဖြစ်မဖြစ်ကို ဝေဖန် သိတော်မူနိုင်ခြင်း)
(၆)    ဣန္ဒြိယ ပရောပရိယတ္တိ ဥာဏ်တော်
                        ယုတ်ညံ့သောသတ္တ၀ါ၊ မြင့်မြတ်သော သတ္တ၀ါတို့၏ တရားထူးရနိုင် မရနိုင် နှင့် ဣနြေ္ဒ အနု အရင့် စသည်ကို သိတော်မူ
နိုင်သော ဥာဏ်တော်။ ( ဥပမာ  အပင်မှသရက်သီးကိုလှမ်းကြည့်ကာ ဤသရက်သီးမှည့်နိုင်ပြီ၊ မမှည့်နိုင်သေးစသည်ဖြင့် မျှော်မှန်းကြည့်ရ
သကဲ့သို့ သတ္တ၀ါတို့၏ အတွင်းအဇ္ဈာသယဓာတ်ခံ နှင့် စရိုက်အမျိုး မျိုးကိုလည်းကောင်း၊  ကျွတ်ထိုက်ပြီ..၊  မကျွတ်ထိုက်သေး..၊ ဤသူ၏
သန္တာန်၌ ကိလေသာနည်းသည်၊ ကိလေသာများသည် စသည်ဖြင့်လည်းကောင်း၊  ယုံကြည်မှုသဒ္ဓါ၊ ၀ီရိယ၊ သတိ ၊သမာဓိ ၊ ပညာဟူသော
ဣနြေ္ဒ ငါးပါးတို့ ပြည့်စုံ ရင့်ကျက်နေပြီလော၊ ယခုအချိန် တရားဟောလျင် ကျွတ်နိုင်ပြီ..၊ မကျွတ်နိုင် သေး....  စသည်ဖြင့် သိမြင်နိုင်တော်
မူခြင်း)
(၇)   ဈာန ၀ိမောက္ခ သမာဓိ သမာပတ္တီနံ သံကိလေသ ဝေါဒါန ၀ုဋ္ဌာန ဥာဏ်တော်
                          ရရှိပြီးသော  ဈာန်တရား၊  ၀ိမောက္ခတရား၊  သမာဓိ၊  သမာပတ် တရားတို့၏   ညစ်နွမ်းပုံ၊ ညစ်နွမ်းကြောင်း၊  ဖြူစင်ပုံ
ဖြူစင်ကြောင်း၊ ဈာန် သမာပတ်တို့မှ ထမြောက်ပုံ ထမြောက်ကြောင်း နည်းလမ်းတို့ကို အသေးစိတ် ရှင်းလင်းပီသစွာသိမြင်တော်မူနိုင်ခြင်း။
(၈)   ပုဗ္ဗေ နိဝါသာ နုဿတိ ဥာဏ်တော်
                         ရှေးကနေခဲ့ဖူး ဖြစ်ခဲ့ဖူးသော ခန္ဓာအစဉ်၊ ဘ၀အစဉ်တို့ကို ဘ၀ခြားသည်ဖြစ်စေ၊ တစ်ဆက်တည်းဖြစ်စေ၊ကပ်ကမ္ဘာများ
ခြားသည်ဖြစ်စေ၊ ဆက်တိုက်ဖြစ်စေ၊  ကိုယ်တော်တိုင်၏  ဘ၀ဖြစ်စဉ်ကိုလည်းကောင်း၊    စကြာဝဠာ အနန္တ၌ ရှိနေကြကုန်သော.. သုဂတိ
ဒုဂ္ဂတိ သတ္တ၀ါအားလုံးတို့၏  ဘ၀ဖြစ်စဉ်ကိုလည်းကောင်း သိတော်မူနိုင်သောဥာဏ်တော်။  ( ဤသူသည်မည်သည့်ကပ်ကမ္ဘာ၌ လူ့ဘ၀ကို
ရခဲ့ဖြစ်ခဲ့သည်၊  မည်သူနှင့် တွေ့ခဲ့သည်၊  မည်သူနှင့် မေတ္တာ ရေစက်ရှိခဲ့ဖူးသည်  စသည်ဖြင့် ဘ၀ အစဉ်လိုက်ဖြစ်စေ ၊ ခုန်ကျော်ပြီးဖြစ်စေ
သိမြင်တော်မူနိုင်ခြင်း ဖြစ်၏။  ပစ္စေကဗုဒ္ဓါ၊  အဂ္ဂသာဝက၊ မဟာသာဝကစသော အရှင်မြတ်တို့သည် ကိုယ့်ဘ၀အစဉ်ကိုလည်းကောင်း၊ သူ
တပါးတို့၏ဘ၀ကို လည်းကောင်း၊ အစဉ်လိုက်သာမြင်စွမ်းနိုင်၏၊ ဘုရားရှင်တို့သည်ကား လိုအပ်လာလျင်ခုန်ကျော်ပြီး ကြည့်လိုက်ကြည့်နိုင်
မြင်စွမ်းရှိတော်မူခြင်း )
(၉)   စုတူပ ပါတ(စုတိ+ဥပပါတ) ဥာဏ်တော်
                           ( စုတိ + ဥပပါတ ) သတ္တ၀ါ အားလုံးတို့၏ သေရမည့်အချိန်၊ သေခါနီးအချိန်၊ ပဋိသန္ဓေနေရမည့်အချိန်၊ ပဋိသန္ဓေနေ
ပြီးခါစ အချိန်၊ စသည့် သာမာန် လူသားတို့ မမြင်စွမ်းနိုင်သောအရာကို သိမြင်တော်မူနိုင်သောဥာဏ်တော်၊ ( သတ္တ၀ါတစ်ဦးကို ကြည့်တော်
မူကာ  ဤသူသည်.... ဒီဘ၀မှ မည်သည့်အချိန်တွင် သေလွန်မည်၊ မည်သို့  သေလွန်မည်၊ သေပြီးက မည်သည့် ဘ၀သို့ ရောက်လိမ့်မည်၊
စသည်ဖြင့် သုဂတိ၊  ဒုဂ္ဂတိရောက်မည် ဟူသော  သုဂတိပရာယဏ ဒုဂ္ဂတိပရာယဏ အားလုံးကိုလည်းကောင်း၊  မိမိတို့ ပြုလုပ်ထားသော
ကံအားလျော်စွာ ဖြစ်ရမည့် ယထာကမ္မူပဂ စသည်အားဖြင့်လည်းကောင်း၊ အပိတ်အပင်အတားအဆီးမရှိ ပကတိအတိုင်းသိမြင်တော်မူနိုင်
ခြင်းဖြစ်၏ အချို့  နေရာများ၌  ဒိဗ္ဗစက္ခု အဘိဥာဏ် ဟုလည်း သုံးနှုံးပူဇော် ကြပါသည်)
(၁၀)    အာသ၀ါနံ ခယာ အနာသ၀ စေတောဝိမုတ္တိ ပညာဝိမုတ္တိ ဥာဏ်တော်
                           အာသဝေါတရားတို့၏ ကုန်ရာ....  နိဗ္ဗာန်ကိုသိတော်မူခြင်းကြောင့် သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ခြင်း...ဟူသော
ဥာဏ်တော်၊  ဤဥာဏ်တော်ကား.....  ၄ အသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိတိ  ကာလပတ်လုံး ပါလာသော ကိလေသာတရားတို့ကို ၀ါသနာ၊
အလေ့အကျင့်၊ အထုံပါရမီ နှင့်တကွ ပယ်သတ် အောင်မြင်တော်မူနိုင်ခြင်း။
                           သဗ္ဗညုတ ဘုရားရှင်တို့၏ ဥာဏ်တော်၊ဂုဏ်တော်တို့ကို အာရုံပြုကာ ရိုသေစွာရှိခိုး  ကြည်ညိုပူဇော်အပ်ပါကြောင်းနှင့်
ကြည်ညိုသဒ္ဓါပွါးနိုင်ကြပါစေကြောင်း.........။


``ဥာဏ၀ိဘင်း ပါဠိတော်နှင့် အဋ္ဌကထာ ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော် မဟာဝဂ္ဂ´´ ( လောကနတ် ၀က်ဆိုဒ်မှ မှီငြမ်းကူးယူ ပူဇော်အပ်ပါသည်)

ထိုလင့်တွင်အပြည့်အစုံဖတ်ပါ: http://www.shwemyotaw.com/profiles/blog/show?id=5442636%3ABlogPost%3A4384937&xgs=1&xg_source=msg_share_post#ixzz1wdl6A0UE

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...