လေးနှစ်သားအရွယ် ကလေးငယ်ခန့်ရှိသော ကိုးနှစ်သားအရွယ်ရှိ ဂရီဒီစပွန်းဘော့ အမည်ရှိ ကြောင်ကို ကမ္ဘာအကြီးဆုံး ကြောင်ကြီးအဖြစ် DMသတင်းဌာနက ဇွန်လ၁ရက်နေ့တွင် ဖော်ပြခဲ့သည်။
အဆိုပါကြောင်သည် ကိုယ်အလေးချိန် ၃၃ပေါင်ရှိပြီး လွန်ခဲ့သည့်နှစ်လက နယူးယောက်မြို့ရှိ
တိရစ္ဆာန်ကယ်ဆယ်ရေးစခန်းသို့ ရောက်လာပြီး နှစ်လအတွင်း အဆိုပါဌာနက ကြောင်အား
ကိုယ်အကိုယ်အလေးချိန် ၃၃ပေါင်ကျသွားအောင် ကူညီနိုင်ခဲ့သည်။
ယခင် ကမ္ဘာ့အ၀ဆုံးကြောင်ဖြစ်သော နယူးမက္ကဆီကိုပြည်နယ်၊ ဆန်တာဖေးမြို့မှ ကိုယ်အလေးချိန် ၃၉ပေါင်ရှိ
ညှောင်အမည်ရှိ ကြောင်သည် ယခုလအစောပိုင်းတွင် အဆုတ် ရောဂါဖြင့် ကွယ်လွန်သွားပြီးနောက်
ယခုကြောင်သည် ကမ္ဘာ့အ၀ဆုံးကြောင် ဖြစ်လာခြင်းဖြစ်သည်။
တရုတ်နိုင်ငံ ဟူကူးမြို့မှ ကြက်မတစ်ကောင်သည် ထူးဆန်းသောပုံသဏ္ဌန်ရှိ ကြက်ဥတစ်လုံးကို ဥခဲ့ရာယင်းကြက်ဥတွင် တစ်လက်မခန့် ရှည်လျားသော အမြီးပါဝင်လာကြောင်း သိရသည်။ အမြီးပါဝင်လာသောကြောင့် ယင်းကြက်ဥသည် ရွှေငါးနှင့်တူနေသည် ဟုဆိုသည်။သို့သော်ပင်မကြက်ဥမှာ သာမန်ထက်သေးငယ် သည်ဟုဆိုသည်။ ကြက်ဥ၏အလျားသည် ၈ဒသမ၅ စင်တီမီတာရှိသည်။
အစွယ်ရှိဖျံကြီးပေါင်း
၁၅,၀၀၀ကျော်သည် အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်
ပိုက်ဒရာဘရန်ကာ ကမ်းခြေသို့ အစုလိုက်အပြုံလိုက် လာရောင်သောင်တင်ကာ
သေဆုံးခဲ့ကြောင်း သိရသည်။ အဆိုပါဖျံကြီးမျိုးသည် အလျား၁၆ပေနှင့် ကိုယ်အလေးချိန် နှစ်တန်ခွဲအထိ ကြီးထွားနိုင်ကြောင်း သိရသည်။
မက်ဆာချူးဆက်ပြည်နယ်
နော်သမ်တန်မြို့၌ နေထိုင်သော အေပရယ်ဘရစ်အမည်ရှိ အမျိုးသမီးသည် ထူးခြားသည့်
ငှက်သံတစ်သံကိုကြား၍ သူ၏နောက်ဖေး မြေကွက်လပ်သို့ ထွက်ကာ စူးစမ်းကြည့်သည်။
ထိုအခါ ဦးခေါင်းနှစ်လုံးနှင့် နှုတ်သီးသုံးခုပါဝင်သော ငှက်ငယ်တစ်ကောင်ကို
အံ့သြဖွယ်တွေ့ရှိရသည်။ သူသည် ယခုနေအိမ်၌ နေထိုင်လာသည်မှာ၂၆
နှစ်ရှိပြီဖြစ်သော်လည်း ယင်းကဲ့သို့သောငှက်မျိုး တစ်ခါမျှ မမြင်ဖူးဘူးဟု
ဆိုသည်။ သူသည် ငှက်ငယ်ကို ဓာတ်ပုံရိုက်ကူးပြီး သူ့အတိုင်းထားခဲ့သော်လည်း
နာရီအနည်းငယ်ကြာ၍ ယင်းနေရာသို့ပြန်ကြည့်သောအခါ ငှက်ငယ်သည် မြေပြင်ပေါ်၌
လဲလျောင်းနေသည်ကို တွေ့မြင်ရသည်။ ကြောင်များ ခုတ်သွားမည်စိုးသောကြောင့်
သူသည် ငှက်ငယ်အား ကောက်ယူကာ သစ်ကိုင်းမြင့်တစ်ခုပေါ်၌ တင်ပေးခဲ့သည်။
နောက်တစ်နေ့မနက်တွင် ငှက်ငယ်သည် ယင်းနေရာမှ ပျောက်ကွယ်သွားသည်ကိုတွေ့ရှိရသည်ဟုဆိုသည်။ ငှက်များကာကွယ်ရေး အဖွဲ့မှ ပညာရှင်များက ယင်းကဲ့သို့သော ငှက်မျိုးမှာ အသက်ရှင်နိုင်ခြေ အလွန်နည်းပါးသည် ဟုဆိုသည်
No comments:
Post a Comment