စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







Valentine’s Day အကြောင်း သိကောင်းစရာ

ချစ်သူများနေ့ဟု ယနေ့ လူသိများကြသည့် Valentine’s Day သည် ခရစ်ယာန် အယူဝါဒကို စွန့်လွှတ်ရန် ငြင်းဆန်ပြီး အသက် အသေခံ သွားသည့် St. Valentine ကို အမှတ်ယ စေရန် သတ်မှတ်ထားသည့် နေ့ဖြစ်သည်။ ခရစ် သက္ကရာဇ် ၂၇၀ ခန့်လောက်က ရောမ အင်ပါယာတွင် ခရစ်ယာန် အယူဝါဒ ယုံကြည် ကိုးကွယ် သူများအား သူတို့၏ ယုံကြည် ကိုးကွယ်မှုကို စွန့်လွှတ်ရန် နှင့် မစွန့်လွှတ်ပါက ကွက်မျက်ခြင်း ခံရမည်ဟု ကြေညာခဲ့သည်။ ထိုအခါတွင် ခရစ်ယာန် ဘုန်းတော်ကြီး St. Valentine ဆိုသူသည် သူ၏ ခရစ်တော် အပေါ် ထားရှိသည့် ချစ်ခြင်းမေတ္တာကို ကြောက်ရွံ့ခြင်းမရှိဘဲ ဖော်ထုတ် သဖြင့် ဖမ်းဆီးခံရပြီး၊ ခရစ်ယာန် ယုံကြည်မှု အယူဝါဒကို စွန့်လွှတ်ရန် ငြင်းဆန်သောကြောင့် နောက်ဆုံးတွင် ခေါင်းဖြတ် ကွက်မျက်ခြင်း ခံလိုက်ရသည်။
Saint Valentine အား အကျဉ်းထောင်ချ ထားစဉ် တွေ့ရပုံကို ပန်းချီဆရာက စိတ်ကူးဖြင့် သရုပ်ဖော်ထားသည်
ထို့ကြောင့် Valentine’s Day ကို ကျင်းပရာတွင် ထာဝရ ဘုရားသခင် အပေါ် နက်ရှိုင်းသော ချစ်ခင် ယုံကြည်မှု အတွက် ကိုယ်ကျိုး နှင့် အသက်ကို စွန့်သည့် ဘုန်းတော်ကြီး St. Valentine အား ကြည်ညို လေးစားခြင်းကို ပြသသည့် အနေဖြင့် ရှေးဦးစွာ ခရစ်တော်အား သင့်၏ အသက်ကို အပ်နှင်းရသည်။ ဒုတိယမှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတို့ကို ခြွင်းချက် မရှိ ကောင်းချီးပေးရသည်။ နောက်ဆုံးတွင် သင့်၏ ချစ်သူများ ထံတွင် သူတို့၏ ကျေးကျွန်သဖွယ် သင့်၏ လိုအင်ဆန္ဒများကို တောင်းဆိုခြင်း မရှိဘဲ အနစ်နာခံ အလုပ်အကျွေး ပြုရသည်။ ချစ်သူများ ဆိုရာတွင် ဘုရားသခင် မှ အစပြုသည်။ ခရစ်ယာန်တို့သည် ဘုရားသခင်ကို ချစ်ခြင်းနှင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ ခံယူခြင်း ဟု ခေါ်ဝေါ်ကြသည်။ “Be my Valentine” ဆိုသည်မှာ “You are loved” ဟု အဓိပ္ပါယ် ရသည်။ ဘုရားသခင်သည် သင့်ကို ချစ်ခြင်းမေတ္တာ ထားပြီး၊ သင့်အား သူ့၏ ချစ်သူ အဖြစ် အလိုရှိသည်။ အင်္ဂလိပ်လို ပြောရာတွင် “God loves you and wants you to be His valentine.” ဟုဆိုသည်။ ထို့ကြောင့် Valentine’s Day နေ့တွင် ဘုရားသခင်၏ ချစ်သူ အဖြစ်ခံယူပြီး၊ ဘုရားသခင်အား ကိုယ်ကျိုးစွန့် အနစ်နာခံ ချစ်ခြင်းကို ဦးစွာ လုပ်ဆောင်ရမည် ဟုဆိုကြသည်။ ထို့နောက်တွင်မှ မိဘနှင့် သားသမီးတို့ ချစ်ခြင်းမေတ္တာများ၊ မိတ်ဆွေ ညီအကို မောင်နှမတို့ ချစ်ခြင်း မေတ္တာများ၊ လင်မယား သားသမီးတို့ ချစ်ခြင်း မေတ္တာများ၊ စုံတွဲ သမီးရည်းစားတို့ ချစ်ခြင်းမေတ္တာများကို တစ်ဦးအပေါ် တစ်ဦး ကိုယ်ကျိုးစွန့် အနစ်နာခံပြီး ချစ်ခြင်းမေတ္တာ ရှိကြသည်ကို ဖော်ထုတ်ကြသည်။
အချုပ်ဆိုရမူ Valentine’s Day ဆိုသည်မှာ ထာဝရ ဘုရားသခင် နှင့် သက်ဆိုင်သည့် ချစ်ခြင်းမေတ္တာကို ခရစ်ယာန် ဘာသာဝင်များက ဖော်ကျူးသည့် နေ့တနေ့ အဖြစ် ကျင်းပခြင်း ဖြစ်သည်။
Happy Valentines Day Holy Lovers!


http://www.aung.info/

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...