စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကိုကာ ကိုလာ သောက်ခြင်းဖြင့် မကောင်းသောအဆီ တိုးစေနိုင်

Posted by M0nlay on ဖေဖဝါရီ 26, 2012 at 4:40pm

နေ့စဉ် ကိုလာတစ်လီတာခန့် သောက်တာကြောင့် ဝမ်းဗိုက်ထဲက အင်္ဂါအစိတ်အပိုင်း တစ်ဝိုက်ရှိ အသည်းနဲ့ ကြွက်သားတွေမှာ အဆီတိုးစေနိုင်တယ်လို့ နယူးဒန်းနစ်ရှ် လေ့လာမှုက တွေ့ရှိခဲ့ပါတယ်။ ဒီအဆီစုပုံတာဟာ Metabolic Syndrome ဖြစ်နိုင်ခြေကို တိုးစေတယ်လို့ တခြားလေ့လာမှုတွေက ဆိုထားပါတယ်။ Metabolic Syndrome ဆိုတာ ဆီးချိုသွေးချိုရောဂါ၊ နှလုံးရောဂါနဲ့ လေဖြတ်ဝေဒနာတို့ ဖြစ်နှုန်းကို တိုးစေတဲ့ ရောဂါစုပါ။ လေ့လာမှုမှာပါဝင်တဲ့ ပုံမှန်ထက် ကိုယ်အလေးချိန်များသူနဲ့ အဝလွန်သူ၄၇ ဦးကို ရေ၊ နွားနို့၊ Diet လုပ်ထားတဲ့ကိုလာနဲ့ ပုံမှန်ကိုလာတို့ကို သောက်သုံးစေခဲ့ပါတယ်။ လေ့လာမှုအပြီးမှာ ပုံမှန်ကိုလာ သောက်သူတွေက သူတို့ရဲ့ အင်္ဂါအစိတ်အပိုင်း တစ်ဝိုက်မှာ အဆီ၂၅ရာခိုင်နှုန်း စုနေတာကို တွေ့ရပြီး ဒါဟာ အသည်းနဲ့ ကြွက်သားတွေမှာရှိတဲ့ အဆီပမာဏကို နှစ်ဆတိုးစေတာ ဖြစ်ကြောင်း တွေ့ရှိခဲ့ရပါတယ်။ ''ဒီအဆီတွေက အရေပြားအောက်မှာ ရှိနေတဲ့ အဆီတွေထက် ပိုအန္တရာယ်များပါတယ်''လို့ ဒေါက်တာရစ်ချယ်လ်ဆန်က ရှင်းပြပါတယ်။



တရုတ်နိုင်ငံတွင် မွေးဖွားခဲ့ဖူးသမျှ၌ အကြီးဆုံးဖြစ်သော ကလေးတစ်ဦးကို တရုတ်နိုင်ငံ အလယ်ပိုင်းတွင် ဖေဖော်ဝါရီလ၄ရက်နေ့က မွေးဖွားခဲ့ကြောင်း သိရသည်။ ချန်ချန်အမည်ရှိ ကလေးငယ်သည် ကိုယ်အလေးချိန် ၁၅ ဒသမ ၅၂ ပေါင်ရှိပြီး တရုတ်နိုင်ငံတွင် မွေးဖွားခဲ့ဖူးသမျှ ကလေးထဲ၌ အကြီးဆုံး ဖြစ်ကြောင်း သိရသည်။ ကလေးငယ်ကို တရုတ်နိုင်ငံ ဟေနန်ပြည်နယ် စင်ကျန်းမြို့ ဆေးရုံတွင် မွေးဖွားခဲ့ပြီး မိခင်ရောကလေးပါ ကျန်းမာလျက်ရှိကြောင်း သိရသည်။ ကမ္ဘာ့အကြီးဆုံး ကလေးမှာ ၁၈၇၉ခုနှစ်က အမေရိကန် ပြည်ထောင်စု အိုဟိုင်းယိုးတွင် မွေးဖွားခဲ့သည့်ကလေးဖြစ်ပြီး ကိုယ်အလေးချိန် ၂၃ ပေါင်ရှိသော်လည်း မွေးဖွားပြီးမကြာမီ သေဆုံးခဲ့ကြောင်း သိရသည်။

ဆားများတဲ့ အစားအသောက်တွေ စားတာကနံနက်ခင်းမှာ မျက်နှာ ဖောင်းအစ်နိုင်သလား



ဒါက ဖြစ်နိုင်ခြေ ရှိပါတယ်။ ဒါပေမဲ့ကျန်းမာနေတဲ့ လူတွေမှာတော့ မဖြစ်နိုင်ပါဘူး။ လူတစ်ယောက်က ဆားကဲတဲ့ အစားအသောက်တွေကို စားပြီးချိန်မှာ ခန္ဓာကိုယ်ထဲ ဆိုဒီယမ်အဆင့် မြင့်တက်လာပါတယ်။ အဲဒီအခါ ခန္ဓာကိုယ်ထဲမှာ ဆားဓာတ်နဲ့ ရေဓာတ်ဟန်ချက် ညီမျှစေဖို့ ရေဓာတ်ကိုပိုမို စုပ်ယူရပါတော့တယ်။ ဒါပေမဲ့ ပုံမှန်ကျန်းမာရေး ကောင်းနေတဲ့ လူအများစုမှာတော့ ခန္ဓာကိုယ်ထဲ ဆားနဲ့ ရေဓာတ်များတာကြောင့် မျက်နှာမှာ အရည်စုပုံမှု မဖြစ်တော့ပါဘူး။ အကြောင်းက ကျန်းမာနေတဲ့ ကျောက်ကပ်တွေက အချိန်တိုအတွင်းမှာ ဆားနဲ့ ရေအပိုတွေကို စွန့်ထုတ်နိုင်စွမ်းရှိလို့ပါ။ ကျောက်ကပ်၊ နှလုံးနဲ့ အသည်းတို့ မကောင်းတဲ့သူတွေမှာ မျက်နှာတစ်ဝိုက် အရည်စုပုံမှုဖြစ်ပြီး ဖောင်းအစ်နေတတ်ပါတယ်။ အထူးသဖြင့် ခြေချင်းဝတ်ပတ်လည်မှာ ဖောင်းအစ်မှု ပိုဖြစ်နိုင်ပါတယ်။ ဆားကဲတဲ့ အစားအသောက်တွေကို မစားတော့ဘဲ ရှောင်ရှားနေရင်တောင် မျက်နှာဖောင်းအစ်တာနဲ့ ခြေထောက်တွေ ဖောင်းအစ်တာတွေ ဖြစ်နေရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုနေပါပြီ။

ပြည်မြန်မာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...