စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အဟာရမပြည့်ဝမှု အသံတိတ်လူသတ်သမားကြောင့် နှစ်စဉ် ကလေး ၂.၆ သန်း သေဆုံးရ...


ကမ္ဘာ့ ဆင်းရဲတဲ့နိုင်ငံတွေက ကလေးသန်း ၅၀၀ ကျော်ဟာ အဟာရပြည့်ဝမှုမရှိဘဲ ရှင်သန်နေရတယ်လို့ Save the Childre...n အဖွဲ့ရဲ့ နောက်ဆုံးအစီရင်ခံစာက ဖော်ပြလိုက်ပါတယ်။
အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ ပီရူးနဲ့ နိုက်ဂျီးရီးယားအပါအ၀င် ဆင်းရဲတဲ့နိုင်ငံတွေက မိသားစုတွေဟာ အသား၊ နို့၊

ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ နေ့စဉ် စားသုံးနိုင်ခြင်းမရှိတာကြောင့် ကလေးတွေမှာ ရုပ်ပိုင်း စိတ်ပိုင်း အားနည်းချို့တဲ့နေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ဆင်းရဲတဲ့ မိသားစုမှ ကလေးတွေဟာ နေ့စဉ်စားရဖို့ အလုပ်လုပ်ကြရတာကြောင့် ကျောင်း မတက်နိုင်ကြသလို၊ ကျောင်းရောက်လာတဲ့ ကလေးတွေကလည်း စာရေးစာဖတ်မတတ်ခင် ကျောင်းကို စွန့်ခွာသွားပါတယ်။
ယခုနှစ် ကမ္ဘာ့အစားအစာ ဈေးနှုန်းကြီးမြင့်မှုကလည်း ဆင်းရဲတဲ့နိုင်ငံတွေက ကလေးတွေ အဟာရချို့တဲ့ သေဆုံးစေတဲ့ အကြောင်းပဲလို့ Save the Children က ပြောဆိုပါတယ်။
Save the Children အဖွဲ့မှ အမှုဆောင်ဒါရိုက်တာ Justin Forsyth က နှစ်စဉ် ကလေးသေဆုံမှု ၁၂ သန်းကနေ ၇.၆ သန်းကို ကျဆင်းသွားပေမဲ့၊ ယခုလို အဟာရချို့တဲ့မှုတွေ ဖြစ်နေရင် ကလေးသေဆုံးမှု ပိုများလာဦးမယ်လို့ ပြောပါတယ်။
အစီရင်ခံစာမှာ ကမ္ဘာပေါ်ရှိ ကလေး၎ ယောက်မှာ ၁ ယောက်ဟာ အဟာရချို့တဲ့နေပြီး၊ အဟာရ မပြည့်ဝတဲ့ ကလေးဟာ ခန္ဓာကိုယ်နဲ့ ဦးနှောက် ပုံမှန်ဖွံ့ဖြိုးနိုင်စွမ်းမရှိဘူးလို့ ဖော်ပြထားပါတယ်။
အဟာရချို့တဲ့မှုကြောင့် ကမ္ဘာပေါ်မှာ နှစ်စဉ် ကလေး ၂.၆ သန်း သေဆုံးနေပြီး၊ ဆာလောင်ငတ်မွတ်မှုဟာ အသံတိတ်

လူသတ်သမားပဲလို့ Save the Children အစီရင်ခံစာက ဖော်ပြလိုက်ပါတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...