စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဂဠုန်ဦးစော၏ သံဝေဂစကား

ဒီလိုမျိုးမဖြစ်အောင် တရားဓမ္မ ကြိုတင်လေ့လာကြ ….
(အာဇာနည်ခေါင်းဆောင်ကြီးများကို လုပ်ကြံခဲ့သော ဂဠုန်ဦးစော၏ သံဝေဂစကား)
                ကျုပ်ဟာ တစ်သက်လုံး ဗုဒ္ဓဘာသာလို့ ပြောခဲ့တာပဲ။ တကယ်တော့ မည်ကာမတ္တ ဗုဒ္ဓဘာသာဖြစ်ခဲ့ တာကိုခုလို တရားစာပေ လေ့လာမိမှ ပိုပြီးသိရတယ်။ ကျုပ်ဟာလောကမှာရှိတဲ့ မကောင်းမှုမှန်သမျှ မလုပ်ခဲ့ဖူးတာ လည်းမရှိဘူး။ ကျုပ်ဟာ လောကရဲ့ခံစားရမယ့် အကောင်းဆုံးတွေကိုလည်း မခံစားဖူးတာမရှိဘူး။ ဒါပေမယ့် ခုတွေ့ရတဲ့ တရားတော်တွေရဲ့ အဆီအနှစ်တွေကို ကျုပ်တစ်ခါမှ မတွေ့ခဲ့ဖူးဘူး။
                ကျုပ်မှာ …. အာဏာရှိတဲ့ အချိန်တုန်းကလည်း ဘာသာရေးကို အလေးအနက် မပြုမိဘူး။ ဘာသာရေးဟာ ကျုပ်အတွက် ဟန်ပြအယောင်ဆောင်တစ်ခုလောက်သာ ရှိခဲ့တယ်။ ကျုပ်ဆန္ဒမှာရှိတာက ကျုပ်အာဏာတည်မြဲရေး၊ ကြီးပွားရေးနဲ့ တိုင်းပြည်ကို ကျုပ်ကြိုက်တဲ့ပုံစံ သွင်းချင်တာပဲ ကျုပ်မှာ အဓိကဖြစ်ခဲ့တယ်။ အဲဒီအချိန်ကသာ ခုတွေ့ရတဲ့ တရားတော်တွေကို တွေ့ရရင် ခုလိုလည်း ဖြစ်မယ်မထင်းဘူး။
(လူဖြစ်ရခြင်း၏ အဓိကရည်ရွယ်ချက် -စာအုပ်မှ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...