စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဖိနပ်တစ်ရံ ညီအစ်ကိုနှစ်ယောက်

Posted by ပြည့် စုံ on February 24, 2012 at 11:00am

မဟတ္တမဂန္ဓီရဲ့ ဖိနပ်တစ်ရန်


တစ်နေ့ မဟတ္တမဂန္ဓီကြီး ခရီးသွားရန် ရထားပေါ်အတက်မှာ သူ၏ဖိနပ်တစ်ဖက်ကျွတ်ပြီး
အောက်ဘက်သံလမ်းပေါ်ကျသည်။

ရထားက ထွက်စပြုနေပြီဖြစ်ရာ သူကောက်မယူနိုင်တော့။

ဘေးလူတွေငေးကြည့်နေကြဆဲ ဂန္ဓီက အေးအေးဆေးဆေးပင် သူ့မှာကျန်သေးသည့် ဖိနပ်တစ်ဖက်ကို
ချွတ်ကာ စောစောက ကျွတ်ကျခဲ့သည့် နေရာဘက်ဆီသို့ လှမ်းပစ်လိုက်သည်။

ဟာ …. ဘာလုပ်တာလဲ ´´ ခရီးသည်တစ်ယောက်က မေးသည့်အခါ ဂန္ဓီကြီးကပြုံးပြီး
``စောစောကတစ်ဖက်တည်းကောက်ရမယ့်လူ အခုတော့ တစ်ရန်ရသွားတာပေါ့ဗျာ၊အဲ့ဒါဆိုသူစီးလို့ရသွားပြီ´´
ဟုဖြေလေသည်။


မူရင်း ။ ။ The Little, Brown Book of Anecdotes မှ အမည်မသိစာရေးသူ၏ Shoes)

♦+♦+♦+♦+♦+♦+♦+♦+♦+♦+♦+♦


ညီအစ်ကိုနှစ်ယောက်

မိသားစုပိုင် ယာမြေတစ်ခုကို ညီအစ်ကိုနှစ်ယောက်အတူတကွ လုပ်ကိုင်ကြသည်။
တစ်ယောက်က အိမ်ထောင်သည်၊ သူ့မိသားစုက ကြီးသည်။ နောက်တစ်ယောက်က လူပျိုလူလွတ်။

တစ်နေကုန် အလုပ်လုပ်ပြီးလျှင် လယ်ယာထွက်သီးနှံများနှင့် ရောင်းချရသည့် အမြတ်အစွန်းများကို
ညီအစ်ကိုနှစ်ယောက် ညီတူမျှတူ ခွဲဝေယူကြသည်။

တစ်နေ့မှာတော့ တစ်ကိုယ်တည်းသမား စဉ်းစားသည်။
``လယ်ယာထွက်သီးနှံတွေ အကျိုးအမြတ်တွေကို ညီတူညီမျှ ခွဲဝေနေတာ မသင့်ဘူး၊
ငါကတစ်ယောက်တည်းသမား၊ ငါ့လိုအပ်ချက်က နည်းနည်းလေး´´ သည်လိုတွေးကာ ညစဉ်ညတိုင်း
သူ့စပါးကျီမှ စပါးတစ်အိတ်စီထမ်းကာ ကွင်းပြင်ကို တိတ်တဆိတ်ဖြတ်သန်းပြီး သူ့အစ်ကိုအိမ်က
စပါးကျီတည်းသွားထည့်သည်။

သည်အတွင်း အိမ်ထောင်ရှင်အစ်ကိုကြီးကလည်း စဉ်းစားသည်။ ``သီးနှံတွေ ၀င်ငွေတွေကို ညီတူညီမျှ
ဝေယူနေကြတာမမှန်ဘူး၊ ငါကအိမ်ထောင်သည်၊ ငါ့မှာ အသက်ကြီးတဲ့အချိန် ပြုစုစောင့်ရှောက်ဖို့
မိန်းမရှိတယ်၊ သားထောက်သမီးခံရှိတယ်၊ ငါ့ညီမှာကတစ်ယောက်တည်း၊ မမာရေး မကျန်းရေးဆိုရင်
စောင့်ရှောက်မယ့်သူမရှိဘူး´´ ဟူရ်ျတွေးကာညတိုင်းစပါးတစ်အိတ်စီထမ်းပြီး သူ့ညီ စပါးကျီထဲသွားထည့်သည်။

သည်လိုနှင့် နှစ်ချီကြာလာသည်။ ကိုယ့်ကျီထဲကစပါးတွေ ညစဉ်ထုတ်ယူနေပါလျက် လျော့နည်းသွားခြင်းမရှိ
သည်ကို နှစ်ယောက်လုံးပင် စဉ်းစားမရဖြစ်ကြသည်။

သို့သော် မှောင်မှောင်မည်းမည်းညတစ်ညတွင် ညီအစ်ကိုနှစ်ယောက်ဝင်တိုက်မိကြသည်။
သည်တော့မှပင် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ဖြစ်ပျက်နေပုံအလုံးစုံကိုနှစ်ဦးသားသိမြင်သွားကြသည်။

စပါးအိတ်တွေပစ်ချကာ ညီအစ်ကိုတွေ တစ်ဦးကိုတစ်ဦး တင်းတင်းဖက်ထားလိုက်မိကြသည်။


မူရင်း ။ ။ More Sower's Seeds စာအုပ်မှ အမည်မသိစာရေးသူ၏ Two Brothers)

♦+♦+♦+♦+♦+♦+♦+♦+♦+♦+♦+♦



ကောင်လေးနဲ့ ခွေးလေး


စတိုးဆိုင်ပိုင်ရှင်က ဆိုင်တံခါးဝမှာ ဆိုင်းဘုတ်အသစ်တစ်ခု ထပ်ချိတ်သည်။
ခွေးပေါက်ကလေးများ ရောင်းရန်ရှိသည်´´ တဲ့။
သည်ကြော်ငြာမျိုးကို ကလေးတွေ အလွန်စိတ်ဝင်စားသည်။ သူတို့က ခွေးချစ်တတ်သူများမဟုတ်လား။
ခဏအကြာမှာပင် ကလေးတစ်ယောက် ဆိုင်ပေါက်ဝသို့ရောက်လာသည်။
ခွေးလေးတစ်ကောင် ဘယ်လောက်ရောင်းသလဲ ခင်ဗျ´´ ဟုမေးသည်။
``ဒေါ်လာ 30 က 50 ထိ ဈေးအစားစားရှိတယ်´´ ဆိုင်ရှင်ကဖြေသည်။
ကောင်လေးက သူ့အိတ်ထဲမှာရှိသည့် ပိုက်ဆံအကြွေတွေနှိုက်ထုတ်သည်။
``ကျွန်တော့မှာ 2 ဒေါ်လာနဲ့ 37 ဆင့်ရှိပါတယ်၊ ခွေးလေးတွေ ကျွန်တော်ကြည့်လို့ရမလားခင်ဗျ´´
ဆိုင်ရှင်ကပြုံးသည်။ ထို့နောက် ခွေးအိမ်ထဲမှာ ရှိနေသည့် ခွေးမကြီးကိုလေချွန်ပြီးခေါ်လိုက်သည်။
ခွေးမကြီးဆိုင်ခန်းထဲ ပြေးဝင်လာတော့ သူ့နောက်က ခွေးပေါက်ကလေးငါးကောင်တန်းစီရ်ျလိုက်ပါလာသည်။
ပိစိကွေးလေးတွေ၊ အမွေးကသိပ်ရှည်တော့ တစ်ကိုယ်လုံးအမွေးတွေဖုံးကာ လုံးနေသည်။
အဲသည်အထဲမှ တစ်ကောင်က ဟိုးနောက်မှာပြတ်ကျန်ခဲ့သည်။ သူကထော့တီးထော့နဲ့နှင့် လမ်းမလျှောက်
တတ်သလို။ကောင်လေးက သည်ဟာလေးမြင်တော့ ချက်ချင်းစိတ်ဝင်စားသွားသည်။

``ဒီခွေးလေးက ဘာဖြစ်တာလဲဟင်´´

ခွေးလေးမှာမွေးကတည်းက တင်ပါးဆုံအရိုးခွက်ပါမလာသဖြင့် တစ်သက်လုံးခြေထော့နဲ့ဖြစ်နေမည်ဟု
တိရစ္ဆာန်ဆေးကု ဆရာဝန်ကပြောဆိုသည့်အကြောင်းဆိုင်ရှင်ကရှင်းပြသည်။
ကောင်လေးပိုရ်ျစိတ်ဝင်စားသွားသည်။

``ဒီခွေးလေး ကျွန်တော်ဝယ်ချင်တယ်ဗျာ´´

``ဟာ … မ၀ယ်ပါနဲ့ကွ၊ မင်းတကယ်လိုချင်ရင် ငါပေးပါ့မယ်´´

သည်စကားကြားတော့ ကောင်လေးမျက်နှာပျက်သွားသည်။
သူကမကျေနပ်သည့် အမူအရာမျိုးနှင့် ဆိုင်ရှင်ကြီးကိုမော့ကြည့်ပြီးပြန်ပြောသည်။

``အလကားပေးတာ ကျွန်တော်မလိုချင်ဘူးခင်ဗျ၊ ဒီခွေးလေးလဲ ကျန်တဲ့ခွေးတွေနဲ့ တန်းတူတန်ဖိုးရှိတာပဲ၊
တစ်ပြားသားမှ မလျော့ပါဘူး၊ ကျွန်တော်တန်ဖိုးအပြည့်ပဲပေးမယ်၊ ဒါပေမယ့် ကျွန်တော့်မှာလောလောဆယ်
2 ဒေါ်လာနဲ့ 37ဆင့်ပဲရှိပါတယ်၊ အခုအဲ့ဒါယူထားပါ၊ နောက်ကိုတစ်လ ဆင့်ငါးဆယ်စီ ကျေတဲ့အထိ
ကျွန်တော်ဆက်ပေးပါ့မယ်´´

သို့သော် စတိုးဆိုင်ပိုင်ရှင်က အလျှော့မပေး။

``မ၀ယ်ပါနဲ့ ကလေးရ၊ နောက်ကျတော့ မင်းစိတ်ပျက်သွားလိမ့်မယ်၊ ဒီခွေးလေးက ပြေးနိုင်လွှားနိုင်မှာ မဟုတ်ဘူး၊
မင်းနဲ့ ခုန်ပေါက်ကစားနိုင်မှာမဟုတ်ဘူး´´

သည်အခါကျတော့မှ ကောင်လေးက ဆိုင်ရှင်ကြီးကိုမော့ကြည့်ကာ သူ့ဘောင်းဘီအောက်နားစကို လှန်ရ်ျပြရင်း
လေသံတိုးတိုးနှင့်ပြောသည်။

``ကျွန်တော်လဲ ကောင်းကောင်းမပြေးနိုင်ပါဘူးဗျာ၊ ပါပီလေးခမျာမှာ သူ့ကိုကိုယ်ချင်းစာမယ့်
လူတစ်ယောက်တော့ရှိဖို့လိုမှာပေါ့´´ တဲ့

ကောင်လေး၏ ဘယ်ခြေထောက်ကလေးက အတော်ဆိုးဆိုးဝါးဝါးပင် သိမ်နေကောက်နေကာ
လမ်းလျှောက်နိုင်ရန်အတွက် သတ္တုချုပ်တံများဖြင့် အားဖြည့်ပေးထားရလေသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...