စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ပြည်ထောင်စုနေ့အထိမ်းအမှတ် နွားဘေးမဲ့လွှတ်

စည်သူလွင်
အတွဲ ၂၈ ၊ အမှတ် ၅၅၇ ( ၁၇ - ၂၃ ၊ ၂ ၊ ၂၀၁၂)

အတီးအမှုတ်အကအခုန်များဖြင့် နွားဘေးမဲ့လွှတ်ခဲ့သည်ကို ပြည်ထောင်စုနေ့က တွေ့ရစဉ်။
ဓာတ်ပုံ - စည်သူလွင်
၆၅ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် နိဗ္ဗာန်သုခနာမှု ကူညီရေး၊ လူမှုကယ်ဆယ်ရေး အသင်းက နွားငယ် ၁၀ ကောင်အား တံခွန်တိုင် နွားဘေးမဲ့ရုံသို့ သွားရောက်လှူဒါန်းခဲ့ ကြောင်း အသင်းထံမှ သိရသည်။
" ၆၅ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အနေနဲ့ လွတ်လပ်ခြင်း အနှစ်အရသာကို ပေါ်လွင်အောင် ဇီဝိတဒါနအဖြစ် နွားတွေကို တံခွန်တိုင် မှာ ဘေးမဲ့လွှတ်ပေးတာပါ။ သတ်တော့မယ့် အချိန်တွေမှာ နွားတွေကို သွားဝယ် ထားတာပါ။ ရှစ်လသားအရွယ် နွားငယ် ၁၀ ကောင် အားလုံး အစ်မတွေပါပဲ။ တန်ဖိုးကတော့ ခုနစ်သိန်း နီးပါးလောက်ပါ။ အထိမ်း အမှတ်အနေနဲ့ တံခွန်တိုင်နွား ဘေးမဲ့ရုံမှာ ဗာဒံပင် ငါးပင်နဲ့ ခရေပင် ငါးပင်ကိုလည်း စိုက်ပျိုးခဲ့ပါတယ်"ဟု နိဗ္ဗာန်သုခအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
နွားများအား ဘေးမဲ့လွှတ်ရာတွင် နိဗ္ဗာန်သုခအသင်းမှ တံခွန်တိုင်နွား ဘေးမဲ့ရုံသို့အတီးအမှုတ် အကများ၊ တေးသီချင်းများဖြင့် စည်ကားပျော်ရွှင် စွာ ပို့ဆောင်ပေးခဲ့ကြသည်။
နိဗ္ဗာန်သုခအသင်းကြီးအား ၂၀၀၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ယခု လက်ရှိတွင် စေတနာရှင်များ လှူဒါန်းထားသော နာရေးယာဉ် သုံးစီး၊ လူနာ တင်ယာဉ် သုံးစီးဖြင့် လူမှုရေးလုပ်ငန်း နှင့် နာမှုကူညီရေးလုပ်ငန်းများကို အချိန်ပြည့်ဆောင်ရွက် ပေးနေသည်။
၂၀၀၉ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့တွင် ကုသိုလ်ဖြစ်ဆေးခန်းကို အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပြီး ကလေး အထူးကု၊ အထွေထွေလူနာ၊ သွားလူနာ၊ အသေးစားခွဲစိတ်လူနာနှင့် နယ်လှည့် ဆေးကုသခြင်း လုပ်ငန်းများကို တိုးချဲ့ လုပ်ကိုင်ခဲ့ပြီး လူနာများအတွက် ဆေး ခန်းတွင် ဆရာဝန်၊ ဆေးဝါးကျွမ်းကျင် ၄၀ ဦးတို့က ကုသိုလ်ပြုပါဝင်ကူညီ ကုသပေးကြပါသည်။
"ကျွန်တော်တို့အသင်းက ၂၀၁၂ ခုနှစ် တစ်လပိုင်း ၁ ရက်နေ့ကစပြီး မန္တလေးမြို့ စည်ပင်သာယာနယ်နိမိတ် အတွင်းမှာ နေတဲ့သူတွေ နာရေးဖြစ်ရင် အသင်းဝင်သည်ဖြစ်စေ၊ မ၀င်သည်ဖြစ် စေ ထောက်ပံ့ကူညီရေးအဖြစ် လူကြီးနာ ရေးဆိုရင် ကျပ်နှစ်သောင်း နဲ့ ကလေး နာရေးဆိုရင် ကျပ်တစ်သောင်း ထောက် ပံ့ပေးပါတယ်"ဟု အသင်းတာဝန်ရှိသူ က ဆက်လက်ပြောသည်။
နိဗ္ဗာန်သုခအသင်းမှ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ တရားပွဲများသို့ ကုသိုလ်အဖြစ် မီးစက်သုံးလုံးကိုလည်း ၂၀၁၁ ခု နှစ်မှ စတင်၍ ဆောင်ရွက်ပေး လျက်ရှိကြောင်းလည်းသိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...