စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အိပ်မက်များနဲ့လူ

ဖေဖော်ဝါရီလ 26, 2012 တွင် 1:49pm မှာ ဇာနည်မင်း မှ တင်သွင်းခဲ့သည်။

ငယ်ရွယ်လွတ်လပ်
အကန့်အသတ်မဲ့စိတ်ကူးနဲ့
ငါ့ရဲ့အိပ်မက်ထဲမှာ
ကမ္ဘာကြီးကို ပြောင်းပစ်မယ်.....။
အသက်လေးရလာ
ပညာဆိုတာ နည်းနည်းသိ
ပြန်ကြည့်လိုက်တော့မှ
ကမ္ဘာကြီးဟာ ကမ္ဘာကြီးပါပဲ.....။
အိပ်မက်ကိုဈေးဆစ်
ငါချစ်တဲ့ ငါ့တိုင်းပြည်
တစ်ခုခုဖြစ်ရမည်ပေါ့
ဒီတစ်ခါလည်း
တိုင်းပြည်ဟာ တိုင်းပြည်ပါပဲ.....။
ဘ၀ရဲ့ ဆည်းဆာချိန်
အိပ်မက်တွေအရှိန်ကုန်စ
ဇနီးမယား သမီးသားအတွက်
ပေးဆပ်ဖို့ကြိုးစားဆဲ
သူတို့လည်း သူတို့ဘာသာ
မိသားစုဟာ ဒီအတိုင်းပါပဲ.....။
သေရာညောင်စောင်း
လဲလျောင်းချိန်ရောက်တော့မှ
ငါ သိရပြီ (ပထမဆုံးအကြိမ်ပါ)
ငါဟာ ငါပဲ၊ ဘာမှမပြောင်းလဲ.....။
(ဒီကဗျာလေးဟာ ၂၁ရာစု သားရွှေဥ စာအုပ်ထဲမှာ ဆရာကျော်ဝင်းက အင်္ဂလိကန်ဘုန်းတော်ကြီးတစ်ပါးရေးထားတာကို ဘာသာပြန်ထားတာလို့ ရေးထားပါတယ်။ စာအုပ်ထဲမှာတော့ ဆရာက ကဗျာကို ခေါင်းစဉ်မပေးထားလို့ ကျွန်တော်က အိပ်မက်များနဲ့လူလို့ ခေါင်းစဉ်တပ်ပေးလိုက်တာပါ။ ကဗျာလေးကို သဘောကျလို့ မျှဝေပေးတဲ့သဘောပါခင်ဗျာ။)
အားလုံးကိုလေးစားစွာဖြင့်
မင်းအရိပ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...