စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ရှိတ်စပီးယားရဲ့ ရိုမီယိုနဲ့ဂျူးလိယက်

ရိုမီယိုနဲ့ ဂျူလိယက်ဆိုရင် ရင်ခုန်တတ်စအရွယ်တိုင်း သိကြပါတယ်။ တချို့ကလေးတွေကတော့ ကြေကွဲဖွယ်ချစ်သူနှစ်ဦးရဲ့ ဇာတ်လမ်းက မြန်မာပြည်က မွန်လူမျိုးတွေရဲ့ ရှင်မွေးနွန်း မင်းနန္ဒာဇာတ်လမ်းလို သမိုင်းဒဏ္ဏာရီဇာတ်လမ်းလို ထင်တတ်ကြပါတယ်။ တကယ်တော့ သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းက ဖြစ်ရပ်မှန်ဇာတ်လမ်း မဟုတ်ပါဘူး။ အင်္ဂလိပ်လူမျိုး ၀ီလီလျံရှိတ်စပီးယားရဲ့ ပြဇာတ် ဇာတ်လမ်း တစ်ပုဒ်ပါ။

ဒါပေမယ့် ရိုမီယိုဂျူလိယက်အသည်းစွဲ ပရိသတ်တွေ သိထားတဲ့ ဒီပြဇာတ်မူရင်းက ရှိတ်စပီးယား မဟုတ်ပါဘူး။ ၁၅၆၂ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ အာသာဘရွတ်ရဲ့ The Tragical of Romeus and Juliet ဆိုတဲ့ ကဗျာထဲကပါတဲ့။ အဲဒီကဗျာကလည်း အီတာလျံဝတ္ထုထဲကနေ ဘာသာပြန်ထားပါသတဲ့လေ။ ဒါပေမယ့် ရှိတ်စပီးယားလက်ထဲက ရိုမီယိုနဲ့ဂျူလိယက်ကတော့ ပိုပြီး အသက်ဝင်လာတဲ့ ချစ်သူတွေဖြစ်လာတယ်။ ရှိတ်စပီးယားက နဂိုမူရင်းဇာတ်လမ်းကို ဇာတ်ပို့တွေတော်တော်များများနဲ့ ဇာတ်ဝင်ခန်းတွေ ဖြည့်စွတ်ပြီး မြိုင်မြိုင်ဆိုင်ဆိုင် တင်ပြသွားတော့ ရှိတ်စပီးယား ပြဇာတ်က ပိုပြီး နာမည်ကြီးလာပါတယ်။


အာသာဘရွတ်ရဲ့ ရိုမီယက်နှင့်ဂျူလိယက် ကဗျာစာအုပ်မျက်နှာဖုံး
၁၅၉၉မှာ ပုံနှိပ်ခဲ့တဲ့ ရှိတ်စပီးယားပြဇာတ်မျက်နှာဖုံး

ရှိတ်စပီးယားက ဒီပြဇာတ်ကို ၁၅၉၁ခုနှစ်ကနေ စရေးခဲ့ပြီး ၁၅၉၅ခုနှစ်မှာ အဆုံးသတ်ခဲ့ပါတယ်။ ဒီပြဇာတ်က ရှိတ်စပီးယားရေးခဲ့တဲ့ ပြဇာတ်တွေထဲမှာ နာမည်အကြီးဆုံးနဲ့ ခဏခဏကပြရဆုံးပြဇာတ် တစ်ပုဒ်ဖြစ်ခဲ့တယ်။ ကဗျာတွေ၊ ရသစာပေတွေ၊ ပန်းချီတွေထဲမှာလည်း ပုံဖော်ခဲ့ကြတယ်။ မော်ဒန်ခေတ်ကိုရောက်လာတော့ ဇာတ်လမ်းရုပ်ရှင်တွေထဲမှာလည်း အတော့်ကို နေရယူနိုင်ခဲ့တယ်။

ရိုမီယိုနဲ့ ဂျူးလိယက်နဲ့ ပါတ်သတ်တဲ့ ရုပ်ရှင်တွေ ပန်းချီကားတွေကလည်း စိတ်ဝင်စားစရာ တော်တော်ကောင်းပါတယ်။ များသောအားဖြင့်တော့ စိတ်ကူးယဉ်ဆန်တဲ့ အချစ်ဇာတ်လမ်းတစ်ခုအနေနဲ့ပေါ့။ ၁၉၆၈ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကတော့ အအောင်မြင်ဆုံးလို့ဆိုရမှာပါ။ သရုပ်ဆောင်တဲ့ နှစ်ယောက်စလုံးက အရမ်းကို ချောကျတာကိုး။ လီယိုနာဒိုသရုပ်ဆောင်ထားတဲ့ ခေတ်သစ် ရိုမီယိုနဲ့ ဂျူလီယက်ကျတော့ စိတ်တဲ့ သိပ်ပြီး သဘောမကျလှဘူး။ အကောင်းဆုံး မဖြစ်ခဲ့ပေမယ့် သူ့အထိုက်အလျောက်အောင်မြင်ခဲ့တဲ့ ရုပ်ရှင်လို့ဆိုရမှာပါ။

၁၈၈၄ခုနှစ်၊ ဆာဖရန့်ဒစ်စီးရဲ့ လသာဆောင်မှာ ချိန်းတွေ့ခန်း ပန်းချီကား

ပန်းချီကားတွေမှာလည်း ဆာဖရန့်ဒစ်စီးရဲ့ ပန်းချီကားကိုသဘောကျမိတယ်။ ၁၈၈၄ခုနှစ်မှာ ရေးဆွဲခဲ့တဲ့ ပန်းချီကားပါ။ ပန်းချီကားထဲမှာ ချစ်သူနှစ်ဦးရဲ့ နူးညံ့မှုတွေ၊ ကြည်နူးမှုတွေ၊ ချစ်ခြင်းတရားတွေနဲ့ ပြည့်နေတယ်။ ကြက်သွေးရောင်၊ အ၀ါရောင်၊ ခရမ်းရောင်တွေနဲ့ ရေးဖွဲ့ထားတဲ့ ပန်းချီကားမှာ အစိမ်းရောင်တွေက ပိုပြီး စိတ်ကူးယဉ်ဆန်နေကြသလိုပဲ။ အောက်မှာတော့ ပန်းချီကားတွေကို အလျဉ်းသင့်သလို ဖော်ပြထားပါတယ်။ ဖတ်ရှုခံစားနိုင်မယ်လို့ မျှော်လင့်ပါတယ်။

၁၈၇၀က ပန်းချီဆရာ ဘရောင်း Ford Madox Brown ရေးဆွဲခဲ့တဲ့ ဆီဆေးပန်းချီကား။

Romeo at Juliet's Deathbed, Henry Fuseli, 1809 သက်သေသွားကြတဲ့ ချစ်သူနှစ်ဦးအလောင်းကို နှစ်ဖက်ဆွေမျိုးများက မချိတင်ကဲ ၀မ်းနည်းပူဆွေးစွာ ကြည့်နေကြတဲ့ပုံ။

ဓါတ်ပုံဆရာတစ်ဦးရဲ့ ရိုမီယိုနဲ့ ဂျူလိယက် သရုပ်ဖော်ချက်။(ဓါတ်ပုံဆရာမည်သူမှန်း မမှတ်တော့ပါ)

1968 Romeo and Juliet ရှင်ရှင်ကားမှ ဇာတ်ဝင်ခန်းတချို့ဒီဇာတ်ကားရဲ့ အဓိကဇာတ်ဝင်သီချင်းက နွဲ့ယဉ်ဝင်း ပြန်ဆိုဖူးတဲ့ ဘယ်ရည်းစားကိုအချစ်ဆုံးလဲ ဆိုတဲ့ သီချင်းလေးပါ။ နားထောင်လို့တော်တော်ကောင်းပါတယ်



ဒီရုပ်ရှင်ကားလေးကို ပြန်ကြည့်မိရင်း ရိုမီယိုနဲ့ ဂျူလိယက်အကြောင်းကို Google နဲ့ wikimedia မှာ ပြန်ရှာဖတ်ထားခြင်း ဖြစ်ပါတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...