စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ရွှေညဝါဆရာတော်မှ သံဃာတော်အပါး ၇၀၀ကျော်နှင့် ဆွမ်းခံကြွချီပြီး ကျေးဇူးရှင် ဒါယကာ၊ ဒါယိကာမများအား နှုတ်ဆက်ပွဲနှင့်လမ်းခရီးမှ အလှူရှင် အမေအိုတဦးရဲ့ မြင်ကွင်း...

လာမည့် ၁၉ရက်နေ့မှာ သီတင်းသုံးရာ ကျောင်းမှ ထွက်ခွာရန် အတင်းအကြပ် ဖိအားပေးခြင်းခံနေရတဲ့ ရွှေညဝါဆရာတော်ကြီးနဲ့ နောက်ပါတပည့်သံဃာတော် အပါး၇၀၀ဟာ   ကျေးဇူးရှင် ဒါယကာ၊ ဒါယိကာမများအား ဆွမ်းခံကြွချီပြီး ချီးမြှင့်ခဲ့ပါတယ်..။၁၅ရက်နေ့မနက်ပိုင်းက ကမာရွတ်မြို့နယ် အမှတ် ၃/၄/၅ ရှောက်ပင်ခြံ ရပ်ကွက်ရှိ လမ်းအသီးသီးသို့ ရွှေညဝါဆရာတော်ကြီးနဲ့သံဃာတော် အပါး၇၀၀ အတူ နိုင်ငံရေး အကျဉ်းသားဟောင်းများအပါအဝင် ဆရာတော်အား ထောက်ခံသူ လူပုဂ္ဂိုလ် ၁၀၀၀ခန့် လိုက်ပါခဲ့ကြပါတယ်...။ထိုသို့ ရွှေညဝါဆရာတော်ကြီးနဲ့ သံဃာတော်များ ကြွချီရာ လမ်းတလျှောက်မှာ ကြည်ညိုသူ ဒါယိကာ၊ ဒါယိကာမများမှ လှူဖွယ်ပစ္စည်းများနဲ့ လောင်းလှူခဲ့ကြပါတယ်..။ ဘာသာအကျိုး၊ သာသနာအကျိုး အများအကျိုး ဆောင်ရွက်နေတဲ့ ဆရာတော်ကြီးအား  ကျောင်းတိုက်မှ ထွက်ခွာရန် အတင်းအကြပ် ဖိအားပေးခြင်း ခံနေရတဲ့ ဆရာတော်ကြီးအတွက် မတရားမှုအား သိရှိနေကြတဲ့ ဒါယိကာ၊ ဒါယိကာမများအပေါင်းမှာ ဝမ်းနည်းပူဆွေးမှု၊ မျက်ရည်မဆည်နိုင် ငိုကြွေးသူများရှိသလို ဆရာတော်ကြီးအား နှုတ်ဆက်တဲ့ အနေနဲ့ ကြွချီရာ လမ်းတလျှောက်မှာ သဒ္ဓါတရားထက်သန်စွာ လောင်းလှူပူဆော် ခဲ့ကြပါတယ်..။

ဒီကနေ့လှူဒါန်း ရရှိသည်များထဲမှ  ပိုလျှံသည် ဆွမ်း၊ ဟင်းနှင့် လှူဖွယ်ပစ္စည်းများ အပါအဝင် ငွေသား ၂သိန်းကျော်အား လှိုင်သာယာမြို့နယ် မီးဘေးဒုက္ခသည်များအား ဆရာတော်ကြီးနှင့် နိုင်ငံရေး အကျဉ်းသားများဟောင်းများ၊ လူငယ်လူရွယ်များမှ သွားရောက်လှူဒါန်းခဲ့ကြပါတယ်။ဒီကနေ့ ဆရာတော်ကြီး ကြွချီရာ လမ်းမှာ မြင်တွေ့ရတဲ့ ဓာတ်ပုံလေးပါ..။ ဒီလိုမြင်ကွင်းမျိုးတွေ အမေစုနဲ့ ကိုမင်းကိုနိုင်တို့ရဲ့  ခရီးစဉ်တွေမှာ ကျွန်တော်တို့ အခုတလော မြင်နေကြားနေ သိနေရတဲ့ မြင်ကွင်းတွေနဲ့ ထပ်တူထပ်မျှပါပဲ။ရွှေညဝါဆရာတော်ကြီးကိုသဒ္ဓါတရားထက်သန်စွာလောင်းလှူလိုတဲ့အမေအိုတဦးအားဆရာတော်နဲ့ လိုက်ပါလာတဲ့ ဒကာ(၂)ဦးမှ ဆရာတော်ဆီ တွဲခေါ်လာတဲ့ ရင်ကိုထိမှန်စေတဲ့မြင်ကွင်းတွေပါ။လမ်းတောင်အဖော်ပါမှ တွဲခေါ် လျှောက်နိုင်တဲ့ ဘဝရဲ့ နေဝင်ချိန်ကို ရောက်ရှိနေတဲ့ အမေအိုပါ...။

အမှန်တကယ်တော့ ဘုရားရဲ့သားတော် သံဃာတော်များသီတင်းသုံးရာ ဘုန်းကြီးကျောင်းများပိတ်တယ်ဆိုတာ
မလုပ်သင့်တဲ့အလုပ်ပါ...။သူတို့ကဒီလိုလုပ်လေ လူမျိုးခြားတွေကသဘောကျလေဖြစ်မှာပါ...။
အပြည့်အစုံကြည့်ရှုလိုပါက အောက်ပါလင့်လေးတွင်သွားရောက်ကြည့်ရှုနိုင်ပါတယ်ခင်မျာ....။
http://www.demowaiyan.co.cc/2012/02/blog-post_7465.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...