စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အရောက်လာပါ အဆွေ ကျောင်းတော်ရာမြေ

သူငယ်ချင်းတို့ရေ . . .
မကြာခင်မှာပဲ နွေရာသီကျောင်းပိတ်ရက်ကိုရောက်တော့မယ်။ နွေရာသီကျောင်းပိတ်ရက်မှာ ဒေသန္တဗဟုသုလည်းရ ကုသိုလ်လည်း ရအောင် ဘုရားဖူးထွက်ကြချင်ကြတဲ့ အဆွေတော်တို့ကို မြန်မာပြည် မြေလတ်ပိုင်း မကွေးတိုင်းဒေသကြီးအတွင်း ပွင့်ဖြူမြို့နယ်က သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်မြတ်ကြီးကို ရောက်အောင် သွားလို့ဖူးဖြစ်အောင် ဖူးလိုက်ကြရအောင်မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်အခါ ရန္တာ(၅၀၀)နဲ့ (၇)ရက်တိုင်တိုင် သီတင်းသုံးပြီး တရာဟောချွေချွတ်တော်မူရာ (၁)ရက်ကို ပရိတ်သတ်ပေါင်း (၈၄၀၀၀) ကျွတ်တန်းဝင်ခဲ့ကြပါတယ်။ မြတ်စွာဘုရား (၇)ရက်သီတင်းသုံးလို့အပြန်ခရီးမှာ ရှေးနောင်တော်ဘုရားများ ခေတ္တ ကျိန်းစက်ခဲ့တဲ့ ကေလာဿဘ တောင် ယခု စက္ကိန်းတဲဘုရားတည်ရှိခဲ့တဲ့ နေရာမှာ ခေတ္တကျိန်းစက်ခဲ့ပါတယ်။ ဒီနေရာမှာ သကြားမင်းက မြသားအတိပြီးတဲ့ သလွန်တော်ကို လှူတော်မူပါတယ် ။ ထိုသလွန်တော်ကို ဘောသူရတို့ ဘီလူးညီနောင်လေးဦးက သူတို့နေထိုင်တဲ့တောအုပ်အတွင်းမှာ ပင့်ဆောင်ပြီးယူသွားခဲ့ပါတယ်၊ နောင်သောအခါ မြသလွန်စေတီရယ်လို့ ဖြစ်ပေါ်လာပါတယ်။
မြတ်စွာဘုရားရှင်ရဲ့ ကျောင်းတော်ရာမှ အပြန်ခရီး သစ္စဗန္ဓတောင်ထိပ်မှာ သစ္စဗန္ဓရဟန္တာ အား ခြေတော်ရာတစ် ဆူပေးသနားတော်မူပြီး သာသာပြုစေခဲ့ပါတယ်။ နမ္မဒါ နဂါးမင်းရဲ့တောင်းပန်မှုကြောင့် ခြေတော်ရာတစ်ဆူ ချထားတော်မူပြန်ပါတယ်။ ယခုအခါ မန်းစက်တော်ရာဘုရားဟု လူသိများပြီးအထူးစည်ကားတဲ့ နွေရာသီ ဘုရားပွဲတော်လေးဖြစ်ပါတယ်။
ကဲသူငယ်ချင်းတို့ရေ ... နွေရာသီကျောင်းပိတ်ရက်မှာ ဒေသန္တဗဟုသုလည်းရ ကုသိုလ်လည်း ရအောင် ဘုရားဖူးလာခဲ့ကြပါလို့ ဖိတ်ခေါ်လိုက်ပါတယ်။


ထိုလင့်တွင်အပြည့်အစုံဖတ်ပါ: http://www.shwemyotaw.com/profiles/blogs/5442636:BlogPost:3937929#ixzz1nqgliHoH

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...