စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အချိုမြိန်ဆုံး အသံ လေးပါ


Print Friendly and PDF
အချိုမြိန်ဆုံး အသံ
၁)
အင်္ဂလန်နိုင်ငံက စိတ်ပညာရှင် ကျောင်းသား ၄ဦးကို ဆရာက စမ်းသပ်မှု အသေးတစ်ခုလုပ်ဖို့ ခိုင်းစေခဲ့တယ်။ ကျောင်းသား၎ဦးဟာ ယောက်ျားလေးတွေနဲ့ တစ်ခါမှ မချိန်းတွေ့ဖူးတဲ့ ရွက်ကြမ်းရေကျို ရုပ်ရည်ရှိတဲ့ ကောင်မလေးတစ်ယောက်ကို အလှည့်ကျ ချိန်းဆိုရမှာဖြစ်တယ်။
ဒီကျောင်းသား၎ဦးရဲ့ စမ်းသပ်မှုက ကောင်မလေးနဲ့ ချိန်းတွေ့နေတဲ့ အချိန်အတွင်း သူ့ကို မပြတ် “ချီးမွမ်း” ရမှာဖြစ်တယ်။ ဥပမာ- သူ့ကို အရမ်းလှကြောင်း၊ စိတ်သဘောထား ကောင်းကြောင်း၊ အပြုံးချိုကြောင်း၊ ၀တ်စားတာ စတိုင်လ်ကျကြောင်း၊ လူချစ်လူခင် ပေါများကြောင်း၊ ဥာဏ်ပညာထက်မြက်ကြောင်း စတာတွေဖြစ်တယ်။
၃လလွန်မြောက်ပြီးနောက် ကောင်မလေးကို သူတို့ထပ်ချိန်းပြန်တယ်။ အရင်က တစ်ခြားလူတွေနဲ့ လုံးဝ မချိန်းတွေ့ဖူးတဲ့ ကောင်မလေးဟာ သူတို့ကို အချိန်မပေးနိုင်လောက်အောင် ချိန်းဆိုမှုတွေ ပြည့်နေတာကို တွေ့လိုက်သည်။
၂)
လူတစ်ဦးဟာ အမြဲမျက်နှာတည်ပြီး မရီမပြုံး စကားနည်းတယ်။ အလုပ်ဆင်း အိမ်ပြန်ရောက်ရင်လည်း ညစာပဲစားတယ်။ ဇနီး၊ သားသမီးတွေနဲ့ အခေါ်အပြော မရှိဘူး။
တစ်နေ့ ထမင်းစားဝိုင်းမှာ သူက ထမင်းစားရင်း ဇနီးကို တအံ့တသြ မေးလိုက်တယ်။
“ထူးဆန်းလိုက်တာ.. ဒီဘဲကင်က ဘာလို့ခြေတစ်ချောင်းပဲ ရှိတာလဲ”
“ကျွန်မတို့ အိမ်မှာ မွေးထားတဲ့ ဘဲတွေက ခြေတစ်ချောင်းပဲရှိတယ်လေ”
“ဘယ်ကလာ.. လောကမှာ ရှိသမျှဘဲတွေ အားလုံးခြေနှစ်ချောင်းပဲ။ ဘာဖြစ်လို့ ငါတို့ရဲ့ ဘဲက ခြေတစ်ချောင်းပဲ ရှိရတာလဲ”
“မယုံရင် နောက်ဖေးက ကန်မှာ သွားကြည့်လေ” လို့ ဇနီးသည်က ပြောလိုက်တော့ သူဟာ ရေကန်ဘေးမှာ နားနေတဲ့ ဘဲတွေကို လှမ်းကြည့်လိုက်တယ်။ ဘဲတွေဟာ ရပ်ပြီး နားနေတဲ့အတွက် ခြေတစ်ချောင်းကို ကိုယ်ထဲကျုံ့ထားတော့ အဝေးကကြည့်ရင် ခြေတစ်ဖက်ပဲရှိတယ်လို့ ထင်ရတယ်။
သူဟာ ဦးနှောက်တစ်ချက်သုံးပြီး လက်ခုပ်တီးလိုက်တယ်။ ဘဲတွေက လက်ခုပ်သံကြားတော့ နားနေရာမှ အလျှင်အမြန် ထပြီး ရေကန်ထဲကို ကူးဆင်းကုန်ကြတယ်။
“ကြည့်စမ်း.. ငါတို့အိမ်က ဘဲတွေလဲ ခြေနှစ်ချောင်းရှိတာပဲ”
“ဟုတ်တယ်။ ရှင့်ရဲ့ “လက်ခုပ်သံ” ကြောင့် ဘဲတွေဟာ ခြေနှစ်ချောင်းဖြစ်ကုန်တာ။ ရှင်သာ ကျွန်မကိုနေ့တိုင်း “လက်ခုပ်သံ” ပေးရင် ကျွန်မက ရှင့်ကို ခြေနှစ်ချောင်းပါတဲ့ဘဲ ကျွေးမှာပေါ့”
တစ်ခြားသူရဲ့ “ချီးမွမ်း” စကား၊ “ခိုင်မာတိကျ”တဲ့ စကားတွေကို လူတွေ လိုအပ်သလို၊ နှစ်လည်း နှစ်သက်ကြတယ်။ ဒါမှ အပြန်အလှန် စိတ်ရင်းစေတနာကောင်းတွေကို အပေးအယူ မျှကြမှာဖြစ်တယ်။ နှင်းဆီတစ်ပွင့်ကို “ရေလောင်း၊ မြေသြဇာ” ကျွေးမှ “လှပတဲ့ အပွင့်” ကို မြင်ရသလိုမျိုး၊ တကယ်လို့ ရေမလောင်း၊ ပေါင်းမသင်ပေးရင် လှပတဲ့ နှင်းဆီပန်းတစ်ပွင့်ကို မြင်တွေ့နိုင်မှာ မဟုတ်ပါဘူး။
အနောက်နိုင်ငံရဲ့ စကားတစ်ခွန်းက “ချီးမွမ်းစကားဟာ အသံတွေထဲက အချိုမြိန်ဆုံး အသံပါ”တဲ့။ ဟိုးရှေးခေတ်ကနေ အခုချိန်အထိ ဘယ်သူကများ ကိုယ့်ကို “ချီးမွမ်းတဲ့စကား” မကြားချင်မှာလဲ? ချီးမွမ်းတဲ့ စကား၊ အားပေးကူညီတဲ့ စကားဟာ တစ်ခွန်းတည်းပဲဖြစ်ဖြစ် တစ်ဖက်လူကို ရှေ့သို့ဆက်တက်နိုင်အောင် ခွန်အားတွေဖြစ်စေတယ်။
စကားတစ်ခွန်းက “စင်ပေါ်တက်သူတိုင်းကို လက်ခုပ်တီးပေးပါ” တဲ့။
“သူ့နောက်ကွယ်မှာ သူ့ကောင်းကြောင်းကို ပြောပါ။
(မြတ်နိုးမောင်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...