စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အခြေခံ ကီဘုတ်တီးနည်း အပိုင်း(၁)

သွန်းတို့အနေနဲ့ ကိးဘုတ် တလုံးကိုတီးခတ်တတ်ဖို့ သင်တယ် ဆိုတာက လွယ်တဲ့ ကိစ္စတော့မဟုတ်ပါဘူး။ ပုံလေးနဲ့ စာလေးနဲ့ ပြီးတော့ အသံဖိုင်လေးတွေ ထည့်ပေးရင်ပြီးရောဆိုတာမျိုးလဲမလုပ်ချင်ပါဘူး။ လက်တွေ့ သင်တာကတော့ အကောင်းဆုံးပေါ့လေ။ ဒါပေမယ့် လဲအချင်းချင်း ကို သွန်းအတတ်နိုင်ဆုံး မျှဝေပေးတာပါ။ သွန်းတို့ အနေနဲ့ လဲ ပြောပြရတာအင်မတန်လက်ဝင်ပါတယ်။ ဂီတဆိုတာ နှလုံးသားချင်းပဲ ခံစားနိုင်တဲ့ ဘာသာတခုပါ ။အဲဒါကို ပါးစပ်နဲ့ပြောပြရတာတော်တော်ခက်နေပြီ။ အခုတော့ ပါးစပ်နဲ့မဟုတ်ပဲ စာရေးပြိးပုံတွေနဲ့ ပြရတော့ တော်တော်လေး လုပ်ရခက်ပါတယ်။
လိုအပ်ချက်တွေရှိခဲ့ရင်လဲခွင့်လွှတ်နားလည်ပေးကျပါ။သွန်းအနေနဲ့တော့အတတ်နိုင်ဆုံး မျှဝေပေးလိုက်ပါတယ်ဗျာ။ အရင်ဆုံးကီးဘုတ် အကြောင်းကို ပြောပြပါမယ်။ တချို့က ကီးဘုတ် (KB) ကို အော်ဂင်နဲ့မှားတယ်။ စန္ဒယားနဲ့မှားတယ် အားလုံးက အတူတူပဲလို့ထင်ကျတယ်။ ကီးဘုတ် တီးသင်ခါစ လူငယ်တချို့တောင်မှ ကီးဘုတ်နဲ့ အော်ဂင်ဘယ်လိုကွဲပြားတယ်ဆိုတာကို မသိကျဘူး။ ဟုတ်ပြီ ဒါဆိုရင် ဘာကွာလဲသွန်းေ၇လို့မေးတော့မယ်။ အားလုံးက ခုလုပ်ဖြူဖြူလေးတွေရယ် အဲဒီကြားထဲက အမဲ တုံးလေးတွေ ပါတာချင်းလဲတူတယ်နော်။
ဟုတ် ပြီ ဒါဆိုရင် စန္ဒယားဆိုတာ ဘာလဲ အရင်ဆုံးပြောမယ် စန္ဒယားဆိုတာက ကြိုးတပ်တူရိယာ တမျိုးပါ။ ခုလုပ်နှိပ်ရင် ကြိုးကို ရိုက်တဲ့ စနစ်နဲ့ အသံထွက်တာပါ။ နောက်ပိုင်းမှာတော့ လျှပ်စစ်နဲ့ အသံထွက်တဲ့ အဆင့်တွေဖြစ်လာပါတယ်။ ဒါပေမယ့် ကြိုးကိုရိုက်လို့ ထွက်လာတဲ့အသံ ကိုပဲအခြေခံထားတာပါ။
အော်ဂင်ကတော့ လေမှုတ် တူရိယာထဲမှာ ပါပါတယ်။ အခုခေါတ်မီလာတော့ လျှပ်စစ်တို့ Battery တို့ သုံးပြီးအသံထွက်လာတာပေါ့။အရင်တုန်းက အော်ဂင်တွေက လေ၀င်ထွက်လုပ်အောင် ခြေထောက်က စက်ဘီးနင်းသလိုနင်းရတယ်။ စန္ဒယားလိုဟာမျိုးကြီးပဲ ဒါပေမယ့် တိးနေရင် အောက်ကနင်းနေရတယ်။ ခုလုပ်လေးတွေ နှိပ်တဲ့အခါမှာ အပေါက်လေးတွေ အဖွင့်အပိတ်လုပ်ပြီးအသံထွက်ပါတယ်။ အကော်ဒီယံ အုန်းကျော်တီးတဲ့အကော်ဒီယံ နဲ့ သဘောချင်းဆင်တူပါတယ်။
ဟုတ်ပြီ ကိးဘုတ် ကရောဘာလဲ ။ကီဘုတ်ဆိုတာ အခုနောက်ပိုင်းမှ ပေါ်လာတဲ့ တူရိယာတမျိုးပါ။ ၁၈ရာစု ၁၉ ရာစုမှာ အော်ဂင်တွေစန္ဒယားတွေရှိပေမယ့် ကီးဘုတ်မရှိပါဘူး။ ကီးဘုတ် (Key Board) ဆိုတာ Key ဆိုတဲ့ ခုလုပ်တွေကို စုစည်းထားတဲ့ Board ဘုတ်ပြားကြိးပါ။ လူပိန်းလိုပြောရင်ပေါ့နော်။သူ့ဆီမှာ အသံစုံပါတယ်။ ဂစ်တာသံ ၊ စန္ဒယားသံ၊ ဒရမ်တွေ ၊ပါကားရှင်းသံတွေ၊ ပြီးတော့ လေမှုတ်တူရိယာသံတွေ အစုံပေါ့။ပြောရရင် တူရိယာ မျိုးစုံအသံကို စုစည်းထားတဲ့ ဘုတ်ပြားကြိးပေါ့။ ဒီလောက်ဆိုရင်တော့ ကွာခြားချက်ကိုနားလည်မယ်လို့ထင်ပါတယ်။
ကဲ အရင်ဆုံး ကီးဘုတ်ကခလုပ်လေးတွေကို ကြည့်လိုက်ရအောင်နော်။အောက်ကပုံကိုဒေါင်းပြီးအကြိးချဲ့ရင်တော့အဆင်ပြေမယ်ထင်တယ်။ ဒါကတော့ ကီးဘုတ်တလုံးရဲ့ ခုလုပ်တွေပေါ့။

ကဲပုံကိုကြည့်ရင်နားသိပ်မလည်ပဲဖြစ်နေမယ် ။အရင်ဆုံးနုတ်(notes) အခေါ်တွေကိုရှင်းပြမယ်နော်။ အောက်ကအတိုင်းလိုက်မှတ်ရအောင်ဗျာ။ C ဆိုရင် ဒို ၊ D ဆိုရင် ရေ ပေါ့။
C ဒို D ရေ E မီ F ဖာ G ဆို A လာ B တီ C ဒိုး
ဘာထူးခြားလဲဆိုတော့ C ဒို ကနေပြိးစရွတ်သွားရင် B တီ ပြီးတာနဲ့ C ဒို ကိုပြန်ရောက်သွားတာပဲ။ အဲဒီမှာ ဘာကွာလဲ ။မကွာပါဘူး ဒိုက ဒိုပါပဲ ။တခုတော့ ရှိတယ် သူ့ရဲ့ အသံကြိမ်နှုန်းမြင့်သွားတယ်။ ပထမ ဒိုထက် ဒုတိယ ဒိုက ကြိမ်နှုန်းပိုမြင့်သွားတယ်။ ဘယ်လောက်ကွာလဲ ဆိုရင်
1 octave ကွာတယ် ကီးဘုတ်မှာဒို ၅ခုရှိပါတယ်။ ပြောရင် 5 octave ပေါ့။ အောက်က ပုံက အရောင်လေးတွေနဲ့ခွဲထားပေး ပါတယ်။

စန္ဒယားမှာဆိုရင်တော့ အဲဒီလိုအပိုင်း (၇) ပိုင်းရှိပါတယ် ။ကီးဘုတ်မှာတော့ (၅)ပိုင်းပေါ့။ အနီရောင်လေးနဲ့ ၀ိုင်းထားတဲ့ နေရာက ဒိုက တော့ Low ဒို ပေါ့ အနိမ့်သံဒိုပါ။ အ၀ါရောင်နဲ့ဝိုင်းထားတဲ့အပိုင်းက ဒိုက Middle ဒိုလို့မှတ်ထားပြီး အစိမ်းရောင်နဲ့ ၀ိုင်းထားတဲ့ နေရာက ဒိုက တော့ High ဒိုအမြင့်ဆုံး ပေါ့နော် ။
ကီးဘုတ်တွေ မှာလဲ တခြားစက်ပစ္စည်းတွေလိုပဲ အမျိုးအစားကွဲပါတယ်။ Korgs/ Yamaha/Casi0 အစရှိတဲ့ တံဆိပ်တွေပေါ်င်းများစွာနဲ့ မော်ဒယ်ပေါင်းများစွာရှိပါတယ်။တခုနဲ့တခုအခေါ်အဝေါ်တွေလဲမတူပါဘူး။ ဘယ်နေရာတွေမှာကွာလဲ ဆိုတော့ အခေါ်ကွာတာပါ ။ တချို့က Chords လို့ပဲဒီအတိုင်းရေးထားပေမယ့် တချို့ကီးဘုတ်တွေမှာကျတော့ ACMP လို့ရေးထားတတ်တယ်။အဓိက တီးခတ်ရတဲ့ ခုလုပ်တွေမှာ တူပေမယ့် ကျန်တဲ့ နေရာတွေမှာမတူပါဘူး ကျွန်တော်တို့ ကွန်ပျူတာ တွေလိုပေါ့။ကီးဘုတ်ရဲ့အဓိက သုံးတဲ့ ခုလုပ်တွေ နေရာတူလို့ ဘယ်ကွန်ပျူတာဖြစ်ဖြစ် စာရိုက်ရတာချင်းတူပေမယ့် အဖွင့်အပိတ်ခုလုပ်လေးတွေ မော်နီတာရဲ့ Adjust လုပ်တဲ့ ခုလုပ်တွေကျတော့ အမျိုးအစားအလိုက် ကွာသလိုပေါ့နော်။ အရင် ဆုံးအနေနဲ့တော့ အထက်က ပြထားတဲ့ ဒိုရေမီဖာနေရာလေးကိုမှတ်မိအောင်လုပ်ထားစေချင်ပါတယ်။
ဒီနေ့အတွက်တော့ သွန်းလေးဒီလောက်ပဲပြောပြတော့မယ်နော်။ နောက်နေ့မှပဲ ဆက်ပြိးပြောပြပါ့မယ်။လော လောဆယ်တော့ လက်တွေလဲညောင်း ၊ခါးတွေလဲညောင်းလာလို့ နော်။ ဒီလောက်ထိစိတ်ဝင်တစားဖတ်ပေး တာပဲကျေးဇူးပါ။လိုအပ်တာရှိရင်လဲ
ထောက်ပြပေးစေချင်ပါတယ်။ သိတဲ့သူတွေရှိရင်လဲ သွန်းနဲ့အတူတူ အားလုံးကို ထောက်ပြ့ပီးမျှဝေပေးပါနော်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...