










Tai mountain ကတော့ ကျွန်မတက်ဖူးသမျှတောင်တွေထဲမှာ အမြင့်ဆုံးနဲ့ အလှဆုံးပါပဲ။ ရှန်းတုန်းပြည်နယ် တိုက်အန်းမြို့မှာ တည်ရှိပါတယ်။ တောင်နံမည်က ထိုက် လို့ခေါ်တယ်။ အမြင့်ပေ 5069 ရှိပြီး တရုတ်ပြည်ရဲ့ အထင်ရှားဆုံး တောင် ၅ ခုထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ သမိုင်းဝင်တဲ့ရာဇ၀င်အထောက်အထားတွေ၊ သာသာရေးအယူဝါဒထွန်းကားမှုတွေနဲ့ လှပတဲ့ရှုခင်းတွေကြောင့် ခရီးသွားတော်တော်များတဲ့ တောင်တစ်ခုဖြစ်ပါတယ်။ တောင်ပေါ်မှာ buddhism, taosim (တာအိုအယူဝါဒ), နဲ့ ကွန်ဖြူးရှပ် အယူဝါဒဆိုင်ရာ ဘုရားကျောင်းတွေရှိပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ ကျော် ချင်မင်းဆက်လက်ထက်ကထဲက ဘုရားရှိခိုးဆုတောင်းတဲ့ တောင်တစ်ခုဖြစ်ပါတယ်။ ဘုရင်တွေက heaven and earth ကို ရှိခိုးတဲ့အခါ အဲဒီတောင်ထိပ်က နေထွက်ချိန်မှာ heaven ကို ရှိခိုးပြီး တောင်ခြေကနေ earth ကို ရှိခိုးပြီး သစ္စာအဓိဌာန်ပြုလေ့ရှိပါတယ်။ မင်းအဆက်ဆက် ဆုတောင်း သစ္စာပြုကြတဲ့ ပင်မနေရာအဖြစ် ထင်ရှားခဲ့ပါတယ်။ သဘာဝကျောက်တုံးတွေနဲ့ ကျောက်စာတွေလဲ အများကြီးရှိပါတယ်။ ခရီးသွားတွေက အဲဒီတောင်ပေါ်ကို မနက် နေထွက်ချိန်ရောက်အောင် ညသန်းခေါင်အချိန်မှာ စပြီးတောင်တက်ကြပါတယ်။ ကျွန်မတို့က သူများထက်တစ်နာရီစောပြီး စတက်ပါတယ်။ ည ၁၁ နာရီခန့်မှ စတင်ပြီး တောင်တက်တယ်။ လှေကားထစ်တွေများပြီး မက်ပါတယ်။ ညဘက်ဆိုတော့ မီးမှိန်မှိန်နဲ့မို့လို့ တောင်တက်လမ်းက ဓါတ်ပုံတွေကို မပြတော့ပါဘူး။ မရပ်မနား တက်တာတောင်မှာ မနက် ၆ နာရီနီးပါးမှ တောင်ထိပ်ကိုရောက်ပါတယ်။ အဲဒီနေ့က ကံဆိုးစွာနဲ့ မိုးတိမ်တွေရှိပြီး နေကလှလှပပ မထွက်လာပါဘူး။ နွေရာသီပေမယ့် တောင်ပေါ်မှာ ခိုက်ခိုက်တုန်အောင်ချမ်းပါတယ်။ ဘုရားကျောင်းတွေဝင်ကြည့်ပြီး ရှုခင်းတွေဓါတ်ပုံရိုက်ကြပါတယ်။ အရမ်းပင်ပန်းပေမယ့် ရှုခင်းတွေမြင်ရတော့လဲ ပင်ပန်းတာတွေ ပျောက်သွားပါတယ်။ ဒါပေမယ့် အဆင်းကိုတော့ ခြေထောက်နဲ့ မဆင်းနိုင်တော့တာကြောင့် ပုံမှာပါတဲ့ လျှပ်စစ်ကားလေးနဲ့ပဲ တောင်တစ်ဝက်အထိ ဆင်းလိုက်တယ်။ ပြီးတော့မှ ကားနဲ့တဆင့် ထပ်ဆင်းရပါတယ်။ အခုဓါတ်ပုံတွေအားလုံးက ကျွန်မသူငယ်ချင်းလက်ရာ ဓါတ်ပုံများဖြစ်ပါတယ်။
တရုတ်ပြည်မှာ စိတ်ပျက်ရတာတစ်ခုကတော့ ခြေထောက်နဲ့တောင်တက်တာတောင်မှ တောင်တက်ခ ၁၂၀ ရွမ်ပေးရသေးတယ်။
http://mandalaygazette.com/33524/travel











No comments:
Post a Comment