Forbes မဂ္ဂဇင်းရဲ့ ဖော်ပြချက်အရ ဖေ့စ်ဘွတ် တည်ထောင်သူ မခ် ဇာကာဘက်ခ် ရဲ့ ကြွယ်ဝမှုမှာ ၂၀၁၁ ခုနှစ်တွင် ဒေါ်လာ ၁၃.၅ ဘီလီယံရှိပြီး၊ ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာစာရင်းတွင် ၅၂ နေရာမှာ ရှိသည်။
မကြာခင်က ဖေ့စ်ဘွတ်ကို ဒေါ်လာ ၁၀၀ ဘီလီယံနဲ့ ဈေးတင်သတ်မှတ်ခဲ့တာကြာင့်၊ သူ့ရှယ်ယာစုက ၂၈.၄ ရာခိုင်နှုန်းရှိတဲ့အတွက် ဇာကာဘက်ခ်ရဲ့ ကြွယ်ဝမှုက ဒေါ်လာ ၂၈.၄ ဘီလီယံ အထိ ရှိလာနိုင်သည်။ ဒါ့အပြင် သူ့ကို ကမ္ဘာ့အချမ်းသာဆုံးသူအဖြစ် မြင်ကြဖို့ ရှိနေသည်။

သို့သော် လက်ရှိ အသက်အရွယ်နဲ့ ပိုင်ဆိုင်ထားတဲ့ဓနကို တွက်ရင်၊ ဇာကာဘတ်ခ် က အငယ်ဆုံးမို့ ကမ္ဘာ့ အချမ်းသာဆုံးဟုပင် ဆိုနိုင်သည်။
အောက်မှာ ဖေ့စ်ဘွတ် လူဦးရေကို ရုရှား၊ ဘရာဇီး၊ အင်ဒိုနီးရှား၊ တရုတ်၊ အိန္ဒိယ၊ အမေရိက တို့က လူဦးရေနဲ့ ဘီလီယံအားဖြင့် နှိုင်းယှဉ်ဖော်ပြထားသည်။ ဈေးကွက်ကြွယ်ဝမှု ဒေါ်လာ ဘီလီယံကိုလည်း Boeing, McDonald, Amazon,Google, Toyota, Apple ကုမ္ပဏီတို့နှင့်လည်း ဖေ့စ်ဘွတ်ကို နှိုင်းယှဉ်ထားသည်။

ဝင့်ထန်း
Source: The Economist
http://www.maukkha.org
No comments:
Post a Comment