
သတို့သား Erryzuan Topah က အသက် ၃၄၊
သတို့သမီး Nurul Jannah Abdullah က အသက် ၂၂။
ဒီအိုင်ဒီယာက သတို့သမီးဖခင်၊ ဈေးထဲက ကြက်သားဆိုင်ပိုင်ရှင် Abdullah Idris ရဲ့ အိုင်ဒီယာ ဆိုပဲ။
ဧည့်သည်တွေအပြင် ဈေးထဲက ပရိသတ်ပါ သူတို့မင်္ဂလာပွဲကို မျက်မြင်သက်သေ ဖြစ်ကြတာမို့ သတို့သားက ဒီအစီအစဉ်ကို မငြင်းဘူးလို့ ဆိုတယ်။

သူတို့စုံတွဲ လွန်ခဲ့တဲ့ ၃ နှစ်က စပြီး တွေ့ဆုံခဲ့ကြတာလို့ သိရပါတယ်။ သတို့သားက တနေရာကို ဖုန်းခေါ်တာ ဖုန်းနံပတ် မှားပြီး သတို့သမီးဆီကို ဆက်မိတယ် တဲ့။ ဒါဟာ ဇာတ်လမ်းရဲ့ အစလို့ ဆိုတယ်။

ညွှန်း - http://thestar.com.my/news/story.asp?file=/2012/2/6/nation/20120206090539&...
ဧရာဝတီ
No comments:
Post a Comment