စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







စာနာစိတ်မရှိသော လူများ


တရုတ်ပြည်ရဲ့ လူထူထပ်တဲ့လမ်းကြားတစ်ခုမှာ ယခုလို လိပ်ကလေးတွေကို မျှော်လင့်ချက် မဲ့သော ဘ၀ တွေအနေနဲ့ မြင်တွေ့လိုက်ရပါတယ် ။ ဒီ လိပ်ကလေးတွေဟာ အသက်ရှင်နေပါသေးတယ် ။ ဒါပေမယ့် ကျဉ်းမြောင်းတဲ့ အိတ်ကလေးထဲ မှာ မလှုပ်သာပဲ ကူးခတ်နေရတယ် ။ စတိုးဆိုင်ပိုင်ရှင်ပြောတာကတော့ ဒီလိပ်ကလေးတွေဟာ ၁ လကနေ ၃ လအထိ ဒီအိတ်ကလေးထဲမှာ အသက်ရှင်နိုင်ပါတယ်တဲ့ ။ ဈေးနှုန်းကတော့ တစ်ကောင်ကို 5 RMB ဖြစ်ပါတယ် ။

ဒါ ဟာ အရမ်းကို ရက်စက်လွန်းရာကျပြီးလုံးဝ လက်ခံသင့်တဲ့အရာတစ်ခုမဟုတ်ပါဘူး ။ ဒီလို အသက် ၊ ဘ၀ တစ်ခုဟာ တဖြည်းဖြည်း မွန်းကြပ်စွာ နေလာပြီး နောက်ဆုံး တိတ်ဆိတ်စွာ သေဆုံးသွားကြရတဲ့အဖြစ် ။ ကဲ လူတွေကိုရော အခုလို အိတ်ထဲထည့်ပြီး တဖြည်းဖြည်း အသက်ရှူကြပ်စေပြီး သေဆုံးသွားစေခဲ့မယ်ဆိုရင်ရော .. ကျွန်တော်တို့အားလုံးဟာ ကိုယ်ချင်းစာတရား ထားသင့်ပါတယ် ။

ငွေရဖို့တခုတည်းကြည့်တဲ့ ဒီစတိုးဆိုင်ပိုင်ရှင်တွေရဲ့လုပ်ရပ်ဟာ အလွန်ကို မသတီစရာကောင်းပါတယ် ။ သတ္တ၀ါပဲဖြစ်ဖြစ် လူပဲဖြစ်ဖြစ် အသက်တစ်ချောင်းပါ ။ ဒီလိုလိပ်ကလေးတွေကိုအထုပ်ပေါင်းများစွာ ထုပ်ပြီး လာဝယ်မယ့်သူမရှိရင် တိတ်ဆိတ်စွာ သေဆုံးသွားရမယ့်အဖြစ်း( ကိုယ့်တကိုယ်ရေ စိတ်ပျော်ရွှင်ဖို့အတွက် သနားစရာသတ္တ၀ါလေးတွေကို အခုလို ကန်ကျဉ်းကျဥ်းလေးတွေထဲ ထည့်ပြီး ထားတာဟာ ရက်စက်ရာ ကျလွန်းတယ်လို့ ကျွန်တော်ထင်တယ် ။ လူတွေဟာ စာနာမှုတရားခေါင်းပါးလာကြပြီး အရက်စက်ဆုံး သတ္တ၀ါတွေများ ဖြစ်နေကြပြီလားလို့ တခါတခါတွေးမိတယ် ။ စီးပွားရေးသမားတွေကိုလည်း ဒီလိုလုပ်ရပ်မျိုးကို တရုတ်ပြည်အနေနဲ့ရော တိရိစ္ဆာန်ညှင်းပန်းနှိပ်စက်မှုကာကွယ်ရေး အဖွဲ့တွေကရော တင်းတင်းကြပ်ကြပ် အရေးယူသင့်ပါပြီ ။

သင်လည်း ဒီစာလေးကို Share လုပ်ခြင်းအားဖြင့် ဝေမျှပေးသွားပါ ။ ဒါမှ ဒီလိုလူမဆန်တဲ့ စီးပွားရေးသမားတွေရဲ့လုပ်ရပ်ကို လူအများသိသွားကြမှာဖြစ်ပါတယ် ။



 အလင်းက ညီအကိုမောင်နှမ များ ကို အစဉ်လေးစားလျှက်
                                                  *** လင်းလက်ကြယ်လေး ***

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...