စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မလေးရှား မြန်မာလူငယ်များ ပထမအကြိမ်သွေးလှူဒါန်းပွဲ

Event Details

မလေးရှား မြန်မာလူငယ်များ ပထမအကြိမ်သွေးလှူဒါန်းပွဲ
အချိန် > March 11, 2012 from 10am to 7pm
တည်နေရာ > Chiness Assembly Hall
Street: No.1, Jalan Maharajalela, 50150
မြို့အမည် > Kuala Lumpur.
မြေပုံအညွှန်း > http://maps.google.com.my/map…
ဆက်သွယ်ရန် > 0124468842
ပွဲတော်အမျိုးအစား > donation
စီစဉ်တင်ဆက်သူ > ဥယျာဉ်မှူး
နောက်ဆုံး လုပ်ဆောင်မှု့ - 29 minutes ago
Export to Outlook or iCal (.ics)

Event Description

ကျွန်တော်တို့ ပရဟိတ မြန်မာလူငယ် အဖွဲ့စည်းတွင် မည်သူမဆို ၊ မည်သည့်နိုင်ငံသားမဆို ၊ မည်သည့်ဘာသာဝင်မဆို အောက်ပါအကူညီများတောင်းယူနိုင်ပါသည်
၁. အရေးပေါ်သွေးလိုအပ်ပါက
၂. ကျမ်းမာရေးအတွက် ဆေးကုသရန်၊ ဆေးရုံတက်သောအခါ စရံငွေလိုအပ်နေပါက
၃. မြန်မာနိုင်ငံသား များထဲမှ အကြောင်းအမျိုးမျိုးကြောင့်  မလေးရှားတွင် အသက်ဆုံးရုံးပါက နာရေးအတွက် အကူညီလိုအပ်ပါက
၎. မြန်မာနိုင်ငံသား များထဲမှ အနိုင်ကျင့်ခံ ၊ မတရား ခံရပါက
ကျွန်တော်တို့ အဖွဲ့ကို ချက်ချင်း အကူညီတောင်းခံနိုင်သည် 


ထို့အတူကျွန်တော်တို့ အဖွဲ့မှ အောက်ပါ အလှူရှင် မြန်မာလူငယ်များ အရေးပေါ် လိုအပ်လျှက်ရှိပါသည် 
၁. အရေးပေါ်သွေးလိုသောအခါ လှူဒါန်းမည့် မြန်မာလူငယ်များ
၂. အခမ်းနားဖြင့် သွေးလှူဒါန်းသောအခါ ပါဝင်မည့် မြန်မာလူငယ်များ 
၃. အားလပ်ရက်များအတွင်း လုပ်အားဒါနပြုလိုသော မြန်မာလူငယ်များ 
၎. မြန်မာနိုင်ငံသားများ၏ အခက်ခဲများကို ကူညီသောအခါ လိုအပ်သောကုန်ကျမှု့များအတွက်သဒ္ဒါတရား အလိုက်တတ်နိုင်သောမည်သည့်ပမာဏဖြင့်မဆို လှူဒါန်းလိုသော  ငွေကြေး အလှူရှင် မြန်မာနိုင်ငံသားများ မြန်မာလူငယ်များ မြန်မာလုပ်ငန်းရှင်များ ကို ကျွန်တော်တို့ လိုအပ်လျှက်ရှိပါတယ် ။


ယနေ့အထိ ကျွန်တော်တို့ သွေး ၊  ချွေးနည်းစာလုပ်အားခ ဖြင့် ဖြူစင်စွာ လှူဒါန်းမည့် မြန်မာ့ပရဟိတ လူငယ်များ အစည်းအရုံးကို မည်သူမဆို မိမိသွေးဖြင့် ဖြစ်စေ ၊ လုပ်အားဖြင့်ဖြစ်စေ ၊ ငွေအားဖြင့်ဖြစ်စေ လှူဒါန်းလိုလျှင် (သို့) အဖွဲ့ဝင် ဖြစ်လိုလျှင်
အမှတ် ၁၁၈ ၊ Jalan Tun H.S Lee ၊ ဘန်ကောက်ဘဏ် အရှေ့ ၊
အောင်မြန်မာ မြန်မာစတိုး နှင့် မြန်မာရွာ မြန်မာစတိုး ဆိုင် ကြား ပထမထပ်
သို့လူကိုယ်တိုင် လာရောက်၍ုဖြစ်စေ ။

ကိုမျိုး

ဥယျာဉ်မှူး
012 446 8842
www.edinooyin.com
သို့လည်း ဆက်သွယ်ဆောင်ရွက်နိုင်ပါသည် ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...