စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...
မိဘခြေရာ ပူဇော်နည်း(အပိုင်း-၁)
ကျေးဇူးကြီးလှ မိနှင့်ဘ
မိဘကျေးဇူးတွေကို ဖော်ပြမည့် “မြင့်မိုရ်တမ်းချင်း စာအုပ်ကို ထုတ်ဝေပါမည်၊ဆောင်းပါးရေးပေးပါဘုရား” ဟူ၍
ဝေမိုးး ကျွန်းလှက လျှောက်ထားလာပါသည်၊ သူ၏စကားကို  လက်ခံလိုက်သလို သူထုတ်မည့်စာအုပ်ကိုလည်း
 ကြီးမားပါလည်း မိဘကျေးဇူးကို နားမလည်သူတွေ ပေါများလာချိန်တွင် နားလည်ပါသော်လည်း ကျေးဇူးမဆပ်
သူတွေ များပြားလာချိန်တွင် “မြင့်မိုရ်တမ်းချင်း” ပေါ်ထွက်လာမည်ဖြစ်သောကြောင့်တည်း။
မိဘကျေးဇူးဟူသည် “ မြင့်မိုရ်တမ်းချင်း “ စာအုပ်ထဲမှ စာရေးဆရာတွေ ရေးပြထားသလောက်သာ ရှိသည်ဟူ၍
တော့ မမှတ်ရပါ၊ ဤစာအုပ်ထဲ၌ မိမိဥာဏ်စိတ်ကူးထဲမှာ လက်လှမ်းမှီသမျှ ပေါ်လာသမျှလေးတွေကိုသာ
 ရေးပြထားကြခြင်းဖြစ်သည်၊ ရှစ်သောင်းလေးထောင် အမြင့်ဆောင်သော အလွန်ကြီးမားလှသည့် မြင့်မိုရ်တောင်
 ကြီးသည်ပင် မိဘမေတ္တာ မိဘကျေးဇူနှင့် နှို်င်းစာလျှင် “သက္ခရာယတိ မေရုပိ” ဟူသော နီတိစကားနှင့်အညီ အလွန်
်သေးငယ်သော ကျောက်စရစ်ခဲလေးမျှသာ ဖြစ်ရသည်။
 မိဘကျေးဇူးသည်ကား “ မာတာပိတု ဂုဏော အနန္တော” ဟူသောစကား၊ “မာတာပိတု ဂုဏော အနန္တောဟု အံ့သြစဖွယ်
ဂုဏ်သွယ်ဖြာသား မာတာပိတ မိနှင့်ဘ၏ ပြုကြဖုံဖုံကျေးဇူးဂုဏ်ကို စေ့စုံအောင့်မေ့  ဆုံးမတွေ့ တည့်” ဟူသောလင်္ကာ
နှင့်အညီ မိဘကျေးဇူးကို ကုန်စင်ပြည့်စုံအောင် မည်သူတွေကမျှ မရေးနိုင် မဟောနိုင် မပြောနိုင် လောက်အောင်
များမြောင်ကြီးမား ကျယ်ပြန့် နက်ရှိုင်းလှပါပေသည်။
ဤ၌ ရှေးဆရာတစ်ပါးရေးသားထားသည့် မိဘကျေးဇူးကို ပြလျှက် ရှိခိုးသောလင်္ကာတို့ ကို ထုတ်ဖော်ပြပါမည်၊
မိဘရှိခိုးလင်္ကာမှာ (၅) ပိုဒ် ပါရှိသည်၊ ထိုလင်္ကာသည် ကာရံနဘေ အချိတ်အဆက်မိပြီး ရွတ်ဆိုရတာလွယ်ကူ
ချောမောပြေပြစ်သည်၊ မြတ်စွာဘုရားရှင်ဟောကြားသော သဗြဟ္မကသုတ်၊ ဗြဟ္မသုတ်ပါဠိတော်နှင့် အဋ္ဌကထာ
တို့ ကို ကျောရိုးပြုလျက် သီကုံးထားသဖြင့် ခိုင်မာလှသည်၊ မိဘကျေးဇူးများလည်း ထိုက်သင့်သလောက်
် စုံလင် စွာပါရှိသည်။ ဆိုလိုရင်းအဓိပ္ပါယ်မှာလည်း ရှင်းပြစရာ မလိုလောက်အောင် ပေါ်လွင်ထင်ရှားသည်။
မိဘရှိခိုးလင်္ကာ(၁) အမေ့ဂုဏ်ရည်
(၁) မာတာပိတု ဂုဏော၊ အနန္တောဟု ၊ အံ့သြစဖွယ်၊ ဂုဏ်သွယ်ဖြာသား၊ မာတာပိတ၊ မိနှင့်ဘ၏၊ ပြုကြဖုံဖုံ၊
 ကျေှးဇူးဂုဏ်ကို၊စေ့စုံအောင့်မေ့၊ ဆုံး မတွေ့ တည့်၊ နေ့ ညရှည်စွာ၊ ဆယ်လကြာအောင်၊ လွယ်ကာခဲယဉ်း၊
စောင့်ရှောက်လျဉ်း၍၊သားရင်းမျက်နှာ၊ မြင်ခဲ့ပါလျှင်၊ ဒေ၀ါသိကြား၊ ဆက်သထားသို့ ၊ စိတ်အားနှစ်ခြိုက်၊ ပီတ
ိ ခိုက်၍၊ လွယ်ပိုက်ရင်ခွင်၊ အသက်သွင်သို့ ၊ ချော့ငင်ဆိုတေး၊ နို့ ချိုကျွေးလျက်၊ ညစ်ကြေးမစင်၊ လျှော်
သုတ်သင်၍၊ ဖြုတ် ခြင် မှက်ဆိုး၊သန်း ကြမ်းပိုးနှင့်၊ လေဆိုးမကြိမ်၊ နေမရှိန်အောင်၊ အချိန်မလပ်၊ လွန်စောင့် 
့်ကြပ်၍၊ စားဖတ်စားရေ၊ အထွေထွေဖြင့်၊မွေးမေမိရင်း၊ အသက်သွင်း၍၊ ဘေးကင်းရန်ပ၊ ကျန်းမာကြ၏။
ဤပထမအပိုဒ်ဖြင့် မိဘနှစ်ပါးတို့ တွင် မိခင်ဖြစ်သူ၏ သားသမီးတို့ အပေါ် ပြုစုစောင့်ရှောက် ကြင်နာယုယပုံ အမေ့
 ကျေးဇူးဂုဏ်ရည်တို့ ကို ဖော်ပြသည်၊ မိခင်ဟူသည် သားသမီးတို့ ကို ပဋိသန္ဓေနေသည့် ကလလ ရေကြည်
အချိန်အခါမှ စတင်ကာ အသက်ပေး၍ စောင့်ရှောက်ပုံကို ဖွဲ့ ဆိုပြသည်။
မိဘရှိခိုးလင်္ကာ(၂) အဖေ့ဂုဏ်ရည်
(၂) မွေးဖသည်ကား၊ သမီးသားတို့ ၊ ကြီးပွါးစေရန်၊ ချစ်စိတ်သန်၍၊ ဘေးရန်ထူပြော၊ မြစ်ရေကြောနှင့်၊
တောင်တောင်
 မရှောင်၊ ညဥ့်မှောင် မကွင်း၊ ခလုတ်ကျင်းနှင့်၊ မိုးပြင်း လေကြမ်း၊ သည်းခံစွမ်းလျက်၊ ဘေးဘျမ်းလက်နက်၊
အသက်အန္တရာယ်၊ အသွယ်သွယ်ကို၊ တကယ်မရှု၊ ဥစ္စာစုလျက်၊ သားနုသေးငယ်၊ သမီးမယ်တို့ ၊ ကိုယ်ဝယ
် ဘေးရှင်း၊ ရွယ်ကြီးမြင်းသော်၊ စိုးမင်း ရာဇာ၊ ရှိန်ဝါမသေး၊ သူဋ္ဌေးသူကြွယ်၊ ဖြစ်ဖို့ ရွယ်လျက်၊ ကြီးငယ်လုံ့ လ၊
ဥဿာဟဖြင့်၊ မွေးဖပိတာ၊ ပြုနိုင်ပါ၍၊ဓီတာ ပုတ္တ၊ ရှိသမျှ၌၊ မိဘမေတ္တာ၊ လွန်ကြီးပါ၏။
ဤဒုတိယအပိုဒ်ဖြင့် ဖခင်ဖြစ်သူက သားသမီးတို့ ကို စောင့်ရှောက်လုပ်ကျွေးပုံ အဖေ့ကျေးဇူး ဂုဏ်ရည်တို့ ကို ပြဆိုသည်၊
 ဖခင်သည် သားသမီးအတွက် စီးပွါးဥစ္စာ ရှာဖွေရာ၌ မိမိအသက်အန္တရာယ်ကိုပင် ထည့်မတွက်ပဲ ရှာဖွေစုဆောင်းပြီး
 လုပ်ကျွေးပုံကို ဖော်ညွှန်းပြသည်။ ဤနှစ်ပိုဒ်တို့ ဖြင့် မိဘနှစ်ပါးတို့ က  သားသမီးတို့ အပေါ်မှာ ထားသော မေတ္တာတရား
ကြီးမားပုံကို သီကုံးပြသည်။
မိဘရှိခိုးလင်္ကာ(၃) ရှေးဦးဆရာဖြစ်သောမိဘ
(၃) ရံခါသော်ကား၊ ရင်းသွေးများ၌၊ နာဖျားရှိချင်၊ ဖမိခင်တို့ ၊ ဆောလျင်မသွေ၊ ချမ်းသာစေဟု၊ အိပ်နေမရှိ၊ အရိပ်ကြည့်၍၊
 မေးတည့် ခေါ်ငင်၊ သနားအင်သည်၊ ရေယာဉ်မြစ်ကြီး၊ လှိမ့်၍စီးသို့ ၊ ကြီးကရုဏာ၊ လွန်ကဲစွာ၏၊ သည်းခြာရင်သွေး
၊ မတ်ရပ် ပြေး၍၊ ခေါ်မေးနိုင်ဘိ၊ အရွယ်ရှိသော်၊ သိခွင့်သိရာ၊ မျိုးဘာသာနှင့်၊ ဆွေဥာ သားချင်း၊ မှားမယွင်းအောင်၊
စစွာပကတူး၊ သင်ပေးဖူး၍၊ လက်ဦးဆရာ၊ မည်ထိုက်စွာသည်၊ ပုဗ္ဗာ စရိယ၊ မိနှင့်ဘဟု၊ ဗုဒ္ဓစိန္တေ၊ ဟောမိန့် ချွေ၏။
ဤ တတိယ အပိုဒ်ဖြင့် သားသမီးတို့ အပေါ်ထားရှိသော မိဘနှစ်ပါးတို့ ၏ သနားကရုဏာ လွန်စွာကြီးမားပုံကို ပြသည်။
ထို့ အပြင် မိဘနှစ်ပါးတို့ က သားငယ်သမီးငယ်တို့ ၏ ပထမဆုံး ရှေးဦးစွာသော ဆရာသမားများ ပုဗ္ဗာစရိယ ဖြစ်ကြပုံ
ကိုလည်း ဖွဲ့ သီပြသည်။
မိဘရှိခိုးလင်္ကာ(၄) ဗြဟ္မာကြီးနှင့်တူသောမိဘ
(၄) ရုပ်ရည်တင့်တယ်၊ သင့် အရွယ်၌ ၊ တတ်ဖွယ်ပညာ၊ အရာရာကို၊ လိမ်မာစေမှု၊ တတ်အောင်ပြု၍၊ လူစုပွဲဘောင်၊
တင့်တယ်အောင်ဟု၊ ထိန်ပြောင်ဆန်းစွာ၊ ၀တ်တန်ဆာကို၊ လိုရာမနှေး၊ ဆင်ဝတ်ပေး၍၊ ရင်သွေးမောင်မိ၊တင့်တယ်
်ဘိဟု၊ ရှုကြည့်မှန်းကာ၊ စိတ်ချမ်းသာ၍၊ မုဒိတာစစ်၊ မကွာဖြစ်၍၊ သားချစ်သမီး၊ ပြည့်စုံပြီး၍၊ ခြားသီး အိမ်ရာ၊
နေနိုင်ပါသော်၊ဥပေက္ခာမှု၊ လျစ်လျူရှု၏။ လေးခုဗြဟ္မစိုရ်၊ ပွါးပြု ထိုကြောင့်၊ ခေါ်ဆိုတသီး၊ ဗြဟ္မာကြီးဟု၊
 မြွက်ချီး သညာ၊ဆိုထိုက်ပါ၏။
ဤ စတုတ္ထ အပိုဒ်ဖြင့် သားသမီးတို့  ကြီးပွါးအောင်မြင်မှုကို အကြောင်းပြု၍ မိဘနှစ်ပါးတို့ ၏ ၀မ်းမြောက်မှု
မုဒိတာဖြစ်ပွါးပုံကိုလည်းကောင်း၊ သားသမီးတို့  အိမ်ထောင်ကျ၍ ပြည့်စုံမှုရှိလျှင် မိဘတို့ ၏ လျစ်လျူရှုမှု ဥပေက္ခာဖြစ်ပုံ
ကိုလည်းကောင်း ပြဆိုသည်၊ ထိုမှ တဖြာ အထက်အပိုဒ်တို့ ၌ ပြဆိုခဲ့သည့်အတိုင်း မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ ဟ
ုဆိုအပ်သော ဗြဟ္မစိုရ်တရား လေးပါးတို့ ကို ပွါးများကြသဖြင့် မိဘတို့ သည် သားသမီးတို့ ၏ ဗြဟ္မာကြီးတေ
ွ ဖြစ်ကြပုံကိုလည်းဖော်ညွှန်းပြသည်။
မိဘရှိခိုးလင်္ကာ(၅) မိဘခြေဖ၀ါး ဦးတင်ပုံ
(၅) များစွာရှိငြား၊ သမီးသားတို့ ၊ ညွတ်တွားကော်ရော်၊ ပူဇော်သမျှ၊ လှူဒါနကို ၊ မုချတိုက်ရိုက်၊ ခံယူထိုက်၏၊
သမိုက်ဆန်းစွာ၊ရဟန္တာနှင့်၊ သညာတူမှု၊ အမည်ပြု၍၊ အာဟုနေယျ၊ မှန်ပေလှဟု၊ ဗုဒ္ဓမြတ်ဘုရား၊ ဟောဖော်ကြား
သည်၊ ကြီမားဂုဏ်အင်၊မွေးမိခင်နှင့်၊ ဖခင်တို့ အား၊ ရိုညွတ်တွား၍၊ စိတ်ထားထင်မြင်၊ ဖ၀ါးပြင်ကို၊ဦးတင်မာန်လျှော့၊
 ကန်တော့မြတ်နိုး၊ ရှိခိုးပါ၏။
ဤ ပဉ္စမအပိုဒ်ဖြင့် ရဟန္တာအရှင်မြတ်တို့ သည် အာဟုနေယျ အမည်ရသကဲ့သို့  မိဘတို့ သည်လည်း သားသမီး တို့ ၏
ပူဇော်မှုကို ခံယူထိုက်သဖြင့် အာဟုနေယျ မည်ပုံကို ပြဆိုသည်။ ထို့ အပြင် ဆိုခဲ့ပြီးသည့်အတိုင်း မိဘတို့  ၏
ဂုဏ်ကျေးဇူးကြီးမားပုံတွေ ရှေဦးဆရာဖြစ်ပုံတွေ ဗြဟ္မာကြီးနှင့်တူပုံတွေ ရဟန္တာသဖွယ် အာဟုနေယျ မည်ထိုက်ပုံတွေကို
တစိမ့်စိမ့်တွေးလျက် စိတ်ဝယ်ထင်ထင် ဆင်ခြင်ပြီးလျှင် မာန်မာနတို့ ကို လျှော့ချပြီး မိမိတို့  ဥိးခေါင်းဖြင့် မိဘတို့ ၏
ခြေဖ၀ါုးတို့ ကို မြတ်နိုးစွာရှိခိုးဦးချကန်တော့ပါ၏ ဟူ၍လည်း ပြဆိုပေသည်။
ဘဒ္ဒန္တနာရဒါဘိဝံသ ၏ အဖေ့ခြေရာ စာအုပ်မှ ကူးယူဖော်ပြပါသည်။
မိဘခြေရာ ပူဇော်နည်း (အပိုင်း-၂)ကို  ဆက်လက်ဖော်ပြပါမည်။
No comments:
Post a Comment
Related Posts Plugin for WordPress, Blogger...