စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







*** မုံလာဥoါ * ကြက်ဥနဲ့*ကော်ဖီနဲ့***ဘoအမြင်***

တောင်အမေရိကတိုက် ပီရူးနိုင်ငံရောက် မိတ်ဆွေတစ်ယောက်က အီးမေးလ်ပို့လိုက်တယ် သူ့ရဲ့စာကအင်္ဂလိပ်လိုရေးထားတယ် carrots,eggs & coffee * တဲ့ မှတ်သားစရာကောင်းတဲ့အတွက် ထပ်ဆင့်ေoငှလိုက်ပါတယ်** အကြောင်းအရာလေးကတော့ မုံလာဥoါ* ကြက်ဥနဲ့*ကော်ဖီတစ်ခွက်ပါပဲ** ဒီစာဖတ်ပြီးတဲ့နောက် သင့်အနေနဲ့ ဘယ်တော့မှ ကော်ဖီတစ်ခွက်ကို အရင်လိုမြင်တော့မှာ မဟုတ်ပါဘူး** အမျိုးသမီးငယ်လေးတစ်ယောက်ဟာ သူ့အမေဆီကိုသွားပြီးငိုပြတယ်** သူမရဲ့ဘo ဆင်းရဲခက်ခဲတဲ့ အကြောင်းတွေကို တင်ပြတာပေါ့** သူမဟာဘoခရီးရဲ့ ခက်ခဲပင်ပန်းကြမ်းတမ်းမှုတွေနဲ့ ဘယ်လိုခရီးဆက်ရမှာလဲ** သူမရဲ့ဘoကို ဒီနေရာကနေ အရှုံးပေးချင်လာပြီလို့ ညည်းညူမိတယ်** ** ကြည့်လေအမေရယ် ဘoမှာပြသ၁နာတွေကအများကြီး ဒီတခုပြေလည်သွားရင် နောက်တစ်ခုလာပြန်လေရော ဆုံးကိုမဆုံးနိုင်တော့ဘူး** အမေဟာ ကြေကွဲoမ်းနည်းနေတဲ့ သမီးကို မီးဖိုထဲကိုခေါ်သွားတယ် ပြီးတော့ အိုးသုံးလုံးမှာ ရေထည့်ပြီး မီးဖိုပေါ်တင်ထားလိုက်တယ် ကံအားလျော်စွာပဲ သူတို့အိမ်မှာ မီးဖို [ 3 ] ခုအဆင်သင့်ရှိနေတယ် အိုးတွေဆူလာတဲ့အချိန်မှာ ပထမအိုးထဲကို သူမက မုံလာဥoါတစ်လုံးထည့်တယ် ဒုတိယအိုးထဲကိုကျတော့ ကြက်ဥတစ်လုံးထည့်တယ် နောက်ဆုံးအိုးထဲကိုတော့ အမှုန့်ကြိတ်ထားတဲ့ ကော်ဖီစေ့တွေထည့်သတဲ့ အမေဟာ စကားတစ်ခွန်မှမပြောပဲ အိုးသုံးလုံးစလုံး ဆူနေတာကို စောင့်ကြည့်နေတယ် မိနစ် 20 လောက်ကြာတော့ သူမဟာ မီးဖိုမိးတွေကိုငြှိမ်းသတ်လိုက်တယ် ပထမ သူမဟာ မုံလာဥoါကိုဆယ်ပြီး ပန်းကန်တစ်ခုမှာ ထည့်လိုက်တယ် နောက်ကြက်ဥကိုဆယ်ပြီး ပန်းကန်တစ်ခုမှာထည့်ပြန်တယ် ပြီးတော့ ကော်ဖီကို ခွက်ရှည်တစ်ခုထဲငှဲ့ထည့်လိုက်တယ် အမေဟာ သမီးဘက်ကိုလှည့်ပြီး မေးခွန်းထုတ်လိုက်တယ်** **ငါ့ကိုပြောစမ်း နင်ကဘာလဲ.....** **မုံလာဥoါလား ကြက်ဥလား ကော်ဖီလား** အမေဟာ သမီးရှိရာကို မုံလာဥoါကိုယူလာပြီး စမ်းခိုင်းတယ်** **သူမစမ်းကြည့်လိုက်တယ်** *** အင်းပျော့ပျော့လေးပါလား*** နောက်အမေက ** သမီးရေ ကြက်ဥကိုယူပြီး အခွံခွာလိုက်ပါ** လို့ပြောတယ် သမီးဟာ ကျက်နေအောင်ပြုတ်ထားတဲ့ ကြက်ဥမာနေတာကိုတွေ့ရတယ်** နောက်ဆုံးမှာအမေဟာ သမီးကို ကော်ဖီတစ်ငုံလောက် မြည်းကြည်ဖို့ပြောတယ်** သမီးဟာ မွှေကြိုင်ပြီးအရသာရှိတဲ့ ကော်ဖီကို တစ်ငုံလောက်သောက်မိတဲ့အခါ ကျေနပ်ပြီးပြုံးလိုက်တယ် ပြီးတော့အမေ့ကိုမေးတယ်*** အမေဘာကိုဆိုလိုတာလဲ*** အမေကရှင်းပြတယ် **သမီးတွေ့တယ်မဟုတ်လား ဒီပစ္စည်း သုံးခုလုံးဟာ ကံကြမ္မာယိုယွင်းလို့ မီးအပူနဲ့ ဆူစေတဲ့ရေထဲကိုကျရောက်ခဲ့တယ်မဟုတ်လား သို့သော်တစ်မျိုးဆီဟာ မတူညီတဲ့တုန့်ပြန်မှုတွေပေးခဲ့ကြတယ် ***တကယ်တော့မုံလာဥoါဆိုတာ မူလက မာကျောကျောနဲ့ ချိုးဖဲ့ရခက်တာပဲ ဒါပေမဲ့ ရေနဲ့ပြုတ်လိုက်တယ်ဆိုရင်ပဲ နူးညံ့ပျော့ပျောင်းသွားတယ် အလွယ်တကူဖဲ့ထုတ်ယူလို့ရတယ်** **ကြက်ဥဆိုတာ အထိမခံရွှေပန်းကန်လေ ထိမိ ခိုက်မိမယ်လွတ်ကျမယ်ဆိုရင်ကွဲတော့တာပဲ အပြင်က အခွံပါးပါးခပ်မာမာလေးက အထဲကအရည်တွေကို
ကာကွယ်ထာတာပဲပေါ့ သို့သော် ရေနွေးထဲကိုလည်းရောက်လို့ ခပ်ကြာကြာလေးထားလိုက်လို့ကတော့
အထဲမှာ မာကျောလာတော့တာပဲ ကြာကြာဆူလေမာလေပဲပေါ့**
***ကော်ဖီစေ့တွေက ထူးကိုထူးခြားတယ်***
သူတို့ကိုဆူအောင် ပူအောင်လုပ်တဲ့ရေကို သူတို့ပြောင်းလဲသွားစေတယ်***
ဒီလိုပြောပြီးသူမဟာ သမီးကိုမေးတယ် **
***သမီးဟာ ဘယ်လိုအမျိုးအစားလဲ***
**တကယ်လို့ ဆိုးoါးတဲ့အဖြစ်တွေ သမီးရဲ့အိမ်တံခါးကိုလာခေါက်ရင် သမီးဘယ်လိုတုန့်ပြန်မလဲ**
***မုံလာဥoါလိုလား***ကြက်ဥလိုလား***
ဒါမှမဟုတ်***ကော်ဖီစေ့လိုလား*** သမီးဘယ်လိုလူမျိုးလဲ စဉ်းစားကြည့်ပါ**
တကယ်လို့သမီးဟာ မုံလာဥoါလိုဖြစ်နေတယ်ဆိုရင် မူလကခပ်မာမာပါပဲ
သို့သော် တွန်းတိုက်ခံရတဲ့အခါ ခွန်အားချည့်နဲ့သွားကာ အသုံးမကျဖြစ်သွားမှာလား***
***သမီးဟာ ကြက်ဥလိုလား အစပိုင်းမှာတော့ အတွင်းမှာပျော့ပျော့လေး
နူးညံ့တဲ့နှလုံးသားရှိတာပေါ့ သို့သော် အခက်အခဲတွေကြုံတဲ့အခါ မာကျောလာတယ်
အပြင်ကကြည့်ရင်တော့အတူတူပါပဲ သို့သော် အတွင်းမှာ ခါးသီးနာကျည်းမာကျောနေတာမျိုးပေါ့
မာကျောတဲ့နှလုံးသားပိုင်ရှင်ဖြစ်လာတယ်***
***ဒါမှမဟုတ် သမီးဟာ ကော်ဖီစေ့တွေလား***
ကော်ဖီစေ့တွေဟာ ရေနွေးကိုပြောင်းလဲပစ်နိုင်စွမ်းရှိတယ်
တကယ်တော့ ဒီလိုအခြေအနေမှာ ပူလောင်ခြင်းပြင်းစွာခံစားရမှာပဲ မဟုတ်လား
ဒါပေမဲ့ ရေကပူလာလေလေ သူကမွှေးအကြိုင်တွေ အနံ့ အရသာတွေထုတ်လွှတ်လေပါပဲ
သမီးဟာကော်ဖီစေ့တွေလိုသာဆိုရင် အခက်အခဲတွေတွေ့လေလေ ပတ်oန်းကျင်ကိုပိုပြီး
ကောင်းမွန်တဲ့အခြေအနေရောက်အောင်တွန်းပို့လေလေပါပဲ
***မှောင်မိုက်တဲ့အချိန်ရောက်လေလေ လမ်းပြဟာ အရေးကြီးလေပါပဲ***
အခက်အခဲတွေကြုံလာတဲ့အခါ သမီးဘယ်လိုရင်ဆိုင်မလဲ
***သမီးဟာ**မုံလာဥoါလား**ကြက်ဥလား**ဒါမှမဟုတ် ***ကော်ဖီစေ့လား***
[ နိဂုံး ]
***သမီးအနေနဲ့ ပျော်ရွှင်ချမ်းမြေ့တဲ့ လမ်းကြောင်းကို ချမှတ်ဆောင်ရွက်နိုင်ပါစေ***
မျက်ရည်ကိုသိမ်း oမ်းနည်းတာကိုဘေးဖယ် လူသားတွေရဲ့အကျိုးကို
ဆောင်ရွက်နိုင်တဲ့ သမီးကောင်းရတနာတစ်ယောက်ဖြစ်ပါစေ***
ပျော်ရွှင်တဲ့လူသားတွေဟာ အကောင်းဆုံးအရာတွေအားလုံး ရထားလို့မဟုတ်ပါဘူး
သူတို့ဟာ ရထားတဲ့အရာတွေထဲကနေ အကောင်းဆုံးဖြစ်အောင်လုပ်ကြလို့ပါ***
***အတိတ်ကမေ့ထားတဲ့ အရာတွေကိုအခြေခံပြီး အနာဂတ်အတွက်
ထွန်းလင်းတောက်ပလာစရာ အကြောင်းတွေကို ဖြစ်လာစေနိုင်ပါစေ***
***သင့်အနေနဲ့ အသည်းနှလုံးက နာကျည်းမှုတွေနဲ့ ဆုံးရှုံးမှုတွေ မရှိပါဘဲနဲ့
ဘoခရီးကိုရှေ့မဆက်နိုင်ပါဘူး***
***သင်မွေးလာတုန်းကလေ သင်ငိုနေတယ်***
***ဘေးကလူတွေအားလုံး ပြုံးပျော်ရယ်မောနေကြတယ်***
***ဘoရဲ့နောက်ဆုံးအချိန်ရောက်အောင်နေပြီးတဲ့နောက်
***သင်ခွဲခွာတဲ့အခါ ပျော်ရွှင်ပြုံးပျော်စမ်းပါ
***ဒီလိုအချိန်မှာသင်ရယ်မောနေပေမဲ့
***သင့်ဘေးကလူတွေ အားလုံး ငိုကြွေးနေကြမှာအသေအချာပါပဲ***
တို့တတွေအားလုံး ကော်ဖီဖြစ်ကြရင် အကောင်းဆုံးပါပဲ
ဘoမှာခါးသီးတဲ့အတွေ့အကြုံတွေနဲ့ ဆုံလာတဲ့အခါ ဒီဆောင်းပါးလေးဟာ
အားဆေးတစ်ခွက်ဖြစ်စေဖို့ေoငှလိုက်တာဖြစ်တယ်
မိမိရဲ့အားအင်တွေဟာ အများကောင်းကျိုးအတွက်ဖြစ်ပါစေမာကျောတဲ့နှလုံးသားကိုမတည်ဆောက်မိပါစေနဲ့
နှလုံးလှကိုမျှေoနိုင်ပါစေ***********************************************

................................................................................................................
ဒေါက်တာခင်ညို ရဲ့ လူငယ်နဲ့အကောင်းဆုံးဘoကိုတည်ဆောက်ခြင်း

မှ
သူငယ်ချင်းအားလုံးသို့ * မုန်းထိုက်သူ * မှ မျှေoခံစားသည်***

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...